ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများအတွက် မိနစ် ၂၀ တည်း အချိန်ပေးရုံနဲ့ ကြွက်သားများ ကြီးထွားလာအောင် ဆော့ကစားချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများက သင့်ကို ကူညီပေးပါလိမ့်မယ်။

လေ့ကျင့်ခန်း (၁)

Intensive 20 Minutes full body workout for men

ပုံပါအတိုင်း ခုံတန်းရှည်ပေါ်သို့ တစ်လှည့်စီ တက်လိုက်ဆင်းလိုက် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ ပြုလုပ်ပေးရမှာပါ။

လေ့ကျင့်ခန်း (၂)

Intensive 20 Minutes full body workout for men

Source: Healthline

မနိမ့်မမြင့်ခုံတန်းရှည်ပေါ်တွင် ညာခြေတင်ထားပါ။ ထို့နောက် ပုံပါအတိုင်း ခုံပေါ်သို့ တက်လိုက်ပြီး ဘယ်ခြေကို အပေါ်သို့ ပင့်တင်လိုက်ပါ။ စက္ကန့် ၃၀ ပြည့်အောင် ပြုလုပ်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ဘယ်ခြေကို ခုံပေါ်သို့ ပြောင်းတင်ကာ ညာခြေကို အထက်ဖော်ပြပါနည်းအတိုင်း ဆက်လက်ပင့်တင်ပေးရပါမယ်။ စက္ကန့် ၃၀ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

Intensive 20 Minutes full body workout for men

Source: Flab Fix

ခြေထောက်နှစ်ဖက်ကိုတော့ တစ်နေရာတည်းမှာ အသေထားရပါမယ်။ ထို့နောက် ခန္ဓာကိုယ်ကို အရှေ့သို့ လှဲချရင်း လက်နှစ်ဖက်ကိုလည်း အရှေ့သို့ တဖြည်းဖြည်းချင်းစီ ရွေ့သွားရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

Intensive 20 Minutes full body workout for men

Source: Gfycat

ဒီလေ့ကျင့်ခန်းကတော့ အားလုံးနဲ့ရင်းနှီးပြီးသားလေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် အထွေအထူးရှင်းပြစရာမလိုလောက်ဘူးလို့ ထင်ပါတယ်။ သူ့ကိုလည်းပဲ စက္ကန့် ၃၀ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

Intensive 20 Minutes full body workout for men

Source: Make A Gif

အရင်ဦးဆုံး လေးဘက်ထောက်ထားကာ ခန္ဓာကိုယ်ကို ခပ်ကုန်းကုန်းလေး မှောက်ထားပါ။ ထို့နောက် ခန္ဓာကိုယ်ကို တစ်ဖက်ခြမ်းသို့လှည့်ကာ ဘယ်ခြေကို ဆန့်တန်းပြီး ညာလက်ဖြင့် ထိကပ်ပေးလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ထို့နောက် ခန္ဓာကိုယ်ကို အခြားတစ်ဖက်သို့ လှည့်ပြီး ညာခြေကို ဘယ်လက်ဖြင့် ထိကပ်ပေးလိုက်ပါ။ စက္ကန့် ၃၀ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

Intensive 20 Minutes full body workout for men

Source: Flab Fix

လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်တွင် လှဲလျောင်းနေပါ။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွလိုက်ပြီး ဘယ်ဒူးကို ရင်ဘတ်ဆီသို့ ဆွဲယူပါ။ ဟန်ချက်ညီဖို့ရန်အတွက် ညာလက်ကိုလည်း လှုပ်ရှားပေးရပါမယ်။ ဘယ်ညာ တစ်လှည့်စီ စက္ကန့် ၃၀ ပြုလုပ်ရမှာဖြစ်ပါတယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများအားလုံးပြီးသွားပါက ၁ မိနစ်ခန့် အနားယူနိုင်ပါတယ်။ ထို့နောက် နောက်ထပ် ၃ ကျော့ (သို့) ၄ ကျော့စီ ထပ်မံပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်းမစခင်မှာ သွေးပူလေ့ကျင့်ခန်းနှင့် လေ့ကျင့်ခန်း ပြီးသွားတဲ့အခါမှာ အကြောလျော့လေ့ကျင့်ခန်းတို့ကို ၅ မိနစ်စီ ပြုလုပ်ပေးဖို့လည်း လိုအပ်ပါသေးတယ်။

Source: Men’s Health

Featured Image Source: Bodybuilding.com