Gym ကစားတာက Bodybuilding အတွက်သာမက စိတ်ပိုင်း/ရုပ်ပိုင်း ကျန်းမာရေးအရပါ အကျိုးများစေတယ်ဆိုတာ လူတိုင်းသိပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် Gym ကို တကူးတက သွားဖို့ အချိန်မရှိသူတွေ ၊ မအားမလပ်သူတွေကတော့ အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကျန်းမာကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းလို့ ရနိုင်ပါတယ်။ အခုပြောပြပေးမှာကတော့ Gym သွားစရာမလိုပဲ အိမ်မှာပဲ ပြုလုပ်လို့ရမယ့် လေ့ကျင့်ခန်း တွေ ဖြစ်ပါတယ်။

(၁) Crunches

Photo : Man Matters

ဝမ်းဗိုက်အဆီ ကျချင်သူတွေ နဲ့ 6-Pack ကြွက်သား ထွက်ချင်တဲ့သူတွေကတော့ Crunches လေ့ကျင့်ခန်းကို ကစားနိုင်ပါတယ်။ Crunches လေ့ကျင့်ခန်းက လူတိုင်းသိတဲ့ ဘယ်လီရိုက်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကျောတခင်းစာ နေရာအကျယ်အဝန်း ရှိရင်ပဲ ဒီလေ့ကျင့်ခန်းကို ကစားလို့ရပါပြီ။

(၂) Plank

Photo : Men’s Journal

အိမ်ထဲမှာပဲ အလွယ်ကူဆုံး ကစားလို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုကတော့ Plank ထောက်လေ့ကျင့်ခန်းလို့ ခေါ်တဲ့ တံတောင်ထောက်တဲ့ လေ့ကျင့်ခန်းပါ။ ဒီလေ့ကျင့်ခန်းက အဓိကအားဖြင့် ဝမ်းဗိုက်ကြွက်သား ၊ ပေါင်နဲ့ပုခုံး ကြွက်သားတွေပါ သန်မာစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ကိုယ်နေဟန်ထားကိုလည်း မှန်ကန်စေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) Warrior II

Photo : Man of Many

လွယ်ကူရိုးရှင်းပြီး ယောဂဖျာတစ်ချပ် ရှိရုံနဲ့ ပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ တင်ပါးနဲ့ ရင်ဘတ်တွေကို ဖွင့်ထားပြီး ခြေလက်တွေကို ဆန့်တန်းကာ ပြုလုပ်ရမှာပါ။ ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်ရဲ့ အကြောအချဉ်တွေ ပြောလျော့ပြီး ပေါ့ပါးသွက်လက်စေမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကိုရစေမယ့် အထိရောက်ဆုံး ယောဂလေ့ကျင့်ခန်း တစ်ခုလည်း ဖြစ်ပါတယ်။

(၄) Push Up

Photo : Skill Yoga – Blog

Push Up လို့ခေါ်တဲ့ ဒိုက်ထိုး လေ့ကျင့်ခန်းကတော့ လူတိုင်းနဲ့ ရင်းနှီးပြီးသားပါ။ နေ့စဉ်ပုံမှန် ဒိုက်ထိုးရုံနဲ့ ရင်အုပ်နဲ့ပုခုံး ၊ လက်ပြင်ကြွက်သားတွေရဲ့ ဖွဲ့စည်းပုံကို လှလာစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက စနစ်ကျတဲ့ ဒိုက်ထိုးနည်းနဲ့ ဒိုက်ထိုးဖို့တော့ လိုပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းဟာ မည်သည့် အားကစားအကူ ကိရိယာပစ္စည်းမှ မလိုဘဲ အရိုးရှင်းဆုံး ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

Featured Photo : Muscle & Fitness