လက်မောင်းအိုး လှချင်တယ်ဆိုရင် Gym မသွားနိုင်လည်း ကိစ္စမရှိပါဘူး။ အိမ်မှာတင် အခုပြောတဲ့ အလွယ်ဆုံး ၁၀မိနစ်စာ Workout ကို ရေမချိုးခင် ကစားပြီး လက်မောင်းကြွက်သား တက်အောင်လုပ်နိုင်ပါတယ်။

(၁) Push-Ups

Push-Ups

Photo: Les Mills

အားလုံး သိကြတဲ့အတိုင်းပါပဲ။ ဒိုက်ထိုးတာကတော့ ယောင်္ကျားလေးတိုင်း လုပ်တတ်ကြပါတယ်။ ဒိုက်ထိုး Push-Ups ကစားတာဟာ အကုန်အကျ အနည်းဆုံးနဲ့ အကောင်းဆုံး Upper Body Exercise လည်း ဖြစ်ပါတယ်။ ဒိုက်ထိုးတာက ရင်ဘတ်အပြင် လက်မောင်း Triceps တွေလည်း ထိထိရောက်ရောက် ဖွံ့ထွားစေပါတယ်။ T-Shirt ဝတ်ချိန်မှာ ကြည့်ကောင်းစေတဲ့ ကြွက်သားတွေကို လေ့ကျင့်ပေးလိုက်တာပါပဲ။ တစ်ကျော့ကို ၁၅ ကြိမ်နှုန်းနဲ့ ၂ ကျော့ကနေ ၃ ကျော့ ကစားပေးသင့်ပါတယ်။

(၂) Diamond Push-Ups

Diamond Push-Ups

Photo: Steel Supplements

အပေါ်က ရိုးရိုး ပခုံးအတိုင်း လက်ခွဲပြီး ဒိုက်ထိုးတာနဲ့ မတူတာက လက်မနှစ်ခုချင်း ထိလုနီးပါးထားပြီး Diamond Push-Ups ထိုးတာက လက်မောင်း Tricep ကြွက်သားကို သိသိသာသာ ကြီးထွားစေပါတယ်။ လက်ဖဝါးနှစ်ဖက်ဟာ ရင်ဘတ် Chest အောက် ကြမ်းပြင်ပေါ် ထားပြီး ဒိုက်ထိုးတာက အပေါ်ပိုင်း ကိုယ်လုံးဝိတ်ကို ပိုထိန်းရသလို ထိရောက်မှုချင်းလည်း ကွာလာပါတယ်။ သူလည်း ၂-၃ ကျော့ ကစားပေးရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။

(၃) Chin-Ups

Chin-Ups

Photo: Insider

လူတစ်ကိုယ် အသာလေး ဝန်ခံနိုင်တဲ့ တန်းတစ်ချောင်းရှိရင် Chin-Ups လို့ ခေါ်တဲ့ တန်းခိုဆွဲတင် ကစားနည်းကို အေးဆေး ကစားလို့ ရပါတယ်။ Biceps တွေကို ထိထိရောက်ရောက်အလုပ်လုပ်ခိုင်းတဲ့ လေ့ကျင့်ခန်း ဖြစ်ပြီး တစ်ကိုယ်လုံးကို သယ်တင်ရလို့ လက်ဖျံအားတွေပါ ကောင်းပြီး ကြွက်သားစိုင်တွေပါ လှလာစေပါတယ်။ သူကတော့ လက်တစ်ခုလုံးကို အကျိုးများစေတဲ့ လေ့ကျင့်ခန်းပါပဲ။

Featured Photo: Insider