ရက်ပေါင်း ၃၀ ဆိုတဲ့ တစ်လတာအချိန်ကာလအတွင်းမှာ ဝိတ်သိသိသာသာကျဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ သံသယမများပါနဲ့။ အခုပြောပြမယ့် စားသောက်နေထိုင်မှုပုံစံတွေကို သေချာဂရုတစိုက် လိုက်နာမယ်ဆိုရင် တစ်လတာအချိန်အတွင်းမှာ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်ကို သိသာထင်ရှားစွာလျော့ကျသွားတဲ့ ရလဒ်မျိုးသင်မြင်တွေ့ရမှာပါ။

(၁) ကာဘိုဟိုက်ဒရိတ်ရှောင်ပါ

Foods Highest in Carbohydrates

Photo : MedicineNet

ရက်ပေါင်း ၃၀ အတွင်းဝိတ်ကျချင်တယ်ဆိုရင် ကာဘိုဟိုက်ဒရိတ်စားသုံးမှုကို ဖြတ်တောက်ထားဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်အနည်းဆုံး တစ်နာရီခွဲအတွင်း ကစီဓာတ်မြင့်မားတဲ့အစားအစာတွေ စားခြင်းကိုလုံးဝမပြုလုပ်ရပါဘူး။ ဥပမာ ပေါင်မုန့် ၊ ထမင်း ၊ Cereal ၊ အာလူး ၊ ပါစတာ ၊ နဲ့ ဆီကြော်စာ စတဲ့အစားအစာတွေကို ရှောင်ကြဉ်ပါ။

(၂) ကယ်လိုရီလျော့စားပါ

 Calculating Calories
Photo : HealthifyMe

ကယ်လိုရီက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တယ်ဆိုပေမယ့် တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီပမာဏထက်ပိုစားမိရင် ကိုယ်အလေးချိန်အဆမတန် တက်လာနိုင်ပါတယ်။ ဝိတ်ချနေစဉ်ကာလအတွင်းမှာ အစားစားတဲ့အခါ ကယ်လိုရီပါဝင်မှုနှုန်းကိုသေချာတွက်ချက်ပြီး နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီပမာဏထက် ပိုမစားမိအောင် သတိပြုသင့်ပါတယ်။ ကယ်လိုရီတွက်ချက်တဲ့ ဇယားတွေ ၊ အက်ပလီကေးရှင်းတွေကို အသုံးပြုပြီး ကယ်လိုရီစားသုံးမှုနှုန်းကို ကန့်သတ်လျော့ချနိုင်ပါတယ်။

(၃) အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ များများစားပါ

Fiber-Rich Foods
Photo : Sharon Palmer

အဆီတွေကိုတိုက်ဖျက်ပြီး ကယ်လိုရီလောင်ကျွမ်းဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုက အမျှင်ဓာတ်ပါ။ လေ့လာမှုများအရ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဟာ ခန္ဓာကိုယ်အဆီတွေကို လျော့ပါးစေပြီး အာဟာရဓာတ်ကို အတော်လေးဖြည့်တင်းပေးပါတယ်။ ဒါကြောင့် ပန်းသီး ၊ ဘလက်ဘယ်ရီ၊ ရက်စ်ဘယ်ရီ ၊ ဘလူးဘယ်ရီ အစရှိတဲ့ ဘယ်ရီသီးများ ၊ Oatmeal ၊ ပဲနက်၊ ပဲနီလေး၊ ကုလားပဲ အစရှိတဲ့ ပဲအမျိုးမျိုး ၊ အစေ့အဆံများနှင့် အခွံမာသီးများ ဗာဒံစေ့၊ သစ်ကြားသီး၊ chia ၊ flax seeds စတဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ များများစားပေးသင့်ပါတယ်။

(၄) ကော်ဖီအစား Green Tea သောက်ပါ

Green Tea
Photo : Eat This, Not That

ကိုယ်အလေးချိန်လျှော့ချနေသူတွေအနေနဲ့ ကော်ဖီးအစား Green Tea ကိုသောက်သင့်ပါတယ်။ Green Tea ဟာ ဇီဝဖြစ်ပျက်မှုကိုထိန်းညှိပေးပြီး ဝမ်းဗိုက်မှာရှိတဲ့ အဆီတွေကိုချေဖျက်ပေးနိုင်တဲ့ ဒြပ်ပေါင်းများ ပါဝင်ပါတယ်။ ဒါကြောင့်ပဲ Green Tea ဟာ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့ အကောင်းဆုံးသောက်စရာအဖြစ် ဝိတ်ချနေသူတွေကြား နာမည်ကြီးတာပါ။

(၅) ဆားစားသုံးမှုလျော့ချပါ

 High sodium foods

Photo : Medical News Today

ကိုယ်အလေးချိန်မြန်မြန်ကျချင်တယ်ဆိုရင်တော့ ဆိုဒီယမ်စားသုံးမှုကို လျှော့ချပေးဖို့လိုပါတယ်။ အသင့်စားအစားအစာများ ၊ စည်သွတ်ဘူးများ ၊ အေးခဲထားသော အစားအစာများ ၊ ပြုပြင်ထားတဲ့ အသားတွေမှာ ဆိုဒီယမ်ပါဝင်မှုများပြီး ကိုယ်အလေးချိန်တက်စေရုံမက ကျန်းမာရေးကိုလည်းဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။

(၆) လေ့ကျင့်ခန်းမလုပ်ခင် ဗာဒံစေ့စားပေးပါ

Almonds
Photo : Treehugger

လေ့ကျင့်ခန်းမလုပ်ခင်မှာ ဗာဒံစေ့အနည်းငယ်စားပေးမယ်ဆိုရင် ရလဒ်ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ပရိုတင်းဓာတ် အရင်းအမြစ်တစ်ခုဖြစ်တဲ့ ဗာဒံစေ့ (almonds) မှာ အမိုင်နိုအက်ဆစ် L-arginine ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ၎င်းက လေ့ကျင့်ခန်းလုပ်ချိန်မှာ ကယ်လိုရီပိုလောင်ကျွမ်းဖို့ ကူညီပေးနိုင်ပါတယ်။

(၇) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ

Athlete Working Out With Battle Rope At Gym
Photo : Men’s Health

ကိုယ်အလေးချိန်လျော့ချဖို့အတွက်ဆို စားသောက်နေထိုင်မှုပုံစံတွေကို ဂရုစိုက်ဖို့လိုသလို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကိုလည်း မှန်မှန်ပြုလုပ်သွားရမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အဆီပိုတွေကိုလောင်ကျွမ်းစေပြီ ကြွက်သားများကျစ်လစ်သန်မာလာအောင် ကူညီပေးနိုင်ပါတယ်။ အဓိကအားဖြင့် လေ့ကျင့်ခန်းကို တစ်စိုက်မတ်မတ် ပုံမှန်လေးလုပ်သွားမယ် အပေါ်က စားသောက်နေထိုင်မှုပုံစံတွေကိုလည်း လိုက်နာမယ်ဆိုရင် တစ်လအတွင်း သိသိသာသာ ကိုယ်အလေးချိန်လျော့ကျသွားမှာဖြစ်ပါတယ်။

Featured Photo : YouWorkForThem