ဟောလိုးဝင်း ပါတီပွဲ ကို ဂိမ်း ဆော့ရင်း ပျော်ပျော်ပါးပါး ဖြတ်သန်းချင်ကြတဲ့ ကွီးတို့အတွက် အလန်းစား ပါတီဂိမ်းများအကြောင်း ဝေမျှပေးချင်ပါတယ်။ ဟောလိုးဝင်း ပါတီပွဲ မှာ အယ်လ်ကိုဟော ဖျော်ရည်လေးသောက်လိုက်၊ အမြည်းလေးစားလိုက်၊ ဂိမ်း လေးဆော့လိုက်ဖြင့် အချိန်ကုန်လို့ ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး။

ဟောလိုးဝင်း ပါတီပွဲ များနှင့် လိုက်ဖက်တဲ့ ပါတီ ဂိမ်း များက ဘယ်လိုဂိမ်းမျိုးဖြစ်မလဲ။

နဖူးပေါ်မှာ စာရွက်ကပ်ထားပြီး ခန့်မှန်းရတဲ့ ဂိမ်း

game for halloween

ပါတီပွဲမှာ သင် မသိတဲ့ သူအများကြီးနဲ့ ကြုံတွေ့ရကောင်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီဂိမ်းကတော့ သူစိမ်းများအချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးလာအောင် ကူညီပေးမယ့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းအချင်းချင်းပဲ ပြုလုပ်ကြတဲ့ ပါတီပွဲဆိုရင်တော့ ကိုယ့်အချင်းချင်း အကြောင်းစုံ သိထားတဲ့အတွက်ကြောင့် ပိုပျော်ဖို့ကောင်းမှာပါ။

ဒီဂိမ်းကတော့ ပုံထဲကအတိုင်း သင့်နဖူးပေါ်မှာ စာရွက်ကပ်ထားပြီး ထိုစာရွက်ပေါ်မှာ ရေးထားတဲ့အရာကို သင့်သူငယ်ချင်းများက သဲလွန်စပေးမှာဖြစ်ပါတယ်။ သင့်နဖူးပေါ်မှာ ကပ်ထားတဲ့အရာကို မှန်အောင် ခန့်မှန်းနိုင်ရင်တော့ သင့်အဖွဲ့သားတွေက အမှတ်တစ်မှတ်ရရှိမှာပါ။ အမှတ်အများဆုံး အသင်းက အနိုင်ရမှာဖြစ်ပြီး ရှုံးတဲ့အသင်းက နိုင်တဲ့အသင်းကလူတွေ ခိုင်းတာလုပ်ရမှာ ဖြစ်ပါတယ်။

စုံထောက်ကစားနည်း

game for halloween

ပါတီအပြင်အဆင်ကို ဟောလိုးဝင်းပုံစံ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ထို့နောက် ပျောက်ဆုံးနေတဲ့အရာတစ်ခုခုကို သတ်မှတ်ချိန်အတွင်း အမြန်ဆုံးတွေ့အောင် ရှာဖွေရမှာမယ့် ဂိမ်းပဲဖြစ်ပါတယ်။ ဒီ့ထက် စိတ်ဝင်စားဖို့ကောင်းအောင် ဖန်တီးချင်တယ်ဆိုရင် နစ်နာသူနှင့် ကျူးလွန်သူ ဇာတ်ကောင်နှစ်ကောင်ကို ဖန်တီးလိုက်ပါ။ ပါတီလာတက်သူများထဲက ဘယ်သူက ကျူးလွန်သူ ဇာတ်ကောင်လဲဆိုတာကို စုံထောက်များက မှန်အောင် ခန့်မှန်းရမှာပဲဖြစ်ပါတယ်။

ပန်းသီးများကို ကိုက်ချီတဲ့ဂိမ်း

ဟောလိုးဝင်း ဂိမ်း

စားပွဲများကို ဟိုဘက်မှာ တစ်ခု၊ ခပ်လှမ်းလှမ်းတစ်နေရာမှာ တစ်ခု ထားထားလိုက်ပါ။ စားပွဲပေါ်မှာ ရေဇလုံတင်ထားပြီး ထိုရေထဲတွင် ပန်းသီးများ ထည့်ထားလိုက်ပါ။ ကစားမယ့်သူတွေက ဒီဘက်က ပန်းသီးကို ဟိုဘက်စားပွဲက ရေဇလုံထဲ သွားထည့်ရမှာပဲဖြစ်ပါတယ်။ အမြန်ဆုံး ပြောင်းထည့်နိုင်တဲ့ အသင်းက အနိုင်ရမှာဖြစ်ပါတယ်။

မျက်လုံးများကို ရှာဖွေပါ

ဟောလိုးဝင်း ဂိမ်း

အဖြူရောင်ဘောလုံးများပေါ်မှာ မျက်ဆံတစ်ခုစီ တပ်ထားပြီးနောက် အိမ်ထဲ (သို့) ခြံထဲမှာ ဖွက်ထားလိုက်ပါ။ ပါတီပွဲလာသူများက အသင်းအလိုက် အဖွဲ့များ ခွဲထားပြီး အမြန်ဆုံး ရှာတွေ့တဲ့အသင်းက အနိုင်ရမှာ ဖြစ်ပါတယ်။

ပလပ်စတစ်ခွက်များကို မှောက်တမ်း ကစားနည်း

ဟောလိုးဝင်း ဂိမ်း

ဒီကစားနည်းကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားကစားနည်းတစ်ခု ဖြစ်ပါလိမ့်မယ်။ အရင်ဦးဆုံး ခွက်များကို တစ်ဆင့်ချင်း တစ်တန်းချင်းစီ စီထားလိုက်ပါ။ မိမိစိတ်ကြိုက် မြင့်နိုင်သလောက် ခပ်မြင့်မြင့် စီထားနိုင်ပါတယ်။ အားလုံးပြီးအောင် စီပြီးသွားတဲ့အခါ ခွက်များကို မပြိုကျစေဘဲ တစ်ခုချင်းစီ ပြန်ဖယ်ထုတ်ရမှာဖြစ်ပါတယ်။ ခွက်များအားလုံး ပြိုကျသွားအောင် ပြုလုပ်တဲ့အသင်းက ရှုံးသွားမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ဟောလိုးဝင်း ပါတီပွဲ မှာ ဘယ်လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ပါတီ ဂိမ်းများကို ဆော့ကစားဖို့ စဥ်းစားထားကြပါသလဲ။

Source: Countryliving

Featured Image: Thecuddl