ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် iPhone ရွေးသင့်သလား Android ဝယ်သင့်သလားဆိုတဲ့ အကြောင်းအရာသည် သင် ထည့်သွင်းစဥ်းစားမယ့် အချက်များအပေါ် များစွာမှီတည်နေပါတယ်။ စမတ်ကျကျနဲ့ ဆုံးဖြတ်ဖို့လိုအပ်ပြီး ဘက်မလိုက်တတ်တဲ့ အတွေးအခေါ်မျိုးလည်း ပိုင်ဆိုင်ထားဖို့လိုအပ်ပါတယ်။

သင့်အနေနဲ့ မိမိက ဘယ်လိုအခြေအနေများကြောင့် iOS ဖုန်းမျိုး ဝယ်ချင်တာလဲ Android ဝယ်ချင်သလဲဆိုတာကို ကြိုတင်စဥ်းစားထားမယ်ဆိုရင်တော့ ရွေးချယ်ရတာလဲ ပိုမိုလွယ်ကူသွားပါလိမ့်မယ်။

5G အမျိုးအစား လိုချင်တာလား

iPhone Android

Photo: Smartprix

အခုနောက်ပိုင်း ဖုန်းတော်တော်များများမှာလည်း 5G အမျိုးအစားဖြင့် ထုတ်လုပ်ထားတာကို တွေ့မြင်နေရပြီဖြစ်ပါတယ်။ သို့သော် ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ ပြန်လည်သုံးသပ်ကြည့်လိုက်ပါ။ မိမိနိုင်ငံမှာ 5G က အမှန်တကယ်ပဲ အသုံးတည့်ပါ့မလား။ 4G နဲ့တင်ပဲ အဆင်ပြေနေပြီလား စတဲ့အချက်တွေကိုပါ ထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။

ဈေးနှုန်း

iPhone Android

ဖုန်းဝယ်တော့မယ်ဆိုရင် မရှိမဖြစ် ထည့်သွင်းစဥ်းစားသင့်တဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘတ်ဂျက်နဲ့ ကိုယ် ဝယ်ချင်တဲ့ ဖုန်းက ဈေးနှုန်းချင်း ကိုက်ညီမယ်ဆိုရင်တော့ ထွေထွေထူးထူး စဥ်းစားစရာမလိုပါဘူး။ ကိုယ့်လက်ထဲမှာက ဒေါ်လာ ၅၀၀ ပဲရှိပြီး ကိုယ် လိုချင်တဲ့ဖုန်းက ဒေါ်လာ ၁၀၀၀ တန်ဖုန်းဆိုရင်တော့ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။

လုံခြုံရေးစနစ်အပိုင်း

iPhone Android

Photo: Cismobile

လုံခြုံရေးနဲ့ ပတ်သက်လာရင်တော့ Android မှာလည်း ပြဿနာအများကြီးရှိနေတာတော့မဟုတ်ပါဘူး။ သို့သော် Android ထက် အိုင်ဖုန်းက ပိုပြီး လုံခြုံရေးပိုင်းမှာ ပိုပြီး အဆင့်မြင့်တာကို တွေ့ရပါတယ်။ အဆင့်မြင့်လွန်းတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ Password ကိုတောင် ကိုယ် မမေ့အောင် သေချာဂရုစိုက်သင့်ပါတယ်။ နို့မဟုတ်ရင် ငွေကုန်ကြေးကျများပြီး ကိုယ်ပိုင်ဒေတာအချက်အလက်များတောင် ပျောက်ပျက်ကုန်မှာဖြစ်ပါတယ်။

အချိန်နှင့်တပြေးညီ Update ပေးခြင်း

iOS update

Photo: Forbes

Software Update ပိုင်းနဲ့ ပတ်သက်လာရင်တော့ ပန်းသီးက Android ကို အပြတ်အသတ်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း iPhone User များက သဘောကျနှစ်ခြိုက်ကြတာဖြစ်ပါတယ်။ ကွီးတို့လည်း ဒီလိုမျိုး အချိန်နှင့် တပြေးညီ Update လုပ်ပေးနေတဲ့ ဖုန်းမျိုးကို လိုချင်တယ်ဆိုရင်တော့ ပန်းသီးဖုန်းကိုသာ ရွေးချယ်သင့်ပါတယ်။

ဘက္ထရီပိုင်းနှင့် အားသွင်းမှု မြန်ဆန်ခြင်း

phone battery

Photo: Myrepublic

ဘက္ထရီပိုင်းနဲ့ ပတ်သက်လာရင်တော့ ပြောရခက်ပါတယ်။ Android မှာတင်ပဲ ဘရန်းအမျိုးအစား၊ မော်ဒယ်အမျိုးအစား အမျိုးမျိုးရှိတဲ့အတွက်ကြောင့် ပုံသေပြောလို့မရပါဘူး။ ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် Android ထဲမှာ Samsung တို့ Google တို့သည် အားသွင်းရမြန်ဆန်ပြီး iPhone လိုမျိုးလည်း ခဏခဏ အားသွင်းနေစရာမလိုပါဘူး။ အခြားမော်ဒယ်တွေလည်း iPhone ထက် အားသွင်းနှေးတာတွေလည်း ရှိနိုင်ပါတယ်။ သင်သည် သင့်ရဲ့ဖုန်းကို ဘယ်လိုမျိုးအသုံးပြုသလဲဆိုတဲ့ အပေါ်မူတည်ပြီး ဖုန်းရဲ့ ဘက္ထရီ သက်တမ်းသည်လည်း ကွာခြားသွားမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ ကွီးတို့လည်း ဖုန်းတစ်လုံးဝယ်တဲ့အခါ ဘယ်ဖုန်း ဝယ်ရမလဲဆိုတာ စဥ်းစားရ လွယ်သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Computerworl

Featured Image: Laptopmag