တရိပ်ရိပ်တက်လာတဲ့ ကိုယ်အလေးချိန်ကို ကြည့်ပြီး စိတ်ညစ်နေပါသလား။ ဝိတ်လျော့တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့အရာနှစ်ခုကတော့ အချိန်နှင့် စိတ်ရှည်ခြင်းပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ဝိတ်မြန်မြန်ကျဖို့ လိုအပ်နေပြီ။ အချိန် သုံးလ၊ လေးလကြာအောင် မစောင့်နိုင်တော့ဘူးဆိုရင်တော့ အခုဖော်ပြပေးယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်း (၈) မျိုးကို လိုက်နာပေးယ်ဆိုရင်တော့ ၁၀ ရက်အတွင်း ဝိတ်ကျသွားမှာပဲဖြစ်ပါတယ်။

မနက် အိပ်ရာထတဲ့အခါ မိနစ် ၂၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ပါ

man doing workout in the morning

မနက် အိပ်ရာထတဲ့အခါ ပုံမှန်ထချိန်ထက် မိနစ် ၂၀ ခန့် စောထပြီး လေ့ကျင့်ခန်း ပြုလုပ်ပါ။ လေ့လာတွေ့ရှိချက်များအရ မနက်စောစော လေ့ကျင့်ခန်း ပြုလုပ်သူများက ကျန်းမာရေးနဲ့ ပိုညီညွှတ်ပြီး ဝိတ်ကျမြန်စေတယ်လို့ သိရှိရပါတယ်။

နေ့တိုင်း ဝိတ်မချိန်ပါနဲ့

man hiding his face behind weight scale

နေ့တိုင်း ဝိတ်ချိန်ပြီး ကိုယ့်ကိုယ်ကို မနှိပ်စက်မိပါစေနဲ့။ ပေါင်ချိန်စက်ကို ခဏမေ့ထားလိုက်ပါ။ ချိန်ချင်တယ်ဆိုရင်တော့ မနက်စောစော ဘာမှ မစားရသေးတဲ့အချိန်ပဲ ချိန်ပြီး တစ်ပတ် တစ်ကြိမ်ခန့် ချိန်ပေးရုံနဲ့တင် လုံလောက်ပါတယ်။

ပန်းသီးတစ်လုံး စားပါ

apples on the table

နေ့လည်နေ့ခင်းမှာ ဗိုက်ဆာလာတယ်လို့ ထင်ရင် ပန်းသီးတစ်လုံး စားလိုက်ပါ။ သင့်အနေနဲ့ ထိုပန်းသီးတစ်လုံးကို ကုန်အောင် မစားနိုင်ဘူးဆိုရင်တော့ သင်က တကယ်ဗိုက်ဆာနေတာမဟုတ်ပါဘူး။ ပျင်းနေရုံသပ်သပ်ပဲဖြစ်ပါတယ်။

ရေများများသောက်ပါ

man drinking water

သင့်ခန္ဓာကိုယ်က အမြဲတမ်း ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ရေ မသောက်ချင်ဘူးဆိုရင်တောင် ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးများကို များများစားသုံးပေးခြင်းအားဖြင့် ဝိတ်ချနိုင်ပါတယ်။

ထမင်းစားတဲ့အခါ ဖြည်းဖြည်းဝါးစားပါ

man having lunch at the restauant

အစားအစာကို ဖြည်းဖြည်းဝါးစားခြင်းက အစာကြေညက်အောင် ကူညီပေးပြီး အဝမလွန်အောင် ထိန်းပေးပါတယ်။ သင့်အနေနဲ့ ထမင်းမြန်မြန် စားတတ်တဲ့အကျင့်ရှိသလားဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။

ပရိုတင်းများများစားပါ

half-fried eggs in the pan

ပရိုတင်းဓာတ် များများမှီဝဲခြင်းက ခန္ဓာကိုယ်ရှိအဆီပိုများကို လောင်ကျွမ်းစေပြီး ကြွက်သားများကို ကျစ်လျစ်စေပါတယ်။ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ချိစ်၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ကြက်သား၊ ငါးတို့ကို များျား စားသုံးပေးရပါမယ်။

သွားရေစာမုန့်များကို အိမ်မှာ မဝယ်ထားပါနဲ့

storing junk foods at home

သွားရေစာမုန့်တွေကို မျက်စိထဲ မြင်နေရရင် စားချင်စိတ်ကို ထိန်းလို့ရမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဝိတ်ချနေစဉ်အတောအတွင်း သွားရေစာမုန့်တွေနဲ့ အဆက်ဖြတ်ထားတာ အကောင်းဆုံးပါပဲ။

ဝိတ်ဘယ်လောက်ချချင်လဲဆိုတဲ့ တိကျတဲ့ရည်မှန်းချက် ထားထားပါ

man measuring his waist

ဆယ်ရက်အတွင်း ဆယ်ပေါင် ကျရမယ်ဆိုတဲ့ တိကျတဲ့ရည်မှန်းချက်ထားထားပြီး မဆုတ်မနစ်တဲ့ ဇွဲနဲ့ ကြိုးစားကြည့်လိုက်ပါ။

အထက်ဖော်ပြပါ အချက်အားလုံးကို လိုက်လုပ်ကြည့်မယ်ဆိုရင် ဆယ်ရက်အတွင်း ဝိတ်ကျသွားတာကို သိသိသာသာမြင်တွေ့ရပါလိမ့်မယ်။

Source: Food.ndtv.com