Hanky Panky ကော့လ်တေးက ချိုမြိန်သော အရသာရှိပြီး စွဲမက်ဖွယ်ကောင်းတဲ့ ကြည်နူးဖွယ် ကော့လ်တေးတစ်ခု ဖြစ်ပါတယ်။ ဒီကော့လ်တေးကို ၁၉၀၃ ခုနှစ်မှ ၁၉၂၃ ခုနှစ်အတွင်း လန်ဒန် Savoy Hotel ရှိ American Bar တွင် Ada “Coley” Coleman မှ ဖန်တီးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျင်နဲ့ Sweet Vermouth တို့ ပေါင်းစပ်ပြီး ချိုမြန်တဲ့ ဒီ Hanky Panky ကော့လ်တေး တစ်ခွက် ဖျော်စပ်နည်းလေးကို ကော့လ်တေး ကြိုက်တဲ့ ညီအစ်ကိုတို့အတွက် ဝေမျှချင်ပါတယ်။

အရင်ဆုံးကော့လ်တေး ဖျော်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ကြည့်လိုက်ရအောင်။

Hanky Panky

Photo : The Spruce Eats
(၁) ဂျင် ၁.၅ အောင်စ
(၂) Sweet Vermouth ၁.၅ အောင်စ
(၃) Fernet-Brancab ပမာဏ အနည်းငယ်
(၄) လိမ္မော်ရည် အနည်းငယ်
(၅) ရေခဲများ
(၆) အလှဆင်ရန်အတွက် လိမ္မော်ခွံ စသည်တို့ လိုအပ်ပါတယ်။

ဒီကော့လ်တေးမှာ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Sweet Vermouth ဆိုတာကတော့ ဆေးဖက်ဝင် အပင်များပါဝင်ပြီး အနံ့ အရသာရှိသော ဝိုင်တစ်မျိုး ဖြစ်ပါတယ်။ ၁၉ ရာစုနှောင်းပိုင်းတွင်၊ ကော့တေးများ အတွက် အဓိကပါဝင်ပစ္စည်းအဖြစ် Bartenders များအကြား ရေပန်းစားလာခဲ့ပြီး အသုံးပြုလာခဲ့ပါတယ်။ နောက်ထပ်ပါဝင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ Fernet-Brancab က အီတလီအမှတ်တံဆိပ် တစ်ခုဖြစ်ပြီး ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များစွာဖြင့် ပြုလုပ်ထားပြီး အယ်လ်ကိုဟော ၃၉ ရာခိုင်နှုန်းခန့် ပါဝင်သော ခါးတဲ့အရသာကို ပေးစွမ်းတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ ဒီပါဝင်ပစ္စည်း နှစ်မျိုးလုံးက Hanky Panky ကော့လ်တေးကို ပိုမိုကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းတွေလည်း စုံပြီဆိုတော့ ကော့လ်တေး ဖျော်စပ်ဖို့ အဆင့်သင့် ဖြစ်ပါပြီ။ ကော့လ်တေး ဖျော်စပ်နည်းလေးကတော့

(၁) ပါဝင်ပစ္စည်းများကို တစ်နေရာတည်းမှာ စုလိုက်ပါ။

Hanky Panky

Photo : The Spruce Eats

(၂) ထို့နောက် ဖန်ခွက်တစ်ခုထဲသို့ ရေခဲများဖြင့် ဖြည့်လိုက်ပါ။ ထို ဖန်ခွက်ထဲသို့ ဂျင်၊ Sweet Vermouth နဲ့ Fernet-Branca တို့ကိုလောင်းထည့်လိုက်ပါ။ လိမ္မော်ရည်အနည်းငယ်ကို ကွီးတို့ ကြိုက်လျှင်ထည့်နိုင်ပါတယ်။ ပြီးလျှင် အနည်းဆုံး စက္ကန့် ၃၀ ခန့်မွှေပေးပါ။

cocktail

Photo : The Spruce Eats

(၃) ပြီးလျှင် ကွီးတို့စိတ်ကြိုက် ကော့လ်တေးဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ ထည့်မဲ့ကော့လ်တေး ဖန်ခွက်ကို ရေခဲသေတ္တာထဲတွင် အအေးခံထားပါက ပိုပြီး ကော့လ်တေးရဲ့ အေးမြမှုကို ထိန်းသိမ်းထားနိုင်ပါတယ်။

cocktail

Photo : The Spruce Eats

နောက်ဆုံးအနေဖြင့် အဆင်သင့်ပြင်ထားသော လိမ္မော်ခွံနဲ့ အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ မမရဲ့ အချစ်တွေလို ချိုမြိန်အေးမြတဲ့ Hanky Panky ကော့လ်တေး တစ်ခွက် သုံးဆောင်ဖို့ အဆင်သင့် ဖြစ်ပါပြီ။

ဒီကော့လ်တေးကို ကွီးတို့ရဲ့ ညစာစားပွဲတွေမှာ တည့်ခင်းဧည့်ခံလို့လည်း အဆင်ပြေသလို၊ ကွီးတို့အားလပ်ချိန်မှာ မြည်းစမ်း ဖျော်စပ်သုံးဆောင်လို့ကောင်းတဲ့ ကော့လ်တေးပဲ ဖြစ်ပါတယ်။

Source : The Spruce Eats

Featured Photo : Cocktail Society