ကွီးတို့ အိမ်မှာ မဝတ်ဖြစ်တော့တဲ့ Jeans ဘောင်းဘီ အဟောင်း တွေရှိရင် အသစ်တဖန် ပြန်လည်ဆန်းသစ်ပြီး အသုံးပြုလို့ ရနိုင်တယ်ဆိုတာ သိပါသလား ? Jeans ဘောင်းဘီအဟောင်းတွေကို သုံးပြီး ခေါင်းအုံးစွပ် ၊ ကော်ဖီအောက်ခံခွက် ကစလို့ အိတ် ၊ ဘောပင်ခွက် စသည်ဖြင့် နေ့စဉ်သုံး ပစ္စည်းလေးတွေ အများကြီး အသစ်တဖန် ပြန်ဖန်တီးလို့ ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Jeans ထည် အဟောင်းတွေနဲ့ အမိုက်စား ပစ္စည်းလေးတွေ ဖန်တီးနိုင်မယ့် DIY အိုင်ဒီယာတွေကို မျှဝေပေးပါမယ်။
(၁) ချိတ်ဆွဲ အိတ်ကပ်
Photo : Treehugger
Jeans ဘောင်းဘီ အိတ်ကပ်တွေကို ဖြုတ်ထုတ်ပြီး ဘောပင် ၊ ကားသော့ ၊ အိမ်သော့တို့လို အသေးအမွှား ပစ္စည်းလေးတွေ ထည့်လို့ရမယ့် ချိတ်ဆွဲ အိတ်ကပ်လေးတွေ ပြန်လည်ဖန်တီးလို့ ရပါတယ်။
(၂) ကြမ်းခင်းဖျာ
Photo : Treehugger
အိပ်ခန်း သို့မဟုတ် ဧည့်ခန်းမှာ အလှဆင်ဖို့ ကြမ်းခင်းဖျာ တစ်ချပ်ကို ဈေးကြီးပေး မဝယ်ပါနဲ့တော့။ ကွီးတို့ အိမ်မှာရှိတဲ့ Jeans ထည် အဟောင်းတွေကို ဖြတ်ညှပ်ဆက်ပြီး အထာကျကျ ခေတ်ဆန်တဲ့ ကြမ်းခင်းဖျာ တစ်ချပ်ဖန်တီးလို့ ရပါတယ်။
(၃) အပူခံ လက်အိတ်
Photo : Treehugger
အိမ်သူသက်ထား ချစ်ဇနီးမယားလေးကို မျက်နှာလုပ်ချင်တဲ့ ကွီးတို့အတွက် အိုင်ဒီယာလေးပါ။ Jeans ဘောင်းဘီ အဟောင်းတစ်ထည်နဲ့ မီးဖိုချောင်သုံး အပူခံ လက်အိတ်လေးတစ်လုံး ကွီးတို့ ကိုယ်တိုင် ပြုလုပ်လို့ ရပါတယ်။
(၄) ကော်ဖီခွက် အောက်ခံပြား
Photo : Scratch and Stitch
ကော်ဖီခွက် အောက်ခံပြားလေးတွေကတော့ အိမ်တစ်အိမ်မှာ မရှိမဖြစ်ပါပဲ။ ဧည့်သည်လာရင် ဧည့်ခံဖို့ပဲ ဖြစ်ဖြစ် ၊ အိမ်မှာ ကိုယ်တိုင်ပဲ သုံးသုံး ရိုးရှင်းပြီး အထာကျတဲ့ ကော်ဖီခွက် အောက်ခံပြားလေးတွေကို Jeans ထည် တွေနဲ့ ဖန်တီးနိုင်ပါတယ်။
(၅) စာအုပ်အဖုံး
Photo : Treehugger
ကွီးတို့ရဲ့ မှတ်စုစာအုပ်တွေ ဒါမှမဟုတ် ရုံးသုံးကျောင်းသုံး စာအုပ်တွေကို မပျက်စီးပဲ အချိန်ကြာကြီး သုံးချင်ရင်တော့ စာအုပ်အဖုံးလေး တပ်ထားဖို့ လိုပါမယ်။ ပုံမှန် ဖလင်တွေ ၊ ကတ်ထူတွေနဲ့ မဟုတ်ပဲ Jeans ဘောင်းဘီ အိတ်ကပ်ကိုသုံးပြီး အမိုက်စားစာအုပ်အဖုံးတစ်ခု ပြုလုပ်လိုက်ပါ။ စာအုပ်အဖုံးမှာ အိတ်ကပ်လေးပါပါတော့ ဘောပင်နဲ့ အခြားပစ္စည်းလေးတွေပါ အလွယ်တကူထည့်လို့ ရပါတယ်။
Source : Treehugger
Featured Photo : Treehugger