သည်းထိတ်ရင်ဖိုနဲ့ ခြောက်ခြောက်ခြားခြား ကြည့်ရမယ့် Horror ဇာတ် ကား စစ်စစ်မျိုးကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားများကို ကြည့်ရှုကြည့်လိုက်ပါ။ ရင်တုန်လွန်းလို့ ညတောင် အိပ်မပျော်ဘဲ ဖြစ်သွားပါလိမ့်မယ်။

(၁) A Quiet Place Part II

A Quiet Place ပထမရုပ်ရှင်ကို ကြည့်ဖူးကြသူတိုင်း ဒီရုပ်ရှင်ကို ကြည့်ချင်နေကြပါလိမ့်မယ်။ အသံတစ်ချက် မထွက်မိစေဖို့နဲ့ တစ်ချက်လောက် ခြေလှမ်းမှားပြီး အသံ တစ်သံလောက် ထွက်သွားတာနဲ့ သူတို့ရဲ့ ဘဝဆုံးမှာပဲ ဖြစ်ပါတယ်။

Source: Paramount Pictures

(၂) The BaBadook

အမေတစ်ခု၊ သားတစ်ခုနဲ့ နေထိုင်နေတဲ့ မိသားစုကလေး ရှိပါတယ်။ အမေဖြစ်သူက သားဖြစ်သူကို ညအိပ်ဝင်ရာ ပုံပြင်တွေ အမြဲတမ်း ပြောပြလေ့ရှိပါတယ်။ တစ်ရက်မှာတော့ သူ့သားက ပူဆာလို့ သရဲပုံပြင်ကို ဖတ်ပြရပါတော့တယ်။ ဖတ်ပြအပြီးမှာ မကောင်းဆိုးဝါးက စာအုပ်ထဲကနေတဆင့် သူတို့ရဲ့ အိမ်ထဲမှာ ရောက်နေပြီလို့ သားဖြစ်သူက သူ့အမေကို ပြောပါတယ်။ ပထမတော့ သူ့အမေက သူ့သားက ကလေးဆိုတော့ လျှောက်ပြောတာပဲလို့ ယူဆလိုက်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ထူးဆန်းတာတွေ ကြုံတွေ့လာရတဲ့အခါမှာတော့…

Source: Rotten Tomatoes Trailers

(၃) Train to Busan

ကိုရီးယား ဇွန်ဘီ ကားကောင်းကောင်းလေးကိုမှ ကြည့်ချင်တယ်ဆိုရင်တော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Train to Busan ဇာတ်ကားကို ကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။ ထိတ်လန့်ပြီး ကြောက်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် အသည်းငယ်သူများ မကြည့်မိဖို့ လိုပါတယ်။

Source: Rotten Tomatoes Indie

(၄) The Ring

သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Reiko ဆိုသူက ဗွီဒီယိုတိတ်ခွေတစ်ခုထံမှ သူ့ရဲ့ တူမနဲ့ တူမရဲ့ သူငယ်ချင်း သုံးယောက်က သေဆုံးလျက်သား ရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။ Reiko က ထိုဗွီဒီယို တိတ်ခွေရဲ့ မူရင်းတိတ်ခွေကို ရှာဖွေဖို့ ကြိုးစားပြီး သူ့တူမနဲ့ အခြားကလေးတွေ သေဆုံးမှုကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ထူးဆန်းတဲ့ ဖုန်းတစ်ကောလ်ကို Reiko တစ်ယောက် လက်ခံရရှိခဲ့ပါတယ်။ ထိုဖုန်းထဲက အသံပိုင်ရှင်ကို တစ်ပတ်အကြာမှာ သူ(မ) သေဆုံးမယ်လို့ ခြိမ်းခြောက်ပါတော့တယ်။ ထိုဖုန်းထဲက ကျိန်စာကို Reiko တစ်ယောက် ဖျောက်ဖျက်နိုင်ပါ့မလား။

Source: ScreamFactoryTV

(၅) His House

ဒုက္ခသည် လင်မယားစုံတွဲတစ်တွဲက အန္တရာယ်များနဲ့ သူတို့ရဲ့ မြို့ကလေးကို စွန့်ခွာကာ မြို့သစ်တစ်မြို့မှာ သူတို့ရဲ့ ဘဝကို စတင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မြို့သစ်လေးက ထူးဆန်းတာတွေနဲ့ ပြည့်နှက်နေတဲ့အခါမှာတော့ သူတို့တွေ ထိုမြို့သစ်ကလေးမှာ အမှန်တကယ် ရှင်သန်ရပ်တည်နိုင်ပါ့မလား။

Source: Netflix

(၆) Talk To Me

သူငယ်ချင်း အုပ်စု တစ်ဖွဲ့က ရုပ်တု လက်တစ်ခုကို အသုံးပြုပြီး မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ စကားပြောနိုင်တယ်ဆိုတာကို သိသွားကြတဲ့အခါ သူတို့ရဲ့ စမ်းသပ်မှုကြီးကို စတင်ဖို့ ကြံရွယ်ပါတော့တယ်။ အဲ့ဒီလိုကနေ သူတို့အဖွဲ့ထဲက အကြောက်တတ်ဆုံးသူကို ထိုလက် ရုပ်တုကို ကိုင်ပြီး သရဲ ဝင်အပူးခံဖို့ ဖိအားပေးပါတော့တယ်။ ဒီလိုနဲ့ပဲ မကောင်းဆိုးဝါးတွေက အမှန်တကယ် ဖွင့်ထွက်လာတဲ့အခါမှာတော့…

Source: A24

(၇) Tigers Are not Afraid

ဒီရုပ်ရှင်ကတော့ စပိန်ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ မိန်းကလေးငယ် တစ်ဦးက သူ့အမေ ပျောက်ဆုံးသွားတဲ့နောက်မှာတော့ သူ(မ)လည်း တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး လမ်းမထက်မှာ လေလွင့်နေပါတော့တယ်။ ဒီလိုနဲ့ပဲ လမ်းမပေါ်က အခြားကလေးငယ်များနဲ့ ပေါင်းမိပြီး ထိတ်လန့်စရာကောင်းတဲ့ အဖြစ်တွေကို တစ်ခုပြီး တစ်ခု ကြုံတွေ့ရပါတော့တယ်။

Source: Shudder

(၈) X

၁၉၇၉ ခုနှစ်ကို အခြေတည်ကာ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင် ထုတ်လုပ်မယ့် လူငယ်တစ်စုက လူကြီးရုပ်ရှင် ရိုက်ဖို့အတွက် Texas က ကျေးရွောတစ်ရွာဆီသို့ လာရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုရွာက အိမ်ရှင်က ထူးဆန်းစွာ ပြုမူတဲ့အခါမှာတော့ ထိုအိမ်ရှင်က မူမမှန်ဘူးဆိုတာကို သူတို့တွေ အသိနောက်ကျသွားခဲ့ပါပြီ။

Source: A24

(၉) The Cabin In The Woods

သူငယ်ချင်း ငါးယောက်က အပန်းဖြေခရီးအတွက် တောကထဲက အပန်းဖြေအိမ်ကလေးဆီသို့ ချီတက်လာကြပါတယ်။ သူတို့ မသိတာကတော့ သူတို့ကို စောင့်နေတဲ့အရာက ပျော်ရွှင်စရာမဟုတ်ဘဲ ထိတ်လန့်ကြောက်ရွံ့စရာတွေပဲ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ အပန်းဖြေအိမ်က ဇွန်ဘီးတွေရဲ့ ရန်ကို ခံရပါတော့တယ်။ ထိုဇွန်ဘီးတွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေသူကတော့ သိပ္ပံပညာရှင် နှစ်ယောက်ပဲ ဖြစ်ပါတယ်။ သူတို့ သူငယ်ချင်းအုပ်စု ထိုဇွန်ဘီတွေကို အနိုင်တိုက်နိုင်ပါ့မလား။

Source: Lionsgate Movies

(၁၀) It Follows

Jay ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးက သူ့ရဲ့ ရည်းစားအသစ်ဖြစ်သူ Hugh နဲ့ တစ်ညတာ အတူကုန်ဆုံးပြီးတဲ့နောက်မှာတော့ သူ(မ)က သေစေနိုင်လောက်တဲ့ ကျိန်စာရဲ့သားကောင် ဖြစ်သွားပြီဆိုတာ သိလိုက်ရပါတယ်။ ထိုကျိန်စာက သားကောင် တစ်ယောက်ကနေ အခြားတစ်ယောက်ဆီသို့ လိင်မှတဆင့် ကူးစက်သွားတာပဲ ဖြစ်ပါတယ်။ Jay တစ်ယောက် ထိုကျိန်စာဆိုးကနေ လွတ်မြောက်နိုင်ပါ့မလား။

Source: Rotten Tomatoes Indie

အခုဖော်ပြသွားတဲ့ ခြောက်ခြားစရာ Horror ကားများထဲက ဘယ်ဇာတ် ကား ကို ကွီးတို့ ကြည့်ဖူးပါသလဲ။ ဘယ်ဇာတ်ကားက ကြောက်စရာ အကောင်းဆုံးလို့ ထင်ပါသလဲ။

Source : Editorial.rottentomatoes

Featured Photo : Saturdayeveningpost