ဝိတ်မြန်မြန်ကျဖို့ဆိုတာ ပြောရတာလွယ်သလောက် အကောင်အထည်ဖော်ဖို့ ခက်ခဲပါတယ်။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုသာ သေချာပြင်ဆင်ရတယ်။ အဆီတက်စေမယ့် အစားအစာတွေကို လုံးဝရှောင်ရပြီး လေ့ကျင့်ခန်းသေချာလုပ်မှ ရပါမယ်။ ဒီနေ့ kwee page ဝိတ်အလွယ်တကူကျစေမယ့် နည်းလမ်းကို ပြောပြပေးသွားမှာပါ။

ကယ်လိုရီပမာဏ လျှော့စားပေးပါ

Source: Berkeley Wellness

ကိုယ်အလေးချိန် ချချင်တဲ့သူတွေအတွက် ကယ်လိုရီဆိုတာ လျှော့စားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကယ်လိုရီအစား ပရိုတင်းဓာတ်တွေ၊ ဗီတာမင်နဲ့ အာဟာရဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေ ပိုစားပေးရင် အချိန်တိုတိုနဲ့ အကျိုးရလဒ်ခံစားရမှာပါ။ တစ်နေ့တာကို ဟင်းသီးဟင်းရွက် များများစားပါ။ ဗိုက်ဆာတဲ့အချိန် မုန့်ပဲသရေစာတွေ မစားပါနဲ့။

အသင့်စား အစားအစာတွေ မစားပါနဲ့

Source: Healthline

အသင့်စား အစားအစာတွေဟာ ရေရှည်ခံဖို့အတွက် ဓာတုဗေဒနည်းပညာတွေနဲ့ ပြုပြင်ထားတာကြောင့် အများစုက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒီအစားအစာတွေ များများစားရင် ကိုယ်အလေးချိန်ကို တက်စေရုံသာမက ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ အစားအစာတွေဖြစ်တဲ့ အာလူးချောင်းကြော်၊ ဘာဂါ၊ ဝက်အူချောင်း၊ ဝက်သားပြား၊ ခေါက်ဆွဲခြောက် အစရှိတာတွေ ရှောင်ပါ။

ကစီဓာတ်လျှော့စားပါ

Source: Vita-Pura

ကိုယ်အလေးချိန်ကျချင်တဲ့ သူတွေအတွက်တော့ ကစီဓာတ် (ကာဗိုဟိုက်ဒြိတ်) က လျှော့စားသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကစီဓာတ်ရော ပရိုတင်းရောက ကိုယ်ခန္ဓာကြီးထွားမှုနဲ့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးတာချင်း အတူတူပဲဆိုပေမယ့် ပရိုတင်းကတော့ ကျန်းမာရေးနဲ့ အလှအပအတွက် ပိုကောင်းပါတယ်။

အကြာကြီး မထိုင်ပါနဲ့

Source: Harvard Health

ထိုင်နေရင် အဆီတွေ၊ ကယ်လိုရီတွေက တစ်နေရာထဲမှာ ကွက်ပြီး စုနေဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် အလုပ်၊ ကျောင်းမှာ တစ်နေကုန် ထိုင်နေတာထက် နာရီဝက်ခြား တစ်ခါလောက် အိမ်သာသွားတာ၊ လမ်းထလျှောက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာဖြစ်ဖြစ် လှုပ်လှုပ်ရှားရှားနေပေးပါ။

လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပေးပါ

Source: Men’s Journal

တခြားလူတွေအားကျတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ချင်တယ်ဆိုရင် တစ်နေ့တာ အစားအစာကို ဂရုစိုက်ဖို့ လိုအပ်သလို လေ့ကျင့်ခန်းကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ အထူးသဖြင့် တစ်ပတ်ထဲနဲ့ ပေါင်အများကြီး ချဖို့ စဉ်းစားထားတယ်ဆိုရင် ပိုပြီးတောင် ပြင်းပြင်းထန်ထန် လုပ်သင့်ပါတယ်။ ဒါမှပဲ သွေးထဲက မကောင်းတဲ့ ကယ်လိုရီတွေ၊ ကိုလက်စထရောတွေ လျင်မြန်စွာ လောင်ကျွမ်းပြီး အဆီကျ ဗိုက်ချပ် သွယ်လျလာမှာပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ Gym မှာ နည်းပြဆရာနဲ့ စနစ်တကျ ဆော့တာ ပိုပြီး ထိရောက်မှုရှိပါတယ်။ အလေးများများမပါ။ မနက်အိပ်ရာထတဲ့အခါ လမ်းလျှောက်ပါ။ ပြေးပါ။ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ ဒိုက်ထိုးတာ၊ အိပ်ထ မတင်လုပ်တာ၊ ထိုင်ထလုပ်တာ အစရှိတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့လည်း ရပါတယ်။