ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာနေမှ စိတ်သွားတိုင်းကိုယ်ပါပြီး အကြံအစည်ရှိသမျှကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့ရန်အတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားသုံးခြင်း၊ အိပ်ရေးဝဝ အိပ်စက်အနားယူခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းစတဲ့ အလေ့အကျင့်ကောင်းများကို မွေးမြူသင့်ပါတယ်။

တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်းပဲ အချို့အလေ့အကျင့်ကောင်းများကို အလွန်အကျွံ ပြုလုပ်မိပါကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ရေ အလွန်အကျွံ သောက်သုံးခြင်း

healthy habits for men

လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ခန္ဓာကိုယ် လုပ်ဆောင်ပုံခြင်းက မတူညီကြပါဘူး။ အချို့လူများကတော့ တစ်နေ့လျှင် ရေ ၈ ခွက်နှင့် အထက် သောက်သုံးသင့်ပြီး အချို့ကတော့ ရေ ၈ ခွက်အောက် သောက်သုံးသင့်ပါတယ်။ သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ရေပမာဏထက် ပိုသောက်သုံးမိပါက သင့်ရဲ့ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

မုန်လာဥနီကို အလွန်အကျွံ စားသုံးခြင်း

carrot and healthy habits for men

မုန်လာဥနီထဲမှာ ဗီတာမင်အေ ပါဝင်တဲ့အတွက်ကြောင့် မုန်လာဥနီစားသုံးပါက မျက်စိအားကောင်းစေပါတယ်။ ဒါပေမဲ့ မုန်လာဥနီ အလွန်အကျွံ စားသုံးပါက အသားအရေ မညီမညာဖြစ်တတ်တာကြောင့် အသားအရေဂရုစိုက်တဲ့ ယောကျာ်းများအတွက်တော့ ကောင်းတဲ့အမူအကျင့်မဟုတ်ပါဘူး။

အစာ စားပြီးတိုင်း သွားတိုက်ခြင်း

healthy habits for men, man brushing teeth

သွားများ ကျန်းမာကြံ့ခိုင်ဖို့ရန်အတွက် တစ်နေ့ နှစ်ကြိမ်ခန့် နေ့စဉ်သွားတိုက်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အစား စားပြီးတိုင်း သွားတိုက်စရာမလိုပါဘူး။ ထိုကဲ့သို့ သွားတိုက်ခြင်းက သင့်သွားကို ပျက်စီးစေပြီး သွားကြွေလွှာများကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် သွားတိုက်ချင်တယ်ဆိုရင်တောင်မှ အစားစားပြီးချိန် မိနစ် ၃၀ ခန့်ာကာမှ တိုက်သင့်ပါတယ်။

ထမင်းအစား သစ်သီးဖျော်ရည်ကို အစားထိုးသောက်သုံးခြင်း

healthy habits for men, smoothie vs meal

သစ်သီးဖျော်ရည်များ၊ Smoothie ဖျော်ရည်များသည် အရသာရှိကြပါတယ်။ ဒါပေမဲ့ ထိုဖျော်ရည်ထဲမှာ အသီး၊ ရေနှင့် နွားနို့ အများဆုံး ပါဝင်ကြပါတယ်။ ထိုအစားအစာ (၃) မျိုးတည်းနဲ့ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ အများအပြားသောက်သုံးပါက သွေးတွင်းသကြားဓာတ်မြင့်မားလာပြီး ဆီးချိုရောဂါ ခံစားရလာတတ်ပါတယ်။

နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းပြုလုပ်ခြင်း

healthy habits for men; man doing exercise

လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ သင့်ခန္ဓာကိုယ် ကြွက်သားများက အနားမရတော့ဘဲ ပင်ပန်းနွမ်းနယ်ကာ ကြွက်သားများ အားနည်းလာတတ်ပါတယ်။ ဒါ့ကြောင့် တစ်ပတ် ခုနစ်ရက်လုံး လေ့ကျင့်ခန်းမလုပ်ရဘဲ တစ်ပတ်လျှင် အနည်းဆုံးနှစ်ရက်ခန့်တော့ ခန္ဓာကိုယ်ကို အနားပေးသင့်ပါတယ်။

Source: Brightside.me