၂၀၂၂ ခုနှစ်အတွက် အသစ်ထွက် လာမယ့်iPhone 14စီးရီးဟာ Apple အတွက် Big Change ကြီးတစ်ခု ဖြစ်နိုင်ပါတယ်။ ပြောင်းလဲဆန်းသစ်မှု မြန်ဆန်လွန်းတဲ့ စမတ်ဖုန်းထုတ်ကုန်သစ်တွေအကြားမှာ Apple ဟာ ပြိုင်ဘက်တွေကို ယှဉ်နိုင်လောက်တဲ့ အမိုက်စား Features တွေကို ဒီထုတ်ကုန်သစ်မှာ ထည့်သွင်းလာမယ်လို့ အများက ယူဆထားကြပါတယ်။ ဒီနှစ်ထဲ ကြေညာသွားဖို့ ရှိတဲ့iPhone 14စီးရီးမှာ ပါလာဖို့ မျှော်လင့်ရတဲ့ Features တွေအကြောင်း မျှဝေပေး လိုက်ပါတယ်။

(၁) Mini ဗားရှင်း ပါတော့မှာ မဟုတ်

iPhone 14

Photo : appleinsider

iPhone 12စီးရီးကတည်းက မိတ်ဆက်သွားခဲ့တဲ့ Mini ဗားရှင်းဟာ ဒီနှစ်မှာ တွေ့မြင်ရတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 9to5Mac ရဲ့ သတင်း အရင်းအမြစ်တွေအရiPhone 14စီးရီးဟာ ၆.၁ လက်မ နဲ့ ၆.၇ လက်မ ဗားရှင်းနှစ်မျိုးပဲ ထွက်မယ်လို့ ဆိုပါတယ်။ iPhone 14ရိုးရိုးမော်ဒယ်ကို ကုဒ်နာမည် D27 နဲ့ D28 တွေနဲ့ သတင်းထွက်နေပြီး Pro မော်ဒယ်တွေကတော့ ကုဒ်နာမည် D73 နဲ့ D74 စီးရီး သတင်းတွေက ဖော်ပြထားပါတယ်။iPhone 14( Screen Size ၆.၁ လက်မ ) ၊iPhone 14 Max ( Screen Size ၆.၇ လင်မ ) ၊iPhone 14 Pro ( Screen Size ၆.၁ လက်မ ) နဲ့ iPhone 14 Pro Max ( Screen Size ၆.၇ လက်မ ) ဆိုပြီး မော်ဒယ် ၄ မျိုး ထွက်လာ နိုင်ပါတယ်။

(၂) iPhone 14 Pro နဲ့ ရိုးရိုးမော်ဒယ်အကြား ဒီဇိုင်းကွာခြားချက်

iPhone-14-Moc

Photo : macrumors

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ iPhone 14 Pro Model တွေမှာ Hole Punch+ Pill Shape Design ကို သုံးလာမယ်လို့ ဆိုပါတယ်။ ၂၀၁၇ iPhone X မှာကတည်းက သုံးလာတဲ့ ရုပ်ဆိုးဆိုး Notch အစား လက်ရှိ Trending ဖြစ်နေတဲ့ Punch Hole ဖက်ရှင်ကို iPhoneအနေနဲ့ ပထမဆုံး ပြောင်းလဲ အသုံးပြုလာတာပဲ ဖြစ်ပါတယ်။ ရိုးရိုးမော်ဒယ်iPhone 14နဲ့iPhone 14 Max တို့မှာတော့ iPhone 13 စီးရီးမှာ သုံးတဲ့ Notch မျိုးပဲ သုံးလာနိုင်ပါတယ်။

(၃) iPhone 14 Pro နဲ့ ရိုးရိုးမော်ဒယ်အကြား Chipset ကွာခြားချက်

apple-a15

Photo : 9to5mac

ဒီနှစ်iPhone သစ်တွေမှာ ထူးခြားချက်က အရင့်အရင် နှစ်တွေကလို Chipset တစ်မျိုးတည်းပဲ Share သုံးတော့မှာ မဟုတ်ဘဲ Pro နဲ့ ပုံမှန်မော်ဒယ်ကို ခွဲခြားတော့ မျာပါ။ နာမည်ကျော် Apple ရေးရာ လေ့လာသုံးသပ်သူ မင်ချိကုအိုက Apple ဟာ iPhone 14ရိုးရိုး မော်ဒယ်တွေမှာ iPhone 13 တုန်းက သုံးသွားတဲ့ A15 Bionic Chipset ပဲ သုံးမယ်လို့ ဆိုပါတယ်။

A15 Bionic Chipset ဟာ ၆.၁ လက်မiPhone 14နဲ့ ၆.၇ လက်မiPhone 14 Max တို့မှာ သုံးလာနိုင်ပြီး RAM ပမာဏကိုလည်း အရင်လို 4GB ကနေ 6GB ကို မြှင့်တင်လာနိုင်တယ်လို့ မင်ချိကုအိုက ပြောပါတယ်။ A16 Bionic Chipset သစ်ကိုတော့ ပိုပြီး High-End ကျသလို ဈေးလည်း ပိုမြောက်တဲ့ ၆.၁ လက်မ နဲ့ ၆.၇ လက်မiPhone 14 Pro နဲ့iPhone 14 Pro Max တို့မှာပဲ ရွေးချယ် အသုံးပြုသွားမှာပါ။

(၄) iPhone 14 Pro မော်ဒယ်အတွက် 48MP Main Sensor

iPhone-14

Photo : 9to5mac

နောက်ထပ် အရေးပါတဲ့ Features သစ်ကတော့iPhone 14 Pro မှာ 48MP Main Sensor ပထမဆုံး သုံးလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကိုလည်း မင်ချိကုအိုက ခန့်မှန်းပြော ဆိုထားတာ ဖြစ်ပါတယ်။ 48MP Wide Sensor သစ်ကြောင့် Apple ရဲ့ Pro မော်ဒယ်iPhone သစ် ကင်မရာစွမ်းရည်ဟာ ချီးကျူး လောက်စရာ ရလဒ်တွေ ထွက်လာ နိုင်ပါတယ်။ ပုံမှန်iPhone 14မော်ဒယ်တွေ မှာတော့ 12MP Sensor ပဲ ဆက်သုံးနိုင်ပါတယ်။

Featured Photo : 9to5mac