iQOO Z9 စမတ်ဖုန်းအသစ်ကို အခုပတ် မတ်လ ၁၂ ရက်နေ့မှာ တရားဝင် ကြေညာဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာတော့ အဆိုပါ စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ဈေးနှုန်းတွေ ပေါက်ကြားလာပါတယ်။

iQOO Z9

Photo : 91 Mobiles

သတင်းတွေအရတော့ iQOO Z9 ဟာ 8GB RAM နဲ့ Storage အတွဲအစပ် ၂ မျိုးနဲ့ ထွတ်လာမယ်လို့ သိရပါတယ်။ ဈေးနှုန်တွေ အနေနဲ့ကတော့ Entry-Level ဖြစ်တဲ့ 8GB RAM / 128GB Storage မော်ဒယ်အတွက် ရူပီး ၁၇,၉၉၉ ကျသင့်မှာ ဖြစ်ပြီး 8GB RAM / 256GB Storage မော်ဒယ်ကတော့ ရူပီး ၁၉,၉၉၉ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

iQOO Z9 ကို အိန္ဒိယနိုင်ငံမှာ မတ်လ ၁၃ ရက်နေ့ကနေ စတင်ပြီး Amazon Prime မန်ဘာဝင်တွေအတွက် ဦးဆုံးရောင်းချပေးမယ်လို့ သိရပြီး မတ်လ ၁၄ ရက်နေ့မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

iQOO Z9 စမတ်ဖုန်းမှာ MediaTek ရဲ့ Dimensity 7200 SoC မောင်းနှင်ထားမှာဖြစ်ပြီး ကင်မရာအနေနဲ့တော့ ကျောဘက်မှာ OIS ပါတဲ့ Sony ရဲ့ IMX882 Sensor ကိုအသုံးပြုထားတဲ့ 50 MP ပင်မကင်မရာ ပါရှိလာမှာ ဖြစ်ပါတယ်။

iQOO Z9

Photo : Gadgets 360

ယခင် ထွက်ပေါ်လာတဲ့ ကောလဟာလ သတင်းတွေအရ အဆိုပါ စမတ်ဖုန်းမှာ “1.5K” 120 Hz OLED မျက်နှာပြင်နဲ့ ဘက်ထရီ 5,000 mAh ပါဝင်လာမယ်လို့ သိရပါတယ်။ အရောင်တွေအနေနဲ့ Graphene Blue နဲ့ Brushed Green အရောင် ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ vivo T3 လိုပဲ အခြားဈေးကွက်အချို့မှာ ရောင်းချသွားနိုင်ခြေရှိတယ်လို့ ခန့်မှန်းရပါတယ်။

Featured Photo : GSMArena.com