ကြက်တောင်ရိုက်အားကစား ဆော့ကစားခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။ ကြက်တောင်ရိုက်တဲ့အခါ ခန္ဓာကိုယ်လှုပ်ရှားမှုကလည်း လျင်မြန်ရမှာဖြစ်သလို ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်သည်လည်း မြန်ဆန်ဖို့လိုအပ်ပါတယ်။

ကြက်တောင်ရိုက်ခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကတော့ အံ့မခန်းနိုင်အောင် များပြားလှပါတယ်။ သင့်အနေနဲ့ ထိုအကျိုးကျေးဇူးတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဆက်လက်လေ့လာဖတ်ရှုနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျအောင် ကူညီပေးခြင်း

Health Benefits of Playing Batminton for men

ကိုယ်လက်လှုပ်ရှားမှု အများအပြားပြုလုပ်ရတဲ့ အားကစားတစ်ခုဖြစ်တာကြောင့် ခန္ဓာကိုယ်ရှိ အဆီပိုများကို လောင်ကျွမ်းစေပြီး ဝိတ်ကျစေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဝိတ်ကျဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ကြက်တောင်ရိုက်အားကစားကို ပြုလုပ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း

Health Benefits of Playing Batminton for men

ကြက်တောင်ရိုက်နေစဉ်မှာ နှလုံးခုန်နှုန်းကို မြန်ဆန်စေတဲ့အတွက်ကြောင့် နှလုံးကြွက်သားများ သန်မာလာအောင် ကူညီပေးပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောနံရံများ သွေးခဲခြင်းကို ကာကွယ်ပေးပြီး သွေးလှည့်ပတ်စီးဆင်းမှု ကောင်းမွန်အောင် ကူညီပေးပါတယ်။ ဒါတင်မကသေးပါဘူး။ သွေးတိုးရောဂါကိုလည်း လျော့ချပေးနိုင်တာကြောင့် ပေါ့ပေါ့ပါးပါး ဆော့ကစားနိုင်တဲ့ အားကစားတစ်ခုပဲဖြစ်ပါတယ်။

အရိုးအဆစ်များကို ကြံ့ခိုင်စေခြင်း

Health Benefits of Playing Batminton for men

ကြက်တောင်ရိုက်ခြင်းကို ပုံမှန်ဆော့ကစားပေးပါက အရိုးအဆစ်များကို သန်မာစေပြီး ဒူးနာခြင်း၊ အဆစ်အမြစ်များ နာကျင်ရောင်ရမ်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ကယ်လ်စီယမ်များကို တိုးပွားလာအောင် ကူညီပေးတဲ့အတွက်ကြောင့် အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်တာဖြစ်ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်း မြင့်မားစေခြင်း

Health Benefits of Playing Batminton for men

ကြက်တောင်ရိုက်တဲ့အခါ သေသေချာချာအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ တစ်ဖက်ကစားသမားရဲ့ တုန့်ပြန်မှုက ပိုမိုမြန်ဆန်လာလေ ကိုယ်က ပိုမိုအာရုံစူးစိုက်ရလေပါပဲ။ ဒီလိုမြန်ဆန်တဲ့ တုန့်ပြန်မှုကို သေသေချာချာအာရုံစိုက်မှသာလျှင် ကိုယ့်ဘက်က အရှုံးမရှိဘဲ ဆော့ကစားနိုင်မှာပါ။

စိတ်ဖိစီးမှုကို လျော့ကျစေခြင်း

Health Benefits of Playing Batminton for men

စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲရောဂါတွေကတော့ နှလုံးရောဂါ ခံစားရခြင်းနဲ့ သွေးတိုးရောဂါ ခံစားရခြင်းတို့ပဲဖြစ်ပါတယ်။ ကြက်တောင်ရိုက်ခြင်းကို ၁၅ မိနစ်ခန့် ဆော့ကစားပေးရုံမျှဖြင့် စိတ်ဖိစီးမှုကို လျော့ချနိုင်ပြီး နောက်ဆက်တွဲရောဂါများကိုလည်း ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

သက်လုံကောင်းစေခြင်း

man sleeping

ကြက်တောင်ရိုက်ခြင်းသည် သင့်ကို မောပန်းနွမ်းနယ်စေမှာပါ။ ဒါပေမဲ့ တဖြည်းဖြည်းအသားကျလာတဲ့အခါမှာတော့ သင့်ခန္ဓာကိုယ်သည် အမောခံနိုင်လာမှာဖြစ်ပြီး ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီပေးပါလိမ့်မယ်။ ညဘက်မှာ အိပ်စက်ဖို့ ခက်ခဲသူများအနေနဲ့ ကြက်တောင်ရိုက်ခြင်းကို ဆော့ကစားပေးနိုင်ပါတယ်။

Source: Blog.decathlon.in

Featured Image Source: Freepik,com