Workout လုပ်တဲ့ ယောင်္ကျားတိုင်းရဲ့ ရည်ရွယ်ချက်က ကြွက်သားအမြောင်းမြောင်းနဲ့ကိုယ်လုံးကိုယ်ပေါက် လှပတောင့်တင်းဖို့ပါ။ အားကစားလုပ်ပြီး ကြွက်သား တက်မလာဘူးဆိုရင် တစ်ခုခု လိုနေလို့ဖြစ်မှာပါ။ ဒါကြောင့် Gym သွားပြီး ကြွက်သားတက်အောင် ကစားတော့မယ်ဆိုရင် ဒီအချက်တွေ သိထားဖို့လိုပါတယ်။

man do Workout  to Burn Fat and Build Muscle

Photo : Men’s Health

နည်းစနစ်ပိုင်းအရ မမှန်လို့လည်း Muscle မတက်တာ ဖြစ်နိုင်ပါတယ်။ Weight မ ချိန်မှာ မြန်မြန်သွက်သွက်ကြီး မတာဟာ ကြွက်သား သိပ်မတက်စေသလို ထိခိုက်ဒဏ်ရာရဖို့လည်း အခြေအနေပိုများစေပါတယ်။ ကြွက်သားတက်ဖို့အတွက် ဖြည်းဖြည်းချင်း အားစိုက်ပြီး မပေးဖို့လိုသလို အလေးချိန်ကိုလည်း တိုးတိုးပြီး မ ပေးရမှာ ဖြစ်ပါတယ်။

Gym ကစားချိန်မှာ ကောင်းကောင်းလှုပ်ရှားနိုင်ဖို့Weight တွေ များနိုင်သမျှ များများ မနိုင်ဖို့အားရှိဖို့လိုပါတယ်။ ခွန်အားဖြစ်စေမယ့် အစားအသောက်တွေ ကောင်းကောင်း စားပေးပါ။ လိုအပ်ရင် ပရိုတိန်း Shake သောက်ပေးဖို့လိုပါတယ်။ တစ်ပတ်မှာ Gym ကစားရက်ဟာ အနည်းဆုံး ၃ ရက်ကနေ ၅ ရက်အထိ ရှိပေးသင့်ပြီး တစ်ကြိမ်မှာ ၁ နာရီလောက်တော့ ကစားပေးသင့်ပါတယ်။ ဒါမှသာ ထိရောက်တဲ့ Workout ဖြစ်လာပြီး ကြွက်သားလည်း အတက်မြန်မှာပါ။ စိတ်ပါမှ Gym သွားကစားတာမျိုးနဲ့တော့ ဘော်ဒီ ပုံပြောင်းဖို့မလွယ်ပါဘူး။

man weight lifting

Photo : Men’s Health

အနားယူတဲ့ အချိန် သိပ်မရှိရင်လည်း Muscle Building ပိုင်းမှာ ရလဒ်ကောင်းမှာ မဟုတ်ပါဘူး။ တစ်ပတ်မှာ ၄၈ နာရီဟာ Gym ရုံမသွားသင့်တဲ့ အချိန်ကာလဖြစ်ပြီး ညဘက်တိုင်းမှာ အနည်းဆုံး အိပ်ချိန် ၈ နာရီ ရှိဖို့ဂရုစိုက်သင့်ပါတယ်။ ဒါဆိုရင်တော့ အားကစားလုပ်ရတာ ထိရောက်ပြီး ကြွက်သားအတက်မြန်လာပါလိမ့်မယ်။

Featured Photo : Men’s Health