အင်္ဂလိပ် နာမည် တွေထဲမှာ ဂျွန်ဆိုတဲ့ နာမည်က အတော်လေး ယေဘုယျဆန်ပြီး လူသိများတဲ့ နာမည်တစ်ခုလို့ ဆိုနိုင်ပါတယ်။ John ဆိုတဲ့ နာမည်ဟာ Hebrew Yohanan ကနေ ဆင်းသက်လာပြီး “ဘုရားသခင်ရဲ့ချီးမွမ်းခံ” လို့ ဆိုပါတယ်။ လူနာမည်တွေမှာအပြင် John ဆိုတဲ့ နာမည်ဟာ Pop ၊ Rock ၊ Country နဲ့ R&B သီချင်းတွေမှာပါ ထည့်ဆိုတဲ့အထိ ကျော်ကြားကြပါတယ်။ ဒီလို ကျော်ကြားလှတဲ့ John နာမည်နဲ့ သီချင်းများထဲကနေ နာမည်ကြီးတဲ့ သီချင်း ၅ ပုဒ်အကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) “Dear John”

ဂရမ်မီဆုရှင် အမေရိကန် Country Pop အဆိုတော် တေလာဆွစ်ဖ်ဆိုထားတဲ့ သီချင်းပါ။ သူမအသက် ၁၉ နှစ်လောက်က တွဲခွဲတဲ့ အဆက်ဟောင်း ဂျွန်မေယာအကြောင်း ရေးထားတဲ့ သီချင်းဖြစ်ပြီး နောက်ခံဇာတ်လမ်းတွေရှိခဲ့လို့လည်း စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။ မေယာနဲ့ တေလာဆွစ်ဖ်တို့ဟာ မေယာရဲ့ တစ်ကိုယ်တော်ခွေ Half Of My Heart မှာ တွဲပြီး အလုပ်လုပ်ခဲ့သလို ၂၀၀၉-၂၀၁၀ တစ်နှစ်လောက် တွဲဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက တေလာက ၁၉ နှစ်ပဲ ရှိသေးပြီး မေယာက ၃၂ နှစ်ပါ။

(၂) “Johnny B.Goode”

၁၉၅၈ ခုနှစ်က Chuck Berry ရဲ့ ကိုယ်ရေးရာဇဝင် တစ်ပိုင်းသီချင်းပါ။ ဒီသီချင်းက ပထမဆုံး ရော့ခ်အင်ရိုးတွေထဲက စီးကူးမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ Johnny B.Goode သီချင်းက Billboard မဂ္ဂဇင်းရဲ့ Hot R&B Sides Chart မှာ နံပါတ် ၂ စွဲခဲ့သလို Hit 100 Chart မှာလည်း နံပါတ် ၈ ဖြစ်ခဲ့တဲ့ သီချင်းပါ။

(၃) “John Wayne”

လေဒီဂါဂါရဲ့ အောင်မြင်ကျော်ကြားလှတဲ့ သီချင်းတွေထဲကတစ်ပုဒ်ပါ။ ဂျွန်ဝိန်းဆိုတာ ငွေရောင်ပိတ်ကားထက်က ကောင်းဘွိုင်ဟီးရိုးရဲ့ နာမည်ဖြစ်ပါတယ်။ လေဒီဂါဂါရဲ့ John Wayne သီချင်း MTV နဲ့ အဝတ်အစားဖက်ရှင်ကလည်း အံ့မခမ်းပါပဲ။ ပေါ့ပ်ရော့ခ်သီချင်းအမျိုးအစား ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ထွက်ထားတဲ့ Joanne အယ်လ်ဘမ်မှာ ပါလာတာပါ။

(၄) “Johnny Angel”

 

Johnny Angel သီချင်းကို ရှယ်လီ ဖာဘရက်စ်က ၁၉၆၁ နှစ်ကုန်ပိုင်းမှာ သီဆိုခဲ့တာပါ။ ပေါ့ပ်သီချင်းအမျိုးအစား ဖြစ်ပြီး Johnny ဆိုတဲ့ ကောင်လေးကို ကြိတ်ခရပ်ချ်နေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါ။ ရင်ခုန်ကြည်နူးစရာ ချစ်ခြင်းအကြောင်းကို သီချင်းထဲမှာ နားဆင်ရမှာပါ။

(၅) “Big Bad John”

အမေရိကန် Country သီချင်းအဆိုတော် ဂျင်မီဒိန်းရဲ့ အကျော်ကြားဆုံးသီချင်းလို့ ပြောတဲ့ သီချင်းပါ။ Big Bad John သီချင်းက ၁၉၆၁ ခုနှစ်မှာ ဆိုခဲ့တာ ဖြစ်ပြီး Billboard Pop Chart ထဲမှာ နံပါတ်တစ် ဖြစ်ခဲ့သလို အချပ်ရေလည်း ၁ သန်းကျော်အထိ ရောင်းရလောက်အောင် ကျော်ကြားအောင်မြင်ခဲ့ပါတယ်။

Featured Photo: distractify