vivo ရဲ့ အမှတ်တံဆိပ်ခွဲ တစ်ခုဖြစ်တဲ့ iQOO ကနေ နောက်ဆုံးထွက် အလယ်အလတ်တန်းစား Gaming ဖုန်း iQOO Neo7 ကို တရုတ်နိုင်ငံမှာ ပွဲဦးထွက် မိတ်ဆက်သွားခဲ့ပါတယ်။ iQOO Neo7 ဖုန်း မှာ 120Hz AMOLED မျက်နှာပြင်နဲ့ Flagship-Grade MediaTek Dimensity 9000+ Chipset ကိုအသုံးပြုထားပြီး OIS ပါတဲ့ 50MP Main ကင်မရာနဲ့ 120W Fast Charging စနစ် ထောက်ပံ့ပေးထားပါတယ်။

Photo : GSMArena.com

iQOO Neo7 ဖုန်းရဲ့ Display ပိုင်းမှာဆိုရင် ၆.၇၈ လက်မ AMOLED မျက်နှာပြင်ကို အသုံးပြုထားပြီး FHD+ ရုပ်ထွက် ၊ 120Hz Refresh Rate နဲ့ 360Hz Touch Sampling Rate တို့ပါရှိပါတယ်။ ၎င်းမျက်နှာပြင်ဟာ HDR 10+ ထောက်ပံ့ပေးထားပြီး DCI-P3 Color Gamut နဲ့ အမြင်ဆုံး Brightness 1,500 nits အထိ ထုတ်ပေးမှာ ဖြစ်ပါတယ်။ Display ကို Dimensity 9000+ SoC ရဲ့ လေးလံတဲ့ Lifting အချို့ကို ဖယ်ထုတ်ပေးမယ့် Pro+ Display Chip ကို အသုံးပြုထားပါတယ်။

Photo : The 360 Tech

ကင်မရာပိုင်းမှာဆိုရင် 8MP Ultrawide နဲ့ 2MP Macro ကင်မရာတို့နဲ့အတူ OIS ပါရှိတဲ့ 50MP Sony IMX766V Main ကင်မရာကို တွဲဖက်တပ်ဆင်ပေးထားပါတယ်။ Software ပိုင်းမှာ Android 13 အခြေစိုက် OriginOS Ocean ကိုအသုံးပြုထားပြီး 120W Fast Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီနဲ့ လာပါတယ်။ iQOO ရဲ့ အဆိုအရ 0-50% အားသွင်းချိန် ၉ မိနစ်သာကြာမြင့်မယ်လို့ သိရပါတယ်။

iQOO Neo7 ဖုန်း ကို အနက်ရောင်၊ အပြာရောင်နဲ့ လိမ္မော်ရောင်ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်စရာ ပေးထားပြီး အနိမ့်ဆုံး 8/128GB မော်ဒယ်ကို ယွမ် ၂,၆၉၉ ( ဒေါ်လာ ၃၇၃ ) နဲ့စတင်ရောင်းချမှာ ဖြစ်ပါတယ်။ 12/512GB မော်ဒယ်အတွက်ကိုတော့ ယွမ် ၃,၂၉၉ (ဒေါ်လာ ၄၅၆) ခန့်ကျသင့်မှာ ဖြစ်ပြီး တရုတ်နိုင်ငံမှာ အောက်တိုဘာ ၃၁ ရက်နေ့ကနေ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Photo : Ultimatepocket

ဒါ့အပြင် iQOO က 14.2mm Dynamic Drivers တွေပါရှိတဲ့ TWS Air Wireless Earbuds ကိုလည်း ကြေညာသွား ခဲ့ပါတယ်။ Earbuds တစ်ခုစီမှာ Micrphones ၂ ခုတပ်ဆင်ပေးထားပြီး ၂၅ နာရီကြာ ဘက်ထရီသက်တမ်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယွမ် ၁၉၉ ( ၂၇ ဒေါ်လာ) ခန့်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Featured Photo : Gizmochina