Henry Cavill သည် ကမ္ဘာ့ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်သလို စူပါမန်းမင်းသားအဖြစ်လည်း လူသိများတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ Henry Cavill တစ်ယောက်သည် စူပါမန်းဇာတ်ကားတွင် သရုပ်ဆောင်ဖို့ရန်အတွက် ကြွက်သား များထွက်အောင်လည်း Workout တွေကို အချိန်ပေးပြီး ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖန်တွေရဲ့ မဲပေးမှုကြောင့် ကမ္ဘာ့ဒုတိယအခန့်ညားဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ Henry Cavill သည် စူပါမန်း ကြွက်သား များရအောင် ၆ လခန့် ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့မဆုတ်မနစ်တဲ့ ကြိုးစားအားထုတ်မှုကြောင့် ကြွက်သားများနှင့် ဗလတောင့်တဲ့ မင်းသားတစ်လက်ဖြစ်လာတာပါ။ သူသည် Workout အပြင် အစားအသောက်ပိုင်းဆိုင်ရာမှာလည်း ထိန်းထိန်းသိမ်းသိမ်း စားသုံးတဲ့သူဖြစ်ပါတယ်။ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများ၊ အသားဓာတ်၊ ဗီတာမင်ဓာတ်များ၊ ငါးကြီးဆီ အစရှိတဲ့ ကျန်းမာရေးနှင့် ညီညွှတ်တဲ့အစားအစာများကို မှီဝဲစားသုံးတာဖြစ်ပါတယ်။
ကွီးတို့လည်း Henry Cavill လို စူပါမန်း ကြွက်သား များ ရရှိအောင် ကြိုးစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း (၁)
Photo: Menshealth
ဒီလေ့ကျင့်ခန်းကိုတော့ ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ သတ်မှတ်အကြိမ်ရေ ပြည့်ပါက ၄၅ စက္ကန့်ခန့် အနားယူလိုက်ပါ။ ထို့နောက် နောက်လေ့ကျင့်ခန်းတစ်ခုကို ချက်ချင်းပြုလုပ်ပါ။
လေ့ကျင့်ခန်း (၂)
Photo: Menshealth
ဒီလေ့ကျင့်ခန်းကတော့ အလေးတုံးကိုင်ပြီး အရှေ့အနောက်လွှဲရမှာ ဖြစ်ပါတယ်။
အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။
ထို့နောက် အလေးတုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်ပါ။
ထို့နောက် အလေးတုံးကို အနောက်သို့ လွှဲပြီး ဒူးအနည်းငယ် ကွေးလိုက်ပါ။ တစ်ဖန် ဒူးနှစ်ဖက် ပြန်လည်ဆန့်တန်းကာ အလေးတုံးကို အရှေ့သို့ ပြန်လွှဲပါ။
တစ်မိနစ်အတွင်း မြန်မြန်လွှဲနိုင်သလောက် လွှဲပေးရမှာဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းကိုတော့ ၁ မိနစ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ထို့နောက် ၂ မိနစ်ခန့် အနားယူပါ။
လေ့ကျင့်ခန်း (၃)
Source: Gfycat
ဒီလေ့ကျင့်ခန်းကတော့ အလေးတုံးမကာ ပြုလုပ်ရတဲ့ Deadlift လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။
ပုံထဲကအတိုင်း ခြေထောက်နှစ်ဖက်ချဲထားကာ အလေးတန်းကို ဆွဲမရမှာဖြစ်ပါတယ်။ အလေးတန်းကို ဆွဲမတဲ့အခါ ဒူးနှစ်ဖက်ကို မကွေးသွားစေဘဲ ဖြောင့်ဖြောင့်တန်းတန်းသာ ထားရပါမယ်။ ဒူးဖြောင့်လျက်သားဖြင့် အလေးတန်းကို ချလိုက် မလိုက်ဖြင့် တစ်လှည့်စီပြုလုပ်ပါ။ စုစုပေါင်း ၅ ကြိမ်၊ ၅ ကျော့ ပြုလုပ်ပေးလိုက်ပါ။ ကြားထဲမှာ ၂ မိနစ် အနားယူနိုင်ပါတယ်။
လေ့ကျင့်ခန်း (၄)
Source: Menshealth
ဒီလေ့ကျင့်ခန်းကတော့ Squat ထိုင်ရမှာပဲ ဖြစ်ပါတယ်။ Squat ထိုင်တဲ့အခါ အလွတ် Squat ထိုင်တာမျိုးမဟုတ်ဘဲ အလေးတုံး ပေါင် ၅၀၀၀ ခန့်လေးတဲ့ အလေးတုံးကိုင်ကာ Squat ထိုင်ပေးရမှာပါ။ သင့်အနေနဲ့ အလေးတုံးက အရမ်းများနေရင်လည်း လျော့ပေးနိုင်ပါတယ်။
ဥပမာ ပေါင် ၂၀၀ အလေးတုံး အသုံးပြုပြီး ၂၅ ကြိမ်ခန့် Squat ထိုင်လိုက်ပါ။ စုစုပေါင်းအနေနဲ့ ၁၅ မိနစ် Squat ထိုင်ရမှာဖြစ်ပါတယ်။
အထက်ဖော်ပြပါ လေ့ကျင့်ခန်းတွေကတော့ နေ့စဉ်ပြုလုပ်သွားရမယ့် လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းများနှင့် ထပ်ပေါင်းပြုလုပ်တဲ့ လေ့ကျင့်ခန်းများကတော့ Cardio လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။
Henry Cavill သည် မနက်တိုင်းမှာ Cardio လေ့ကျင့်ခန်းများကို မိနစ် ၂၀ ခန့် ပြုလုပ်လေ့ရှိပါတယ်။ သူ ပြုလုပ်လေ့ရှိတဲ့ Cardio လေ့ကျင့်ခန်းများကတော့ စက်ဘီးစီးခြင်း၊ ပြေးခြင်း၊ လှေလှော်ခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း၊ စကိတ်စီးခြင်းတို့ပဲဖြစ်ပါတယ်။
သင့်အနေနဲ့ ထိုနည်းလမ်းများအတိုင်း လိုက်လုပ်တာတောင်မှ ထူးခြားတဲ့ ရလာဒ်များ ဘာ့ကြောင့် မရသလဲဆိုတာကို သံသယဖြစ်ဖွယ်ရှိနိုင်ပါတယ်။
ထိုကဲ့သို့ သံသယဝင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းများ ပြန်မေးလိုက်ပါ။
(၁) ကိုယ်က လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ရဲ့လား။
(၂) ညဘက်မှာ အိပ်ရေး ဝဝ အိပ်စက်ရဲ့လား။
(၃) အာဟာရ ညီညွှတ်မျှပြီး ကျန်းမာရေးနှင့် ညီညွှတ်စွာ စားသုံးရဲ့လား။
စတဲ့ မေးခွန်းများနှင့် ပြန်လည် အဖြေထုတ်လိုက်ပါ။
Henry Cavill တောင် စူပါမန်း ကြွက်သား တွေထွက်အောင် ၆ လတိတိ ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ သေချာတာကတော့ ကွီးတို့လည်း နေ့ချင်း ညချင်း ကြွက်သားတွေ ထွက်လာမှာမဟုတ်ပါဘူး။ သိသာထင်ရှားတဲ့ ရလဒ်များ မြင်တွေ့ရဖို့ဆိုရင် ရက်သတ္တပတ် ၈ ပတ်ကြာ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ ကွီးတို့လည်း ကိုယ့်ရဲ့ ကြွက်သားတွေအတွက် အချိန်ပေးနိုင်မှ၊ ဇွဲရှိမှ ကိုယ် လိုချင်တဲ့ရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာလည်း နည်းမှန်လမ်းမှန် ပြုလုပ်နိုင်ဖို့က အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ Henry Cavill လိုမျိုး Personal Trainer ထားရှိခြင်းပါပဲ။ ဒါမှ ကိုယ် ဘာတွေ လိုအပ်နေသလို။ ဘယ်လိုအရာတွေ ထပ်ပေါင်းထည့်ရမလဲဆိုတာကို အကြံပေးနိုင်မှာဖြစ်ပါတယ်။
Source: Muscleandfitness
Featured Image: Menshealth