ကိုယ်ကြပ်ဘောင်းဘီဝတ်ချင်တဲ့ယောကျာ်းများအတွက် ပေါင်အတွင်းသားတွင် ကြွက်သားများမဟုတ်ဘဲ အဆီပိုများရှိနေတဲ့အခါ ကိုယ့်ရဲ့မသိစိတ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့ကျစေမှာပါ။

ဒီလိုမျိုးမဖြစ်ချင်ဘူး အဆီပိုများကို ဖယ်ရှားချင်ပြီး ကြွက်သားများနဲ့ ကြည့်ကောင်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

workout for men who want to lose inner thigh fats

Source: Flabfix.com

အထက်ဖော်ပြပါ လေ့ကျင့်ခန်းကို ဘယ် ညာလျှင် တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၅ ကြိမ် ၄ ခါ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

workout for men who want to lose inner thigh fats

Source: Imgur.com

ဒီလေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာတော့ အလေးတုံး အသုံးပြုရမှာဖြစ်ပါတယ်။ အလေးတုံးမရှိပါကလည်း ရေဘူးအကြီး ၂ ဘူး အသုံးပြုနိုင်ပါတယ်။ ဘယ် ညာကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၅ ကြိမ် ၄ ခါ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

workout for men who want to lose inner thigh fats

Source: Imgur.com

ပုံပါအတိုင်း လေ့ကျင့်ခန်းပြုလုပ်ရမှာဖြစ်ပြီး သူ့ကိုလည်း ၁၅ ကြိမ် ၄ ခါ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

workout for men who want to lose inner thigh fats

Source: Imgur.com

ဒီလေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာတော့ အလေးတန်းရဲ့အကူအညီရယူရပါမယ်။ ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် ခြေထောက်ကို နေရာမရွေ့စေဘဲ ဒူးမကွေးစေဘဲနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ အကွေးအဆန့် ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

workout for men who want to lose inner thigh fats

Source: Imgur.com

ပုံပါအတိုင်း Block တုံး မရှိပါက ခုံတန်းရှည်အသုံးပြုနိုင်ပါတယ်။ ပုံပါအတိုင်း ဘယ် ညာ တစ်လှည့်စီပြုလုပ်ပါ။

လေ့ကျင့်ခန်း (၆)

workout for men who want to lose inner thigh fats

Source: Gfycat.com

လေ့ကျင့်ခန်း ပြုလုပ်တဲ့ဖျာပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ထားပြီးနောက် ညာခြေကို ညာဘက်သို့ ယိမ်းလိုက်ပါ။ ၁၅ ကြိမ် ပြည့်ပါက ဘယ်ခြေကိုလည်း ဘယ်ဘက်သို့ ၁၅ ကြိမ် ယိမ်းပါ။ စုစုပေါင်း ၄ ခါစီပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၇)

workout for men who want to lose inner thigh fats

Source: Menshealth.com

အလေးတုံးကို ညာလက်ဖြင့် ကိုင်ထားပြီးနောက် ဘယ်ခြေကို ဘယ်ဘက်သို့ ကားလိုက်ပါ။ ထို့နောက် အလေးတုံးဖြင့် ဘယ်ခြေကို ထိကပ်လိုက်ပါ။ ၁၅ ကြိမ်ပြည့်ပါက အလေးတုံးကို ဘယ်လက်ဖြင့် ကိုင်ပြီး ညာခြေကို ညာဘက်သို့ ကားပါ၊ အလေးတုံးဖြင့် ညာခြေကို ထိကပ်လိုက်ပါ။ စုစုပေါင်း ၄ ခါစီ ပြုလုပ်ရပါမယ်။

Featured Image Source: Everyoneactive.com