အခုချိန်မှာ အပြင် Gym ရုံတွေ သွားပြီး ကစားဖို့ထက် ကိုယ့်အိမ်ထဲမှာပဲ နေပြီး Workout လုပ်တာက ပိုပြီး ဘေးကင်းပါလိမ့်မယ်။ နှစ်ပေါက်အောင် Gym ကစားခဲ့သူတွေပဲ ဖြစ်ဖြစ် ၊ အရွယ်နဲ့ အနေအထိုင်မမှန်မှုကြောင့် ဝိတ်တက်လာတဲ့ ကိုယ်ခန္ဓာကို အဆီချချင်လို့ပဲ ဖြစ်ဖြစ် ကိုယ့်အိမ်ထဲမှာကို ကိုယ်ပိုင် Gym ရုံငယ်လေး ဖန်တီးပြီး အားကစားလုပ်နိုင်ပါတယ်။ ဒီတော့ Weight ချဖို့ပဲ ကစားကစား Muscle တက်ဖို့ပဲ ဆော့ဆော့ Home Gym အတွက် အခုပြောမယ့် ပစ္စည်းလေးတွေ ရှိရင် အဆင်ပြေပါတယ်။

(၁) Olympic Barbell

man-doing-workout-with-Rogue-Fitness-olympic-barbell

Photo: garagegympower

Squat ထိုင်တဲ့သူတွေ ၊ Deadlift မ ၊ Bench ကစား ၊ Overhead Press ဆော့တဲ့သူတွေအတွက် Olympic Barbell တစ်ခု လိုပါတယ်။ ဒီပစ္စည်းလေးတစ်ခုနဲ့တင် Workout အတော်များများ ကစားနိုင်ပါတယ်။ စတီး Rods တံ ဈေးသင့်တာလေးတွေလည်း တွဲဝယ်ဖို့ အကြံပေးချင်ပါတယ်။

(၂) Squat Rack

power-rack-workouts

Photo: Iron Bull Strength

တန်းခို Pull-Up Bar တန်းတစ်ခုပါတဲ့ Squat Rack လေးတစ်ခုလောက်လည်း Home Gym သမားတွေ ဝယ်ထားသင့်ပါတယ်။ Squat Rack နဲ့လည်း လုပ်လို့ရတဲ့ အားကစားတွေ အများကြီးပါပဲ။ Squat ကစားမလား ၊ ဝိတ်မ Press လုပ်မလား Pull-Ups ဆွဲမလား လုပ်နိုင်ပါတယ်။ အိမ်သုံးဖြစ်လို့ ဈေးသက်သာပြီး အရည်အသွေးမဆိုးတဲ့ အမျိုးအစား ရှာဖို့တော့ လိုပါတယ်။

(၃) Weight Plates

Weight Plates and man

Photo: Rising Tide

Barbell လည်း ရှိပြီဖြစ်လို့ ဝိတ်ကစားဖို့ Weight ပြားတွေလည်း ဝယ်စုဖို့ အကြံပေးချင်ပါတယ်။ သိပ်အများကြီးမဟုတ်တောင် ကိုယ်မ,နေကြ Kg ကို မှတ်ပြီး ၃ စုံလောက် ဝယ်ထားရင်ကို အဆင်ပြေပါတယ်။ Shoulder ၊ Chest ကစားရင်ဖြစ်ဖြစ် ခါးဆီကျဖို့ ကစားရင်ဖြစ်ဖြစ် Weight Plates လေးတွေက အတော်ကြီးကို အသုံးတွင်ပါလိမ့်မယ်။

(၄) Flat Bench

man-exercising-with-dumbbell-royalty-free

Photo: Men’s Health

Bench ခုံတွေကတော့ အဓိက Squat နဲ့ ဗိုက်ကစားဖို့ သုံးနိုင်ပါတယ်။ Fat Bench နဲ့ Box Squats ကစားတာ ၊ Box Jump လုပ်တာ ၊ Rowing လုပ်တာ အစုံကစားနိုင်ပါတယ်။ Flat Bench ခုံတစ်ခုဟာ ကြမ်းပြင်ကနေ အမြင့် ၁၇ လက်မလောက် ရှိပါတယ်။ Flat Bench တွေထဲမှာ ဈေးသင့်တဲ့ အမျိုးအစားတွေ အတော်များများ ထွက်ပါတယ်။

(၅) Jump Rope

Man jumping rope exercise

Photo: garagegympower

သက်လုံကောင်းဖို့နဲ့ ဝိတ်ချဖို့ ကြိုးခုန်ကြပါတယ်။ တကယ်က ကြိုးခုန်တာက ပေးတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိသလို Jump Rope သုံးပြီး လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေလည်း အတော်များပါတယ်။ Jump Rope က မရှိမဖြစ် လိုတာ မဟုတ်ပေမယ့် ဒီပစ္စည်းလေး ဝယ်ထားရင် မှားစရာအကြောင်းမရှိပါဘူး။