ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားများ တောင့်တင်းချင်တဲ့ ယောကျာ်းများအတွက် အထိရောက်ဆုံးလေ့ကျင့်ခန်းကတော့ Squat ထိုင်ခြင်းပဲဖြစ်ပါတယ်။

Squat ထိုင်တဲ့အခါ သတိထားရမယ့်အချက်အချို့ရှိပါတယ်။ ထိုအချက်များကို သိရှိနားလည်ထားမှသာလျှင် သင့်ရဲ့အရိုးနှင့် ကြွက်သားများအတွက် အထောက်အကူဖြစ်မှာဖြစ်ပြီး အရိုးနဲ့ ကြွက်သားများ ထိခိုက်မှုကို တားဆီးနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင် Squat ထိုင်မယ့်သူတွေအနေနဲ့ ဘယ်လိုအချက်တွေကို သိထားသင့်သလဲ။

အရင်ဦးဆုံး အလေးတုံး မပါဘဲ စလုပ်ရပါမယ်

squat exercises for men

သင် ပထမဦးဆုံး Squat စထိုင်မယ့်နေ့မှာ အလေးတုံးမပါဘဲ ပုံမှန် ထိုင် ထ လုပ်သလို Squat ထိုင်ပေးရပါမယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ Squat ထိုင်ဖို့တော့ လိုပါလိမ့်မယ်။ ခြေသလုံးနဲ့ ပေါင်ကြွက်သားကိုပဲ အလုပ်လုပ်ခိုင်းရပါမယ်။

ကျွမ်းကျင်လာမှ အလေးတုံးအသုံးပြုပါ

squat exercises for men

သင့်အနေနဲ့ တဖြည်းဖြည်း ကျွမ်းကျင်လာပြီး Squat ထိုင်တာ ၂ ရက်ကနေ ၃ ရက် ကြာလာပြီဆိုရင်တော့ အပေါ့ဆုံးအလေးတုံးကို စထည့်ကြည့်လိုက်ပါ။ ထိုအလေးတုံးနဲ့ပဲ တစ်ပတ်တိတိ Squat ထိုင်ရပါမယ်။

ပုံစံအသစ် ထပ်တိုးပြုလုပ်ပါ

squat exercises for men

အခြေခံအဆင့်ကနေ တဖြည်းဖြည်းကျွမ်းကျင်လာပြီဆိုရင်တော့ နောက်ထပ်ပုံစံအသစ်တစ်မျိုးနဲ့ Squat ထိုင်ရပါမယ်။ ပုံမှန်ဆို အလေးတန်းကို ပုခုံးပေါ်မှာ တင်ထားရာကနေ ရင်အုပ်ပေါ်သို့ ပြောင်းတင်ကာ လေ့ကျင့်ခန်း ဆက်လုပ်ပါ။

အလေးတန်းကို အောက်ကနေ အပေါ်သို့ မ ပါ

squat exercises for men

သင့်ခြေထောက်နှစ်ဖက်ကို ပုံပါအတိုင်း ချဲထားပါ။ ထို့နောက် အလေးတန်းကို အောက်ကနေ အပေါ်သို့ ဆွဲမလိုက်ပါ။ သင့်ရဲ့ခါးကို ကုန်းမထားရပါဘူး။ Squat ထိုင်ချတဲ့အခါမှာလည်း ပုခုံးက ကုန်းနေတာမျိုးမဖြစ်ရဘဲ မျဉ်းစောင်းပုံသဏ္ဍာန် ခပ်စောင်းစောင်းလေးဖြစ်နေရပါမယ်။

အလေးတုံး ပြောင်းပါ နောက်ထပ်ပုံစံတစ်မျိုး ထပ်တိုးပြုုပ်ပါ

squat exercises for men

အရင်တုန်းက အလေးတုံးကို 5 Kg အသုံးပြုတယ်ဆိုရင် ဒီတစ်ခေါက်မှာတော့ အလေးတုံး ထပ်တိုးလိုက်ပါ။ ထို့နောက် အလေးတန်းကို တံတောင်ကြားထဲ ညှပ်ထားပြီး ထိုင် ထ ပြုလုပ်ရပါမယ်။

ဒီလိုအခြေခံအဆင့်ကနေ တဖြည်းဖြည်းပေါင်းထည့်သွားကာမှ သင့်ရဲ့ခန္ဓာကိုယ်၊ အရိုးအဆစ်များနဲ့ ကြွက်သားများအတွက် အထူးကောင်းမွန်မှာဖြစ်ပါတယ်။

Source: Menshealth.com

Featured Image Source: Healthline.com