လူဟာ တစ်နေ့ထက် တစ်နေ့ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် မြှင့်တင်ဖို့ အရေးကြီးပါတယ်။ ဗားရှင်းနိမ့်တဲ့ အတွေးအမြင် ခံယူချက်တွေနဲ့ လူ့လောကထဲ ဖြတ်သန်းမယ်ဆိုရင် ပြဿနာတွေနဲ့ လုံးချာလည်လိုက်နေပြီး ပိုခက်ခဲတဲ့ဘဝနဲ့ပဲ နေထိုင်နေရပါလိမ့်မယ်။ အခုလို ပိုပြီး ခက်ခဲကြမ်းတမ်းတဲ့ ခေတ်သစ်ဘဝမှာ ရုပ်ရော စိတ်ပါ မြှင့်တင်ဖို့ တစ်နေ့ချင်းမှာ အခုပြောမယ့်အရာလေးတွေ လုပ်ပေးဖို့ မျှဝေလိုက်ရပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်နေပါ

Photo: Freepik

ယုံကြည်မှုအားနည်းနေရင် ပြဿနာတွေကို ရင်ဆိုင်ဖို့ မလွယ်ပါဘူး။ ယုံကြည်မှုဆိုတာ တည်ဆောက်ပြုပြင်ယူလို့ ရတဲ့ အရာ ဖြစ်ပါတယ်။ ဒါကြောင့် နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်ကိုးစားမှုရှိလာအောင် နေထိုင်မယ်လို့ ဆုံးဖြတ်ပါ။ ဆုံးဖြတ်တဲ့အတိုင်းလည်း လက်တွေ့အကောင်းအထည်ဖော်ပါ။ ဥပမာ- လူတွေနဲ့ စကားပြောရင် အိုးတိုးအမ်းတမ်း ဖြစ်မနေဖို့နဲ့ ယုံကြည်မှု ရှိရှိ ပြောဆိုလုပ်ကိုင်နိုင်ဖို့ အလေ့အကျင့်မွေးယူတာမျိုး ဖြစ်ပါတယ်။

(၂) ကျန်းမာအောင် နေထိုင်ပါ

Photo: Freepik
မကျန်းမာရင် ရုပ်ရော စိတ်ပါ အမြင့်ဆုံးစွမ်းရည်ရနိုင်ဖို့ မလွယ်ပါဘူး။ ကျန်းမာမှ တက်ကြွရွှင်လန်းနေမှာ ဖြစ်ပါတယ်။ ကျန်းမာဖို့အတွက် ကျန်းမာရေးနဲ့အညီ အာဟာရပြည့်ဝအောင် စားပါ။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ ဖြစ်နိုင်ရင် Gym မှာ စခန်းသွင်းပြီး ကစားတာမျိုး လုပ်ပါ။

(၃) ပင်ကိုယ်စွမ်းရည်မြှင့်တင်ပါ

Photo: Freepik

ပင်ကိုယ်စွမ်းရည်ဆိုတာ လူတစ်ယောက်ချင်းစီမှာ ရှိတဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေပါပဲ။ ပင်ကိုယ်စွမ်းရည်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်တူတာမျိုး မဟုတ်ပါဘူး။ တချို့က သီချင်းအဆိုကောင်းမယ် ၊ တချို့က ပုံဆွဲတော်တယ် ၊ တချို့တွေက စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖန်တီးတတ်တယ်။ ဒါမျိုး ဗီဇအလိုက်အားသာချက်တွေကို ကိုယ့်ဘဝတိုးတက်ရေးမှာ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ အဆင့်မြှင့်ထားသင့်ပါတယ်။

(၄) မိတ်ကောင်းဆွေကောင်းနဲ့ ပေါင်းပါ

Photo: Freepik

အပေါင်းအသင်းဆိုတာကလည်း ကိုယ့်ရဲ့ဘဝပေါ် လွှမ်းမိုးမှုရှိတာပဲမလား။ မိတ်ကောင်းဆွေကောင်းကြောင့် ဘဝလမ်းကြောင်းတွေ ပိုကောင်းလာပြီး အတွေးအမြင် ဗဟုသုတနဲ့ ဘဝခံယူချက်တွေ ပိုမြင့်မားလာမှာ ဖြစ်ပါတယ်။