လူတော်တော်များများက အဆီကင်းပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ချင်ကြပေမယ့် Gym သွားဖို့ အချိန်မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်ပါဘူး။ အမှန်တကယ်တော့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာပါ တတ်ကြွရွှင်လန်းစေဖို့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးသင့်ပါတယ်။ ကွီးတို့ရော ဘော်ဒီတောင့်ချင်ပေမယ့် Gym သွားဖို့ အဆင်မပြေလို့ လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်ပဲ ဖြစ်နေပါသလား။ ဒါဆိုရင်တော့ ဘာအကူကိရိယာမှ မလိုဘဲ အိမ်မှာပဲ လုပ်လို့ရတဲ့ ရိုးရိုးရှင်းရှင်း Home Workouts တွေနဲ့ ကွီးတို့ရဲ့ ဘော်ဒီကို တောင့်စေဖို့ ဝေမျှပေးချင်ပါတယ်။
Squats
Photo : Men’s Health
ကွီးတို့ရေ ခန္ဓာကိုယ်အောက်ပိုင်းတောင့်ဖို့အတွက် အထိရောက်ဆုံးနဲ့ အကောင်းဆုံးလေ့ကျင့်ခန်းကတော့ Squats ပါ။ ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ ခြေထောက်ကြွက်သားတွေနဲ့ အောက်ပိုင်းကြွက်သားတွေကို ထိရောက်စေတဲ့ အပြင် ဝမ်းဗိုက်ကြွက်သားတွေကိုလည်း ထိရောက်စေပါတယ်။ ဒီလေ့ကျင့်ခန်းက အကူကိရိယာမလိုဘဲ ပြုလုပ်နိုင်ပြီး ဘယ်နေရာမဆို ပြုလုပ်နိုင်ပါတယ်။ ပိုပြီးထိရောက်ချင်တယ်ဆိုရင် Dumbbell အလေးကို ဝယ်ထားပြီး အိမ်မှာပဲ ပြုလုပ်နိုင်ပါတယ်။
Lunges
Photo : Men’s Health
ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ တံကောက်ကြောနဲ့ ခြေသလုံးကြွက်သားများ၊ ခြေထောက်အပေါ်ပိုင်းနဲ့ Glutes ကြွက်သားတွေကို ထိရောက်စေတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်အောက်ပိုင်းကို အားကောင်းစေကာ အူတိုင်အားတိုးစေပြီး ကြွက်သားတစ်သျှူးများကို မြှင့်တင်ပေးနိုင်ပါတယ်။
Planks
Photo : Men’s Health
Plank လေ့ကျင့်ခန်းက အဆီကို ကျစေယုံသာမက ကွီးတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အာရုံစိုက်ပြီး ကြံ့ခိုင်မှုနှင့် တည်ငြိမ်မှုကို တည်ဆောက်ရန် ကူညီပေးတဲ့ ရိုးရှင်းပြီး ထိရောက်သော လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ 6 Packs လိုချင်တဲ့ ကွီးတို့အတွက်လည်း ပုံမှန်ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း တစ်ခုပါ။
Push-Ups
Photo : Men’s Health
ကြွက်သားတွေ ကို တစ်ပြိုက်နက်တည်း ထိရောက်စေပြီး ဘော်ဒီတောင့်ဖို့ ထည့်သွင်း ကစားပေးသင့်တဲ့ လေ့ကျင့်ခန်း တစ်ခုကတော့ ဒိုက်ထိုးခြင်းပါပဲ။ ဒိုက်ထိုးခြင်းကလည်း နေရာမရွေး၊ အချိန်မရွေးလုပ်လို့ရတဲ့ ကြွက်သားတွေကို ဖွံ့ဖြိုးစေတဲ့ ကိရိယာလွတ် လေ့ကျင့်ခန်း တစ်ခုဆိုလည်း မမှားပါဘူး။ ကွီးတို့ရဲ့ ရင်အုပ်ကြွက်သား၊ ပခုံးကြွက်သားများနဲ့ လက်မောင်းကြွက်သားများကို ကျစ်လစ်သန်မာစေပါတယ်။
Triceps Dip
Photo : Men’s Health
Triceps Dip လေ့ကျင့်ခန်းကတော့ အိမ်မှာပဲ လုပ်လို့ရတဲ့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားတွေ တည်ဆောက်ဖို့အတွက် ကောင်းမွန်သော လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင်တော့ ကုလားထိုင်၊ သေတ္တာ သို့မဟုတ် ခုံတန်းလျား တစ်ခုလိုအပ်ပါတယ်။
Burpee
Photo : Mucles & Fitness
Burpee လေ့ကျင့်ခန်းများက ခန္ဓာကိုယ်တစ်ခုလုံးကို ကြံ့ခိုင်မှုတည်ဆောက်ရန်နဲ့ ကယ်လိုရီများကို လောင်ကျွမ်းစေတဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ ရင်ဘတ်၊ အူတိုင်၊ လက်မောင်း၊ နောက်ကျော၊ glutes နှင့် ခြေထောက်စတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထိရောက်စေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
ကွီးတို့ရေ အကူကိရိယာလည်းမလို၊ Gym လည်းတကူးတက သွားစရာလိုဘဲ ဒီ Home Workouts တွေကိုသာ ပုံမှန်လုပ်ပေးရင် အဆီကင်းကျစ်လစ်ပြီး ဘော်ဒီတောင့်လာမှာ အမှန်ပဲ ဗျို့။
Source : Men’ Health
Featured Photo : Hone Health