တင်းနစ်ကစားသမားများက တင်းနစ်အားကစားတစ်ခုတည်းကိုပဲ ပြုလုပ်ရတာမဟုတ်ပါဘူး။ သက်လုံကောင်းပြီး မောပန်းမှုဒဏ်ခံနိုင်ဖို့ရန်အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးသင့်သလို သွေးပူလေ့ကျင့်ခန်းများကိုလည်း တင်းနစ်မရိုက်ခင်မှာ ဆော့ကစားဖို့လိုပါတယ်။

အားကစားလိုက်စားတဲ့ ယောကျာ်းများအတွက် တင်းနစ်မရိုက်ခင်မှာ ဘယ်လိုလေ့ကျင့်ခန်းများကို ပြုလုပ်ပေးနိုင်လဲဆိုတော့

Push-Ups

workout for men

Source: Gfycat.com

ဒီလေ့ကျင့်ခန်းကိုတော့ ၁၀ ကြိမ်မှ ၁၅ ကြိမ်အတွင်း ပြုလုပ်ပေးရပါမယ်။

Wide Grip Push-Ups

workout for men

Source: Flabfix.com

ဒီလေ့ကျင့်ခန်းကိုတော့ ၁၀ ကြိမ် ပြုလုပ်ပေးရပါမယ်။

Plank

workout for men

Source: Pinterest.com

ဒီလေ့ကျင့်ခန်းကိုတော့ စက္ကန့် ၃၀ မှ တစ်မိနစ်ခန့်အထိ ပြုလုပ်ပေးရပါမယ်။

Superman Plank

workout for men

Source: Flabfix.com

ဒီလေ့ကျင့်ခန်းကိုလည်း စက္ကန့် ၃၀ မှ တစ်မိနစ်ခန့်အထိ ပြုလုပ်ပေးရပါမယ်။

Skaters

workout for men

Source: Flabfix.com

ဒီလေ့ကျင့်ခန်းကတော့ သင့်အတွက် လျင်မြန်သွက်လက်စေဖို့အတွက် အကူအညီပေးမှာဖြစ်ပြီး စက္ကန့် ၃၀ မှ တစ်မိနစ်ခန့်အထိ ပြုလုပ်ပေးရပါမယ်။

Fast Feet

workout for men

Source: Flabfix.com

ဒီလေ့ကျင့်ခန်းကိုတော့ စက္ကန့် ၃၀ မှ တစ်မိနစ်ခန့်အထိ ပြုလုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကလည်း သင့်ရဲ့အရှိန်နှုန်းကို မြှင့်တင်ပေးဖို့ ကူညီပေးပါလိမ့်မယ်။

High Knees

workout for men

Source: Flabfix.com

ဒီလေ့ကျင့်ခန်းကို စက္ကန့် ၃၀ မှ တစ်မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။

Squat Jumps

workout for men

Source: Flabfix.com

နောက်ဆုံးလေ့ကျင့်ခန်းလေးကိုတော့ အကြိမ်ရေ ၁၀ ကြိမ်မှ ၁၅ ကြိမ်အတွင်း ပြုလုပ်ပေးရပါမယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်း (၈) မျိုးထဲမှ မိမိကြိုက်နှစ်သက်ရာ လေ့ကျင့်ခန်း ၃ မျိုးကို ရွေးချယ်ပြီး ၃ ခါစီ၊ မိနစ် ၂၀ ခန့် ပြုလုပ်ပေးရပါမယ်။

ဒါဆိုရင်တော့ သင့်ကို သက်လုံကောင်းစေမှာဖြစ်ပြီး တင်းနစ်ကစားရတာလည်း အရင်ကထက် ပိုမိုသွက်လက်ပေါ့ပါးလာပါလိမ့်မယ်။

Source: Ussportscamps.com