vivo ရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ iQOO ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Dimensity 9300 Chipset မောင်းနှင်ထားတဲ့ iQOO Neo9 Pro ကို တရုတ်နိုင်ငံမှာ စတင်ကြေညာခဲ့ပြီး အဲ့ဒီနောက်မှာ နိုင်ငံတကာ ဈေးကွက်အတွက် Snapdragon 8 Gen 2 Chipset ပြောင်းလဲအသုံးပြုထားတဲ့ မော်ဒယ်ကို ထပ်မံ မိတ်ဆက်ခဲ့ပါတယ်။ အခုတဖန် Snapdragon 8 Gen 3 Chipset မောင်းနှင်ထားတဲ့ Neo စီးရီးရဲ့နောက်ဆုံးထွက် မျိုးဆက် Neo 9s Pro စမတ်ဖုန်း အသစ်ကို ဆက်လက် မိတ်ဆက်သွားတော့မှာပဲ ဖြစ်ပါတယ်။

 iQOO Neo 9s Pro

Photo : GSMArena.com

တရုတ်နိုင်ငံက ပေါက်ကြားလာတဲ့ သတင်းတွေအရတော့ 3C မှာ Certified ဖြစ်ထားပြီး 120W အားသွင်းစနစ်ပါတဲ့ iQOO Neo 9s Pro စမတ်ဖုန်း အသစ်ကို မကြာမီ အချိန်အတွင်း မိတ်ဆက်သွားဖို့ ကုမ္ပဏီဘက်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Snapdragon 8 Gen 3 ပါတဲ့ iQOO Neo ဖုန်းအသစ်ကို ယခင်က iQOO Neo 10 ဆိုတဲ့ နာမည်နဲ့ ထွက်လာမယ်လို့ ကောလဟာလတွေလည်း ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် Neo 9s Proဟာ ယခင်ထွက်ခဲ့တဲ့ Neo9 Pro နဲ့ Chipset ကလွဲပြီး ကင်မရာ ၊ Interface နဲ့ ဒီဇိုင်းပိုင်း အားလုံး အတူတူပဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

iQOO Neo 9s Pro

Photo : Gizchina.com

vivo အနေနဲ့တော့ လာမယ့် ၂ လအတွင်းမှာ iQOO Neo 9s Proအပါအဝင် vivo X100s ၊ X100s Pro ၊ X100 Ultra စမတ်ဖုန်းတွေ နဲ့ iQOO Pad2 Pro ၊ vivo Pad3 တက်ဘလက်တွေကိုပါ ဆက်တိုက် မိတ်ဆက်သွားဖွယ် ရှိနေပါတယ်။

Featured Photo : Gadgets 360