ကိုဗစ်ကြောင့် Gym တွေ ပိတ်ထားပေမယ့် စိတ်မပျက်ပါနဲ့။ ကိုယ့်အိမ်ထဲက ရှိတဲ့ပစ္စည်းနဲ့တင် Workout လုပ်လို့ရပါတယ်။ တော်ရုံ ကယ်လိုရီ Burn ပြီး Muscles တွေ ကျမသွားဖို့ဆိုရင် အိမ်သုံးပစ္စည်းလေးတွေနဲ့လည်း ကစားလို့ရပါတယ်။ကဲ ဘယ်လိုပစ္စည်းလေးတွေလည်း ကြည့်လိုက်ရအောင်ပါ။
(၁) ရေသန့်ဗူးကြီးတွေ

Photo: Pinterest
သင့်အိမ်မှာ လီတာနှစ်ဆယ် ရေဗူးကြီးတွေ ရှိရင် လက်မောင်းလေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ ရေဗူးကြီးကို ဝိတ်တုံးလို သဘောထားပြီး မ,တင် ကစားနိုင်ပါတယ်။ တစ်ကြိမ်ကို ၁၅ ခါ နှုန်းနဲ့ ကစားကြည့်ပါ။ လက်မြဲမြဲကိုင်ဖို့တော့ လိုမှာပါ။
(၂) ကူရှင်
Photo: thespruce
ထိုင်ခုံကူရှင်တွေရှိရင် ဒိုက်ထိုး ၊ Belly ၊ Planks နဲ့ Squads လို လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။ ကူရှင်တွေဟာ Yoga ကစားရာမှာလည်း အထောက်အကူပြုပစ္စည်းအဖြစ် သုံးနိုင်ပါတယ်။
(၃) Towel

Photo: hotexhome
ကမ်းခြေသုံး Beach Towel ကြီးတွေကို ကြမ်းပြင်မှာ ယောဂကစားဖို့ Yoga ဖျာတစ်ချပ်လို အသုံးပြုလို့ရပါတယ်။ အခုလို ကိုဗစ်ကာလမှာ စိတ်ရှုပ်ထွေးမှုနဲ့ စိတ်ဖိစီးမှုတွေ မြင့်မားနေတဲ့အချိန်မျိုးမှာ ယောဂကစားနည်းမျိုးက အိမ်မှာ ပုံမှန်အချိန်ဇယားနဲ့ ကစားပေးဖို့ အကောင်းဆုံးလေ့ကျင့်ခန်း ပါပဲ။
(၄) လှေကားထစ်တွေ

Photo: pikrepo
Cardio ကစားဖို့အတွက် စက်ပစ္စည်းမလိုပါဘူး။ နေရာတင် ရွရွပြေးတာကနေ ၊ Jump Jacks ခုန်တာ ၊ Mountain Climb လက်ထောက်ပြေးတို့ Squad ထိုင်တာတို့ လုပ်ဖို့ ပစ္စည်းသုံးစရာမလိုပါဘူး။ တကယ်လို့ Cardio ကို ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းချင်ရင် လှေကားထစ်တွေအတိုင်း ၅ မိနစ်ကြာအောင် အတက်အဆင်းလုပ်သင့်ပါတယ်။ တစ်ရက်ကို လှေကားထစ် ၁ သောင်း အတက်/အဆင်း လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။
(၅) အိပ်ရာ

Photo: themanual
သင့်ကိုယ်ခန္ဓာကို စိန်ခေါ်ဖို့ သင့်အိပ်ရာကို လေ့ကျင့်ရေးကွင်းလို သုံးနိုင်ပါတယ်။ အိပ်ရာပေါ်မှာတင် ယောဂပုံစံလေ့ကျင့်ခန်းမျိုး လုပ်နိုင်ပါတယ်။ ခြေထောက်မြှောက်တာ ၊ တင်ပါးဆုံမြှင့်ကစားတာနဲ့ Planking ထောက်တာမျိုး လုပ်နိုင်ပါတယ်။ အခုလောက်ဆို တော်ရုံအိမ်တွင်း Workoutအားလုံးနီးပါးကို အိမ်ထဲက ပစ္စည်းတွေနဲ့ လုပ်နိုင်တယ်ဆိုတာ သိလောက်ပြီ ဖြစ်ပါတယ်။

