တစ်နေ့တာ ရုန်းကန်လှုပ်ရှားဖို့အတွက် လုံလောက်တဲ့ ကယ်လိုရီနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါမက စိတ်ကျန်းမာရေးအတွက်ပါ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လေး ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
တစ်ချို့လူတွေက လေ့ကျင့်ခန်းမလုပ်ခင် ဘာအစားအသောက်မှမစားပဲ နေတက်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ခင် အဆာပြေသဘောလောက်သာ စားပေးသင့်ပါတယ်။

Source: lumo bodytech
သင့်တော်တဲ့ အစားအသောက်ကို ရွေးချယ်မှ အထောက်အကူဖြစ်ပါလိမ့်မယ်။ လေ့ကျင့်ခန်းမစမှီ ခန္ဓာကိုယ်မှာ ရေဓါတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေကတော့ လေ့ကျင့်ခန်းမလုပ်မီ ရေ ၅၀၀ မီလီလီတာ (ရေသန့်ဗူးကြီးတစ်ဝက်) လောက် သောက်ထားသင့်တယ်လို့ အကြံပေးထားပါတယ်။
လေ့ကျင့်ခန်းမလုပ်ခင် စားသင့်တဲ့ အစားအစာများ

Source: Healthline
အဆီဓါတ်ပါဝင်မှု နည်းတဲ့ အစားအစာ အစားအသောက်တွေက အသားဓါတ်နဲ့ ကစီဓါတ်ကို ပြည့်ဝစေနိုင်ပါတယ်။ ကစီဓါတ်က စွမ်းအင်ပေးပါတယ်။ အသားဓါတ်ကတော့ ကြွက်သားတည်ဆောက်မှုမှာ အရေးပါပါတယ်။
ဒီအစားအသောက်လေးတွေ စမ်းစားကြည့်ပါ
⦁ မုယောစပါးနဲ့ သစ်ဂျပိုး၊ ဘယ်ရီသီးများ၊ ချယ်ရီသီးများ
⦁ ဒိန်ချဉ်နဲ့ဖော်ထားတဲ့ သစ်သီးဖော်ရည်
⦁ တူရကီအသားညှပ်ပေါင်မုန့်
⦁ ဘီစကွတ်နှင့် ချီးစ်တစ်ပေါင်
⦁ ချီစ်းနှင့် ပန်းသီး၊ ငှက်ပျော်သီး
⦁ အစေ့အဆံနှင့် သစ်သီးခြောက်များ
လေ့ကျင့်ခန်းမလုပ်ခင် မစားသင့်တဲ့အရာများ

Source: Men’s Journal
အဆီများတာ ဒါမှမဟုတ် အမျှင်ဓါတ်များတဲ့ အစားအသောက်တွေက သင့်ဗိုက်နာခြင်းကို ဖြစ်စေနိုင်ပြီး လေ့ကျင့်ခန်းလုပ်ဖို့အတွက် စွမ်းအင်အများကြီး မရရှိတဲ့အတွက် သင်ခန္ဓာကိုယ် လေးလံထိုင်းမိုင်းနေနိုင်ပါတယ်။
