Introverts တွေဟာ တခြားသူတွေနဲ့ ပြင်ပကမ္ဘာထက် သူတိုရဲ့ စိတ်အတွင်းပိုင်းကို ဦးစားပေးတတ်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ Extrovert တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် Introvert တွေက တိတ်ဆိတ်တတ်ကြပြီး တစ်ယောက်တည်း နေရတာကို ပိုပြီး ခုံမင်နှစ်သက် ကြပါတယ်။ ဒါပေမယ့် သူတိုက တခြားသူတွေကို ကြောက်တာ ၊ မကြိုက်တာမျိုးတော့ မဟုတ်ကြပါဘူး။ Introvert တွေမှာ Extrovert တွေနဲ့ မတူညီတဲ့ ကောင်းတဲ့ အလေ့အကျင့် တွေ ရှိနေပါတယ်။ ဒီတစ်ခါမှာ Introverts တွေဆီကနေ ကွီးတို့ အတုယူနိုင်မယ့် အလေ့အကျင့် ကောင်း ၄ ခု အကြောင်း ပြောပြပေးပါမယ်။

(၁) သူတို့ဟာ ဆက်ဆံရေးကောင်းတွေကို ဖန်တီးနိုင်ကြတယ်

Photo : Unsplash

Introvert တွေဟာ Social Butterfly တွေ မဟုတ်ကြပေမယ့် သူတို့က သူတို့အနားမှာထားတဲ့ လူတွေနဲ့ အလွန်ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို ဖန်တီးထားလေ့ရှိပါတယ်။ အခြားသူတွေနဲ့ ပုံမှန်လို ပေါင်းသင်းဆက်ဆံနိုင်ပေမယ့် Introvert တွေက များသောအားဖြင့် သူတို့ကို လူတွေပိုယုံကြည်လာစေနိုင်တဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်ကြသူတွေ ဖြစ်ပါတယ်။ ဒါက သူတို့ပတ်ဝန်းကျင်က သူတွေအနေနဲ့ သူတိုရဲ့ ဦးဆောင်မှုနောက်ကို လိုက်ချင်အောင် လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။

(၂) တစ်ယောက်တည်း အလုပ်များများပြီးအောင် လုပ်နိုင်တယ်

Photo : Unsplash

လူတော်တော်များများက အဖွဲ့လိုက်ဆိုရင် အလုပ်ပိုလုပ်နိုင်ကြပေမယ့် introvert တွေကတော့ သူတို့မှာ Team မရှိပဲနဲ့လည်း အလုပ်ပြီးမြောက်အောင် လုပ်နိုင်စွမ်းရှိ ကြပါတယ်။ သူတိုရဲ့ ထူးခြားတဲ့ ဒီကိုယ်ရည်ကိုယ်သွေးက သူတို့ကို တခြားသူတွေဆီကနေ အကူအညီအများကြီးယူစရာမလိုတဲ့ အားသာချက်မျိုး ဖြစ်စေပါတယ်။ ဒီအားသာချက်ကြောင့် Introvert တွေဟာ တစ်ယောက်တည်းလုပ်ရတဲ့ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်တွေမှာလည်း မြန်မြန်ဆန်ဆန် အောင်မြင်တတ်ကြပါတယ်။

(၃) သူတို့က စကားပြောကောင်းသူတွေပါ

Photo : Unsplash

Introvert တွေက အလွန်ရှက်တတ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ မိန့်ခွန်းပြောတာလို လူတွေအများကြီးရဲ့အရှေ့မှာတောင် စကားကောင်းကောင်း ပြောဆိုနိုင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တစ်ခုခုလုပ်ဖို့ကို အမြဲကြိုတင် လေ့ကျင့်ထားလေ့ရှိတဲ့ ဇွဲကောင်းသူတွေ ဖြစ်ကြလို့ပါ။ သူတို့ ဝါသနာပါတဲ့အကြောင်းအရာ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ပညာရပ် တစ်ခုခုအကြောင်းပြောရတဲ့ အခါမျိုးဆိုရင် ပိုပြီးစိတ်ပါလက်ပါနဲ့ ပြောဆိုနိုင်ကြပါတယ်။

(၄) သူတို့ကိုယ်တိုင် ပျော်ရွှင်မှုကို ဖန်တီးတတ်ကြတယ်

Photo : Unsplash

ပျော်ရွှင်မှုဆိုတာ အခြားသူများတွေဆီမှာ ရှာဖွေရတာ ခက်ခဲတဲ့အရာဖြစ်နိုင်သလို ရေရှည်မခံတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Introvert တွေကတော့ သူတို့ရဲ့ ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးနိုင်ကြသလို ထိန်းထားနိုင်စွမ်းလည်း ရှိကြပါတယ်။ များသောအားဖြင့် တစ်ယောက်တည်းနေပြီး သီချင်းနားထောင်တာ၊ ခွေးလေးတွေနဲ့ လမ်းလျှောက်တာ၊ အပင်တွေနဲ့ သဘာဝတရားတွေကို ကြိုက်တတ်ကြပြီး Introvert တွေက တခြားသူတော်တော်များများလိုမဟုတ်ဘဲ သူတိုရဲ့ပျော်ရွှင်မှုကို အသေးအဖွဲ့လေးတွေကနေ အမြဲတမ်းရှာတွေ့တတ်ကြပါတယ်။

Featured Photo : Medium