ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများက ကြိုက်နှစ်သက်စွာ သောက်သုံးကြတဲ့ Jagermeister ဟာ ဂျာမန်ဆေးဘက်ဝင်အပင် ၆၀ ကျော် နဲ့ဖော်စပ်ထားပြီး အယ်ကိုဟော ပါဝင်မှုနှုန်း ၃၃ ရာနှုန်း ပါဝင်တဲ့အရည် တစ်မျိုးဖြစ်ပါတယ်။ Jagermeister ကို အမျိုးမျိုးရောစပ်ပြီး အမျိုးမျိုးသော ကော့လ်တေးတွေ ဖျော်စပ် သောက်သုံးကြပါတယ်။ ဒီတစ်ခါမှာတော့ Jagermeister ကို အသီးဖျော်ရည် တစ်မျိုးမျိုးနဲ့ရောစပ်ပြီး လန်းဆန်းစေပြီး အရသာရှိတဲ့ Jagermeister ကော့လ်တေး တစ်ခွက် ဖျော်စပ်နည်း လေးကို မျှဝေပေးချင်ပါတယ်။
အရသာရှိပြီး ရိုးရှင်းလွယ်ကူတဲ့ Jagermeister ကော့လ်တေး တစ်ခွက် ဖျော်စပ်မယ်ဆိုရင် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
Photo : Sugar and Charm
(၁) Jagermeister ၂ အောင်စ
(၂) ဂရိတ်ဖရုသီး ဖျော်ရည် ၂ အောင်စ
(၃) Simple Syrup ၀.၅ အောင်စ
(၄) ရေခဲများ နဲ့
(၅) အလှဆင်ရန် ဂရိတ်ဖရုသီးစိပ်လေးများ သို့မဟုတ် ကြိုက်နှစ်သက်ရာ အသီးစိပ်လေးများ လိုအပ်ပါတယ်။ ဂရိတ်ဖရုသီးဖျော်ရည်ဟာ အရောင်အဆင်း လှပတဲ့ အပြင် ဂရိတ်ဖရုသီးဖျော်ရည်နဲ့ ဖျော်စပ်တဲ့ ကော့လ်တေးတွေဟာလည်း လူကြိုက်များပါတယ်။ သို့သော်လည်း ကွီးတို့က ဂရိတ်ဖရုသီး ဖျော်ရည် ကို သိပ်မကြိုက်ဘူးဆိုရင် သူ့အစား လိမ္မော်သီးဖျော်ရည်၊ နာနတ်သီးဖျော်ရည်နဲ့ စပျစ်သီးဖျော်ရည် စသည်တို့နဲ့ အစားထိုးလို့ရပါတယ်။ လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သစ်သီးဖျော်ရည်များကို သုံးနိုင်လျှင် ပိုကောင်းပါတယ်။
ပါဝင်ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီဆိုရင် အရသာရှိတဲ့ ကော့လ်တေးလေး ဖျော်စပ်လို့ရပါပြီ။ ဖျော်စပ်ပုံကတော့
Photo : Sugar and Charm
ပထမဦးဆုံး အနေနဲ့ ကော့လ်တေး Shaker ထဲသို့ ရေခဲများဖြင့် ဖြည့်ပါ။ ထို့နောက် Jagermeister ၊ ဂရိတ်ဖရုသီး ဖျော်ရည် နဲ့ Simple Syrup တို့ကို ရေခဲဖြည့်ထားသော Shaker ထဲသို့ လောင်းထည့်လိုက်ပါ။ ပြီးလျှင် Shaker အပြင်ဘက် အေးလာတဲ့အထိ စက္ကန့် ၂၀ ကြာလှုပ်ခါ လှုပ်ခါပေးပါ။ ထို့နောက် ရရှိလာသော အရည်များကို ရေခဲထည့်ထားသော ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ နောက်ဆုံး အနေနဲ့ အဆင်သင့်ပြင်ထားသော ဂရိတ်ဖရုသီးစိတ်လေးများ သို့မဟုတ် ကွီးတို့ ကြိုက်နှစ်သက်ရာ အသီးစိပ်လေးများနဲ့ အလှဆင်လိုက်ပါ။
Photo : Sugar and Charm
ဒါဆိုရင်တော့ အရသာရှိပြီး လုပ်ရတာ ရိုးရှင်းလွယ်ကူတဲ့အပြင် လန်းဆန်းမှုကို ပေးစွမ်းနိုင်တဲ့ Jagermeister ကော့လ်တေး လေးတစ်ခွက်ရပါပြီ။ Jagermeister နဲ့ ဖျော်စပ်တဲ့ ကော့လ်တေးတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ တကယ်ကို အကြိုက်တွေ့စေမှာပါ။ အခုအခါ Jagermeister ကို ဈေးကွက်မှာ လွယ်လွယ်ကူကူ ရနိုင်နေပါပြီ။ ဒါကြောင့် လန်းဆန်းမှုကို ပေးစွမ်းနိုင်တဲ့ ဒီကော့လ်တေးလေးကို ကွီးတို့ သူငယ်ချင်းတွေနဲ့ ဆုံတွေ့ရမှာပဲ ဖြစ်ဖြစ်၊ အားလပ်တဲ့ အချိန်မှာ မိသားစုနဲ့ စကားစမြည်ပြောရင်း ပဲ ဖြစ်ဖြစ် လွယ်လွယ်ကူကူ ဖျော်စပ်သောက်သုံးလို့ရပါတယ်။
Source : Sugar and Charm
Featured Photo : My Cocktail Studio