ကမ္ဘာကျော်တေးဂီတပညာရှင်များသည် ကျွန်တော်တို့လူသားများကို ပျော်ရွှင်လာအောင်၊ ဝမ်းနည်းတတ်လာအောင်၊ လွမ်းဆွေးခံစားတတ်လာအောင်၊ ခုန်ပေါ်ပျော်မြူးလာတတ်အောင် သူတို့သီချင်းတွေနဲ့ ဖမ်းစားတတ်ပါတယ်။
ခေတ်အဆက်ဆက်တွင် လင်းလက်တောက်ပနေတဲ့ ကမ္ဘာကျော်တေးဂီတပညာရှင်ကြွယ်ပွင့်များ ကြွေလွင့်သွားရပေမယ့် သူတို့ရဲ့တေးသီချင်းများကတော့ သေဆုံးမသွားဘဲ ယနေ့ထိတိုင်ရှင်သန်နေဆဲပါ။
အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော်တေးဂီတပညာရှင်များဆီမှာ လူသိနည်းတဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်များလည်း ရှိပါသေးတယ်။
Freddie

အဆိုတော် Freddie တစ်ယောက်သည် Crazy Little Thing Called Love ဆိုတဲ့ တေးသီချင်းကို ဘယ်နေရာမှာ ရေးသားခဲ့တယ်လို့ထင်ပါသလဲ။ ဟိုတယ်ရဲ့ရေချိုးဇလုံထဲမှာ ရေးသားခဲ့တာပါ။ သူသည် ရေချိုးနေရင်း အာရုံရလာတာကြောင့် သူ့ရဲ့စန္ဒယားကို ရေချိုးခန်းထဲ ပြောင်းပြီးတော့ကို ရေချိုးဇလုံထဲမှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။
Beethoven

စန္ဒယားပညာရှင်ကြီး Beethoven ကိုတော့ အားလုံးပဲ သိကြမှာပါ။ သူသည် ပါရမီပါတဲ့ကျောင်းသားများ (သို့) ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးငယ်များကိုသာ စန္ဒယားသင်ချင်တာပါ။ ပါရမီမပါတဲ့သူများကိုတော့ စန္ဒယားသင်ပေးရတာကို အင်မတန်မုန်းတဲ့သူတစ်ယောက်ပါ။
Bob Marley

Bob Marley သည် အသက် ၃၆ နှစ်အရွယ်တွင် ကင်ဆာနဲ့မဆုံးပါးသွားခင်မှာ သူ့သား Ziggy ကို နောက်ဆုံးအကြိမ်ပြောခဲ့တဲ့စကားရှိပါတယ်။ ထိုစကားကတော့ “ငွေသည် ဘဝကို မဝယ်နိုင်ဘူး” ဆိုတဲ့အဖိုးတန်စကားပါပဲ။
Elvis Presley

Elvis Presley သည် အသက် ၁၁ နှစ်အရွယ်မှာ ဂီတာတစ်လုံးကို လက်ဆောင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့သူသည် ထိုအချိန်တုန်းက စက်ဘီးတစ်စီးလိုချင်နေခဲ့တဲ့အတွက်ကြောင့် ဂီတာလက်ဆောင်ရတာကို မပျော်ရွှင်ခဲ့ပါဘူးတဲ့။
Michael Jackson

Michael Jackson ထံတွင် ဆုတံဆိပ်ပေါင်း ဘယ်လောက်များများ ရှိမယ်လို့ သင်ထင်ပါသလဲ။ သူ့ထံတွင် ဂ၈်းနစ်စံချိန်တင်ဆု ၂၃ ဆု၊ Billboard ဆု ၄၀ ၊ ဂရမ်မီဆု ၁၃ ဆုနှင့် American Music Awards ဆု ၂၆ ဆုတို့ကို ဆွတ်ခူးပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသောအဆိုတော်ဖြစ်ပါတယ်။
Beatles

Beatles အဖွဲ့ရဲ့သီချင်းတွေထဲမှာ အစားအသောက်အကြောင်း ကြိမ်ဖန်များစွာပါဝင်နေတာကို အံ့အားသင့်စွာတွေ့မြင်နိုင်ပါတယ်။ ဘယ်လိုအစားအသောက်တွေလဲဆိုတော့ ပြောင်းဖူး၊ ပျားရည်၊ ရေဘဝဲ၊ ကြက်ဆင်၊ Marshmallows ၊ စတော်ဘယ်ရီ၊ ကြက်ဥ၊ ငရုတ်သီးနှင့် Pies မုန့်တို့ပဲဖြစ်ပါတယ်။
Source: Brandmusiq.com
Featured Image Source: 18karatreggae.com
