ပိန်တဲ့ယောကျ်ားလေးတွေအနေနဲ့ ကိုယ်အလေးချိန်တိုးစေဖို့ အစားအစာတွေကကူညီပေးနိုင်ပါတယ်။ အစားအစာတွေထဲမှာ တချို့သောအသီးအနှံတွေက ဝိတ်တက်ဖို့ကူညီပေးနိုင်ပါတယ်။

(၁) ငှက်ပျောသီး

hand holding banana

Source : Healthline

ငှက်ပျောသီးတွင် ပါဝင်သော အမျှင်ဓာတ် ၊ ပိုတက်စီယမ် နှင့် ဗီတာမင်စီတို့က ကယ်လိုရီ (၁၈၀) အထိရှိပါတယ်။ ဒါကြောင့် ငှက်ပျောသီးကိုပမာဏအများကြီးစားမယ်ဆိုရင် ကိုယ်အလေးချိန် ကျိန်းသေပေါက် တိုးလာမှာဖြစ်ပါတယ်။

(၂) သရက်သီး

mangos

Source : Message Magazine

သရက်သီးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အမျှင်ဓာတ်နှင့် ဗီတာမင်စီတို့ များစွာပါဝင်သော အသီးဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာသကြားဓာတ်လည်း အများအပြားပါဝင်နေပါတယ်။ ပမာဏ အများကြီးစားသုံးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် သရက်သီးကိုလည်း ဆင်ဆင်ခြင်ခြင် စားသုံးဖို့လိုအပ်ပါတယ်။

(၃) ချယ်ရီသီး

cherry fruit

Source: Health Magazine

အရည်ရွှမ်းပြီး အရသာရှိတဲ့ ချယ်ရီသီးကို လူတိုင်းနီးပါးနှစ်သက်ကြပါတယ်။ ပြီးတော့ သူ့မှာ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ဓာတ်တွေလည်း ပါဝင်နေပါသေးတယ်။ ဒါပေမယ့် သို့သော်လည်းချယ်ရီသီးမှာလည်း သကြားတွေ အများအပြားပါဝင်နေတာကြောင့် ကိုယ်တွင်း သကြားဓာတ်ကိုမြှင့်တတ်စေနိုင်ပါတယ်။

(၄) ထောပတ်သီး

man holding avocado

Source : Medical News Today

ထောပတ်သီးဟာ နို့လိုပဲ အဆီဓာတ်ပါသော အသီးတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသောမိုနိုအဆီများ ပါဝင်သော်လည်း ကယ်လိုရီဓာတ်လည်းများပြားစွာ ပါဝင်သည့် အသီးဖြစ်ပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူတွေအနေနဲ့ အဆီမတက်ခြင်းဘူးဆိုရင် ထောပတ်သီးကို ချင့်ချိန်ပြီးစားသုံးသင့်ပါတယ်။