အောက်တိုဘာ ၃၁ ရက်နေ့မှာ ကျရောက်မယ့် ပျော်ရွှင်စရာ Halloween ပါတီ အတွက် အလန်းစား ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ကော့လ်တေး နာမည်လေးကတော့ Vampire’s Kiss ကော့လ်တေးလို့ ခေါ်ပါတယ်။ Vampire’s Kiss ကော့လ်တေးဆိုတာကတော့ ဗော့ဒ်ကာ ၊ ရက်စ်ဘယ်ရီဖျော်ရည်တို့နဲ့ အဓိက ဖျော်စပ်တဲ့ အနီရောင်တောက်တောက် သွေးနီရောင် ဗော့ဒ်ကာ Martini ဖြစ်ပြီး မီးခိုးငွေ့လေးတွေနဲ့ လှပစွာ အလှဆင်ထားပါတယ်။

Photo : A Couple Cooks

ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ ဗော့ဒ်ကာ ၊ ရက်စ်ဘယ်ရီ Liqueur ၊ ရာနှုန်းပြည့် Cranberry Juice ၊ သံပုရာရည် ၊ Grenadine ( သလဲသီး အရသာ Syrup) နဲ့ ရေခဲခြောက်တို့ အဓိက လိုအပ်ပါတယ်။ Ingredients တွေနည်းနည်းများပေမယ့် ဖျော်စပ်နည်းကအရမ်းကို ရိုးရှင်းပြီး လှပတဲ့ Smoke တွေအတွက် ရေခဲခြောက်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Halloween ပါတီမှာ တည်ခင်းဖို့ အလိုက်ဖက်ဆုံး Vampire’s Kiss ကော့လ်တေး ဖျော်စပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး ပန်းကန်ပြားတစ်ချပ်ပေါ်မှာ သကြားမှုန့်အနည်းငယ် ထည့်ပါ။ နောက်ထပ် ပန်းကန်ပြားတစ်ချပ်ပေါ်မှာ Grenadine အနည်းငယ်ထည့်ပါ။ ပြီးတဲ့အခါ ကော့လ်တေး ဖန်ခွက်ရဲ့ နှုတ်ခမ်းဝကို သကြားမှုန့်လေးတွေနဲ့အလှဆင်ဖို့ Grenadine အနည်းငယ်တို့ပြီး သကြားမှုန့်လေးတွေ ကပ်ပေးပါ။ နောက်တစ်ဆင့်အနေနဲ့ကတော့ ကော့လ်တေး Shaker ထဲကို ဗော့ဒ်ကာ ၁ အောင်စ ၊ ရက်စ်ဘယ်ရီဖျော်ရည် ၁ အောင်စ ၊ အချိုမပါတဲ့ Cranberry Juice အောင်စဝက် ၊ သံပုရာရည် အောင်စဝက် ၊ Grenadine အောင်စဝက်တို့ကို ရောထည့်ပြီး ရေခဲ ၂ တုံးခန့်ထည့်ကာ အေးခဲလာတဲ့အထိ ရှိတ်ပေးပါ။ ၁ လက်မ ၂ လက်မခန့် လှီးဖြတ်ထားတဲ့ ရေခဲခြောက်အတုံးလေးတွေကို ကော့လ်တေး ဖန်ခွက်ထဲထည့်ပြီး အပေါ်က ရှိတ်ထားတဲ့ ကော့လ်တေး ဖျော်ရည်လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ မီးခိုးငွေ့လေးတွေနဲ့ လှပတဲ့ Vampire’s Kiss ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးလို့ရပါပြီ။

Featured Photo : Bullock’s Buzz