ကိုယ့်ရဲ့အရပ်က ဒီ့ထက်ပိုပြီး ရှည်လာရင်ကောင်းမှာပဲဆိုပြီး တွေးဖူးပါသလား။ မြန်မာနိုင်ငံတွင် ဒီလိုတွေးနေတဲ့ ယောကျာ်းက သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကွီးအများစုသည် သူတို့ရဲ့အရပ်နဲ့ပတ်သက်ပြီး ဘယ်တော့မှ စိတ်တိုင်းမကျကြလို့ပဲဖြစ်ပါတယ်။
သဘာဝအတိုင်း အရပ်ရှည်လာအောင် ကြိုးစားချင်တဲ့ ကွီးတို့အတွက် အထိရောက်ဆုံး နည်းလမ်းလေးကတော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းတွေက ကွီးတို့ရဲ့အရပ်ကို သဘာဝအတိုင်း ရှည်ထွက်လာအောင် ကူညီပေးနိုင်မလဲဆိုတော့ …
လေ့ကျင့်ခန်း (၁)
ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့အားလုံး သိပြီးသားဖြစ်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ဘားတန်းကို တင်းတင်းကြပ်ကြပ်လေး ကိုင်ထားပြီးတော့ သင့်ရဲ့ခြေထောက်ကို ကြမ်းပြင် (သို့) မြေကြီးနဲ့ မထိကပ်အောင် ထားရမှာဖြစ်ပါတယ်။ သင် တောင့်ခံနိုင်တဲ့အထိ တွဲလဲခိုပေးလိုက်ပါ။
လေ့ကျင့်ခန်း (၂)
Source: Stocksy
ကြမ်းပြင်ပေါ်တွင် ခြေထောက်နှစ်ဖက်၊ လက်နှစ်ဖက် ထောက်ထားလိုက်ပါ။ ထို့နောက် တင်ပါးကို အပေါ်သို့ တဖြည်းဖြည်း ကြွလိုက်ပါ။ ထိုအနေအထားအတိုင်း ၅ စက္ကန့်မှ ၁၀ စက္ကန့်အထိ တောင့်ခံပေးလိုက်ပါ။ အသက်ကို ပုံမှန်အတိုင်း ရှုသွင်း ရှုထုတ်ပြုလုပ်ဖို့လည်း မမေ့ပါနဲ့။
လေ့ကျင့်ခန်း (၃)
ကြမ်းပြင်ပေါ်တွင် ဝမ်းလျားမှောက်နေပါ။ ထို့နောက် ပေါင်၊ ခြေသလုံး စတာတွေကို ကြမ်းပြင်နဲ့ ထိကပ်နေပါစေ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို တဖြည်းဖြည်း ကြွလိုက်ပါ။ လက်နှစ်ဖက်ကိုလည်း ပုံပါအတိုင်း ဆန့်တန်းပေးလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ခံနေပါ။
လေ့ကျင့်ခန်း (၄)
Source: Terrace Physio Plus
ပုံပါအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် နေနေပါ။ ထို့နောက် ခြေထောက် ဘက်ပြောင်းကာ နောက်ထပ် စက္ကန့် ၃၀ ခန့် ပြုလုပ်ရပါမယ်။
လေ့ကျင့်ခန်း (၅)
Source: Verywell Health
ကြမ်းပြင်ပေါ်တွင် မတ်တပ်ရပ်ပြီးနောက် ခြေဖျားကို ၂ လက်မအမြင့်ခန့် ထောက်ပေးလိုက်ပါ။ ခြေဖျားထောက်လိုက် ခြေဖျားပြန်ချလိုက်ဖြင့် စက္ကန့် ၃၀ ခန့် ပြုလုပ်ပေးရပါမယ်။ တစ်နေ့လျှင် ၈ ကြိမ်မှ ၁၀ ကြိမ် ပြုလုပ်ပေးပါက လုံလောက်ပါပြီ။
သင့်အနေနဲ့ အခုဖော်ပြပေးတဲ့ လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးတဲ့အခါ ကွီးတို့ရဲ့အရပ်သည်လည်း သဘာဝအတိုင်း ရှည်ထွက်လာမှာဖြစ်ပါတယ်။
Featured Image: Runtastic