မိုးလုံလေလုံ အားကစားခန်းမထဲမှာပဲ ကစား ကစား၊ ပင်လယ်ကမ်းခြေမှာပဲ ကစား ကစား၊ မြက်ခင်းပြင်မှာပဲ ကစား၊ ဘယ်နေရာမှာပဲ ကစားပါစေ ဘော်လီဘောကစားခြင်းသည် သင့်ခန္ဓာကိုယ်ကို ကျန်းမာစေပြီး ရောဂါဘယကင်းဝေးအောင် ကူညီပေးနိုင်ပါတယ်။ ဘော်လီဘောကစားရတာ ကြိုက်နှစ်သက်တဲ့ ယောကျာ်းများအတွက်တော့ အဝလွန်ရောဂါဆိုတာ ပြတိုက်ထဲမှာ သွားကြည့်ရမှာပါ။

သင်သည်လည်း ဘော်လီဘောကစားခြင်းကို ကြိုက်နှစ်သက်သူများထဲကတစ်ယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများက သင့်အတွက်ပါပဲ။

အဆီပိုများကို လောင်ကျွမ်းစေခြင်း

fat man and unhealthy lifestyle

ဘော်လီဘောကစားခြင်းသည် ကယ်လိုရီများကို လောင်ကျွမ်းစေပြီး အဆီပိုများကို ဖယ်ရှားပေးပါတယ်။ ဟားဗက်ဒ်ဆေးကျောင်းက တင်ပြထားတဲ့ လေ့လာချက်အရ နာရီဝက်ခန့် အပျော်တမ်းဘော်လီဘော ဆော့ကစားခြင်းသည် ကယ်လိုရီ ၉၀ မှ ၁၃၃ ကယ်လိုရီအထိ လောင်ကျွမ်းစေတယ်လို့ သိရှိရပါတယ်။

ခန္ဓာကိုယ် ကျစ်လျစ်စေခြင်း

fit man and healthy lifestyle

ဘော်လီဘောကစားခြင်းသည် ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများ၊ လက်မောင်းကြွက်သားများ၊ ပုခုံးကြွက်သားများကို သန်မာစေရုံသာမက ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားများကိုလည်း ကျစ်လျစ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အသက်ရှူစနစ်ကိုလည်း ကောင်းမွန်စေပါသေးတယ်။

လက်ရဲ့လှုပ်ရှားမှုနဲ့ မျက်လုံးရဲ့လှုပ်ရှားမှုကို ဟန်ချက်ညီစေခြင်း

man playing volleyball; healthy lifestyle

ဘော်လီဘောကစားခြင်းသည် လက်နဲ့ မျက်လုံးရဲ့ဟန်ချက်ညီညီ ကစားတတ်ဖို့လိုပါတယ်။ ဘောလုံးပစ်လိုက်ပြီဆိုတာနဲ့ ထိုဘောလုံး ဘယ်ရောက်သွားလဲဆိုတာကို မျက်ခြည်မပြတ် လိုက်ကြည့်နေရပြီး ကိုယ့်ဆီဘောလုံးရောက်လာတဲ့အခါ လက်ကလည်း အဆင်သင့်ဖြစ်နေအောင် စောင့်ရပါတယ်။

နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်စေခြင်း

healthy heart with healthy lifestyle

ဘော်လီဘောကစားတဲ့အခါ နှလုံးခုန်နှုန်း မြန်လာပြီး သင့်ခန္ဓာကိုယ်သည်လည်း သွေးများများ လှည့်ပတ်စီးဆင်းရပါတယ်။ ထိုမှတဆင့် ခန္ဓာကိုယ်အနှံ့ လိုအပ်သောအာဟာရများကို ပို့ဆောင်ပေးပြီး ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာအောင် ကူညီပေးပါတယ်။

အသင်းအဖွဲ့စိတ်ဓာတ် အားကောင်းလာခြင်း

team volleyball and sport lifestyle

ဘော်လီဘောကစားခြင်းသည် လျင်မြန်သွက်လက်ဖို့လည်း လိုအပ်သလို အဖွဲ့အစည်းနဲ့ အပေးအယူမျှဖို့လည်း လိုအပ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ ဇွန်လက ပြုလုပ်ထားတဲ့ လေ့လာချက်များအရ အဖွ့ဲလိုက်အားကစားများကို ဆော့ကစားသော ယောကျာ်းများသည် တစ်ယောက်တည်း အားကစားပြုလုပ်သော ယောကျာ်းများထက် လူမှုဆက်ဆံရေးပိုကောင်းပြီး အဖွဲ့အစည်းနဲ့ ပိုမိုလုပ်ဆောင်တတ်ကြကြောင်း လေ့လာတွေ့ရှိရပါတယ်။

ဒါ့အပြင် ဘော်လီဘောကစားခြင်းသည် စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုကိုလည်း တိုးမြှင့်ပေးတဲ့အပြင် ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်အောင်လည်း ကူညီပေးပါတယ်။

Source: Healthfitnessrevolution.com