ဒိုက်ထိုးလေ့ကျင့်ခန်းက နေရာမရွေးအချိန်မရွေး ပေါ့ပေါ့ပါးပါးပြုလုပ်လို့ရတဲ့ ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။ အားကစားရုံတွေ အားကစားကိရိယာတွေမလိုပဲ လွယ်လွယ်ကူကူ လူတိုင်းပြုလုပ်နိုင်ပါတယ်။ ဒါကြောင့်ဒီနေ့တော့ ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်ချင်တဲ့အမျိုးသားများအတွက် စနစ်ကျတဲ့နည်းလမ်းတချို့ပြောပြပေးချင်ပါတယ်။

Source : The Mirror

အရင်ဆုံးကြမ်းပြင်ပေါ်မှာ ပုံမှန်ပြုလုပ်နေကြအတိုင်း လေးဘက်ထောက်အနေအထား ပုံစံယူပါ။

ကြမ်းပြင်မှာ ထောက်ထားတဲ့လက် ၂ ဖက်ဟာဘေးကို အရမ်းလည်းကားမနေရသလို အရမ်းလဲစုမနေပဲ အနေတော်လောက်ပဲခွာပြီး ထောက်ထားပါ။ ခန္ဓာကိုယ်ဟာ ကြမ်းပြင်နဲ့ တစ်ပြေးညီတည်းဖြစ်နေရပါမယ်။ ခါးကို အရမ်းကုန်းကုန်းကြီး မဖြစ်ပါစေနဲ့။

လက်ထောက်ထားတဲ့ တတောင်ဆစ်နေရာကို ဖြေးဖြေးချင်း ခန္ဓာကိုယ်အတွင်းဘက်ကို ကွေးချကာ ခန္ဓာကိုယ်ကို ကြမ်းပြင်နဲ့ အနည်းငယ်ထိလုနီးပါးအထိ ပြုလုပ်ပေးရပါမယ်။ ဒိုက်ထိုးနေချိန်မှာ ခေါင်းငုံနေတာမျိုး မဖြစ်စေဘဲ အရှေ့တည်တည်ကိုသာ ဦးတည်ထားရမှာဖြစ်ပြီး ဦးခေါင်း၊ ခါးနဲ့ တင်ပါး တို့ကို တပြေးညီဖြစ်နေအောင် ချိန်ညှိရပါမယ်။

ကွေးထားတဲ့ တတောင်ဆစ်နေရာကို ပြန်ဆန့်ထုတ်ပြီး ခန္ဓာကိုယ်ကို အပေါ်ဘက်သို့ ပြန်လည်မတင်ပေးရပါမယ်။ အဓိကအားဖြင့် လက်မောင်းကြွက်သားတွေကို ညှစ်ထုတ်ပြီး ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Source : Fitwirr

ပုံမှန်အားဖြင့် ဒိုက်ထိုးနည်းလေ့ကျင့်ခန်းဟာ မတူညီတဲ့ ပုံစံ (၁၂) မျိုးလောက်ရှိတာဖြစ်ပြီး အခုပြောပြတဲ့အဆင့်လေးဆင့်ကတော့ ဒိုက်ထိုးလေးကျင့်ခန်းမှာ အခြေခံအကျဆုံး အဆင့်တွေပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အခုမှစတင်ပြီး ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင်တော့ အပေါ်ကအချက်တွေကို သေချာလိုက်နာသင့်ပြီး တစ်နေ့ကို အနည်းဆုံး (၁၀) ကြိမ် ၄ ခေါက် ပြုလုပ်ပေးသင့်ပါတယ်။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထက်တော့ ပိုမလုပ်ဖို့ သတိပြုပါ။ ၁၀ ကြိမ် တစ်ကျော့ပြီးတိုင်းမှာလည်း စက္ကန့် ၂၀ ခန့် အနားယူပေးဖို့လိုပါတယ်။