မျက်နှာကျ ဝိုင်းတဲ့ယောကျာ်းများအတွက် အလိုက်ဖက်ဆုံး ဆံပင်စတိုင်လ်ကို ဖန်တီးယူဖို့ဆိုရင် သေသေချာချာ စဉ်းစားဆုံးဖြတ်လို့လိုအပ်ပါတယ်။ ကျွမ်းကျင်ဆံသဆရာများပင်လည်း မျက်နှာဝိုင်းသူတွေအတွက် သူတို့နဲ့ လိုက်ဖက်မယ့် ဆံပင်ပုံစံကို ဖန်တီးရတာ အနည်းငယ် အခက်အခဲရှိတယ်လို့ ဝန်ခံထားကြပါတယ်။

ကိုယ့်မျက်နှာကျနဲ့ မလိုက်ဖက်တဲ့ ဆံပင်ကေကို ညှပ်မလိုက်တဲ့အခါ သင့်ရဲ့ဖက်ရှင်သည် သင့်ကို ဆွဲဆောင်မှု လျော့ပါးစေပါတယ်။ ဒီလိုဆွဲဆောင်မှု မလျော့သွားရလေအောင် အခုဖော်ပြပေးမယ့် ဆံပင်စတိုင်လ်များကို ဦးစားပေး ညှပ်ယူနိုင်ပါတယ်။

hairstyles for men with round face shape

ဒီဆံပင်စတိုင်လ်များကတော့ မျက်နှာကျဝိုင်းသော ယောကျာ်းများနဲ့ အလိုက်ဖက်ဆုံး ဆံပင်စတိုင်လ်များပဲဖြစ်ပါတယ်။

ဆံပင်ကို အရှေ့တစ်ပိုင်းပဲ ခပ်ရှည်ရှည်ထားပြီး ဘေးဘက်သို့ လှန်ဖြီးထားတဲ့ ဆံပင်စတိုင်လ်

hairstyles for men with round face shape

အချွန်အတက်များဖြင့် သေချာပုံသွင်းထားတဲ့ ဆံပင်စတိုင်လ်ကို သဘောကျတာလား

hairstyles for men with round face shape

စမတ်ကျကျ ဖက်ရှင်ကို ဖန်တီးချင်တယ်ဆိုရင်တော့ ဆံပင်ခပ်တိုတိုကိုမှ ဘေးဘက်သို့လှန်ဖြီးထားတဲ့ ဆံပင်စတိုင်လ်မျိုး ညှပ်ယူပါ

hairstyles for men with round face shape

ဘေးနှစ်ဖက်ကို အပြောင်ရိတ်ထားပြီး အလယ်တွင် ထောင်ထားတဲ့ ဆံပင်ကေ

hairstyles for men with round face shape

ဆံပင်အုံထူထူနဲ့ သေသေချာချာပုံသွင်းထားတဲ့ ဆံပင်စတိုင်လ်

hairstyles for men with round face shape

မတိုမရှည်ဆံပင်စတိုင်လ်ကိုမှ ကပိုကရိုပုံစံ ဖြီးလိမ်းပြင်ဆင်ထားတဲ့ ဆံပင်

hairstyles for men with round face shape

ညှို့ငင်အားကောင်းစေမယ့် အနောက်သို့လှန်ဖြီးထားတဲ့ စတိုင်လ်

hairstyles for men with round face shape

ဘေးခွဲကိုမှ အနားသားလေးတွေ ကောက်ထားတဲ့ ဆံပင်စတိုင်လ်

hairstyles for men with round face shape

အနောက်သို့လှန်ဖြီးထားတဲ့ ဆံပင်မထူမပါးစတိုင်လ်

hairstyles for men with round face shape

မျက်နှာကျဝိုင်းမှန်း မသိသာစေတဲ့ ဆံပင်စတိုင်လ်

hairstyles for men with round face shape

ဒီဆံပင်ကေများသည် မျက်နှာကျဝိုင်းသော အမျိုးသားများနဲ့ အလိုက်ဖက်ဆုံး ဆံပင်စတိုင်လ်များပဲဖြစ်ပါတယ်။ သင့်အကြိုက်ဆုံး ဆံပင်စတိုင်လ်ကရော ဘယ်ပုံလေးဖြစ်မလဲ။

Source: Menshairstylestoday.com

Featured Image Source : The Trend Spotter