စွန့်စားခန်းခရီးတွေ ထွက်ရတာ စိတ်ဝင်စားကြတဲ့ ကွီးတို့အတွက် အကောင်းဆုံးဝါသနာတစ်ခုက ခရီးရှည်လမ်းကြမ်းလျှောက် Hiking ထွက်ခြင်း ဖြစ်မှာပါ။ အခုလို အေးတဲ့ ရာသီဥတုမျိုးက Outdoor Activities လေးတွေ လုပ်လို့ အကောင်းဆုံးရာသီပါ။ ဒီရာသီမျိုးမှာ သူငယ်ချင်းတွေနဲ့ ထွက်ပြီး တောစခန်းထွက်တာ ၊ Hiking လျှောက်တာတွေ လုပ်လို့ ကောင်းပါတယ်။ တစ်ခုသတိထားရမှာကတော့ အေးတဲ့ ရာသီမျိုးဟာ ကြွက်တက်နိုင်ခြေ များပါတယ်။

ကြွက်သားတွေဟာ ရာသီဥတုအေးလာချိန်မှာ အပူထုတ်မှု မြန်မြန်ဆုံးရှုံးလာပြီး ကြွက်သားစိုင် တင်းလာ/ကျုံ့လာနိုင်ပါတယ်။ ကြွက်သားအပြင် အဆစ်အမြစ်တွေပါ တင်းလာရာကနေ ဒီဒဏ်ကြောင့် ကြွက်တာတွေ နာကျင်တင်းခဲပြီး အလုပ်လုပ်ရ ခက်လာတတ်ပါတယ်။ ဒါကိုပဲ ကြွက်တက်တယ်လို့ ခေါ်တာ ဖြစ်ပါတယ်။ ကြွက်တက်တာဟာ အလွန်ပဲ နာကျင်ပြီး ခံရခက်တဲ့ ဝေဒနာဖြစ်လို့ Hiking ထွက်တုန်း ကြွက်မတက်အောင် ရှောင်ကြဉ်သင့်တာ‌လေးတွေ ပြောပြပါရစေ။

(၁) သွေးပူလေ့ကျင့်ခန်း သေချာလုပ်ပါ

WarmingUp

Photo: Unsplash

ဆောင်းတွင်း အားကစားလုပ်မယ်ဆိုရင် ကြွက်မတက်ဖို့ အရင်ဆုံး Warm Up လို့ ခေါ်တဲ့ သွေးပူလေ့ကျင့်ခန်းကို သေချာလုပ်ဖို့ လိုပါတယ်။ ရာသီဥတုပူနွေးတဲ့အချိန်မျိုးမှာဆို Warm Up မလုပ်ဘဲ အားကစားလုပ်လို့ ရနိုင်ပေမယ့် ဆောင်းရာသီလို အေးတဲ့ရာသီမျိုးမှာ အားကစားလုပ်မယ်ဆိုရင် အရင်ဆုံး သွေးပူလေ့ကျင့်ခန်းအတွက် မဖြစ်မနေ အချိန်ပေးဖို့ မမေ့သင့်ပါဘူး။

(၂) ရေဓါတ်ကောင်းကောင်း ဖြည့်ပါ

Man Drinking Water

Photo: Unsplash

အားကစားလုပ်နေစဉ်မှာ ရေဓါတ်ပြည့်ဝဖို့ဟာ အလွန်ပဲ အရေးကြီးပါတယ်။ အေးတဲ့ရာသီဥတုမှာ ရေသောက်ဖို့က ပိုလို့တောင် အရေးကြီးပါတယ်။ ရေဓါတ်ချို့တဲ့ချိန်မှာ ကြွက်တက်မှုနဲ့ ကြွက်သားနာကျင်မှု ပိုဖြစ်တတ်လို့ပါပဲ။ ဒါကြောင့် အေးလို့ ရေမသောက်ချင်ဘူးဆိုရင်တောင် အားကစားမလုပ်ခင် ၊ လုပ်နေစဉ်နဲ့ လုပ်ပြီးချိန်မှာ ရေများများ သောက်ဖို့ ပြောချင်ပါတယ်။

(၃) Heat Pack ဆောင်သွားပါ

Man Hiking

Photo: Unsplash

နောက်ဆုံးအချက်အနေနဲ့ ပြောချင်တာက သိပ်အေးလှတဲ့ ရာသီမျိုးမှာ ခရီးရှည် လမ်းလျှောက်သူတွေဟာ Heat Pack တို့ Hand Warmers တို့လိုမျိုးဆောင်သွားဖို့ အကြံပြုချင်ပါတယ်။ ခန္ဓာကိုယ်တစ်ကိုယ်လုံး နွေးစေမယ့် အဝတ်အစားတွေ ဝတ်သွားဖို့လည်း မမေ့သင့်ပါဘူး။ အနွေးဓါတ်ပြည့်နေတဲ့ ကိုယ်ခန္ဓာဟာ အပူဓါတ်ကြောင့် သွေးစီးဆင်းမှု ‌ပိုကောင်းလာပြီး ကြွက်သားတွေတင်းတာ ၊ နာတာတွေ သက်သာစေနိုင်ပါတယ်။

Featured Photo: Unsplash