ကိုယ်အလေးချိန် ကျစေဖို့ ဖျော်ရည်တွေက ကူညီပေးနိုင်တယ်ဆိုတာ ယုံပါသလား။ သို့သော် အချို့သော ဖျော်ရည်များက သကြားဓာတ်များပြီး အမျှင်ဓာတ်နည်းသောကြောင့် ကယ်လိုရီစားသုံးမှုကို မြင့်တတ်စေနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ အထူးသဖြင့် သကြား၊ အရသာအတုများ၊ ကြာရှည်ခံပစ္စည်းများဖြင့် ပြုလုပ်ထားသော အသင့်ဖျော်ရည်များက‌လည်း ကွီးတို့ကို ကိုယ်အလေးချိန်ကျအောင် မကူညီပေးနိုင်ပါဘူး။ ကံကောင်းထောက်မစွာဖြင့် ကွီးတို့အိမ်မှာ ရိုးရှင်းသော သဘာဝပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ ကျန်းမာရေးနဲ့ ညီညွတ်သော ဖျော်ရည်များက အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ဆာလောင်မှုကို ထိန်းထားပေးနိုင်ပါတယ်။ ဒီလို ဆာလောင်မှုကို ထိန်းထားပေးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖျော်ရည်တွေကြောင့် ကိုယ်အလေးချိန် လျော့ကျနိုင်တာတော့ အမှန်ပါပဲ။ ဒီဆောင်းပါးလေးမှာ ကွီးတို့ကို One Pack ပြုတ်ပြီး ဆော်တွေကြည်ဖို့ ဘယ်လို Juice တွေ က ကူညီ ပေးနိုင်တယ်ဆိုတာ ကြည့်လိုက်ရအောင်။

ဖရဲသီးဖျော်ရည်

Juice ကူညီ

Photo : FirstCry Parenting

ကွီးတို့ကို ကိုယ်အလေးချိန်လျော့ချတဲ့ နေရာမှာ အထောက်အကူပြုစေမဲ့ ပထမဆုံး ဖော်ပြပေးချင်တဲ့ ဖျော်ရည်ကတော့ ကျွန်တော်တို့ဆီမှာ ပေါပေါများများနဲ့ အလွယ်တကူ ဝယ်လို့ရတဲ့ ဖရဲသီးဖျော်ရည် ဖြစ်ပါတယ်။ ဖရဲသီးဖျော်ရည်ဟာ ချိုမြိန်ပြီး လန်းဆန်းစေတဲ့အပြင် အာဟာရလည်း မြင့်မားပါတယ်။ ကယ်လိုရီနည်းပါးတဲ့အပြင် ဖရဲသီးမှာ ပိုတက်စီယမ်နှင့် ကိုယ်ခံအားကိုအထောက်အကူပြုသော Antioxidants ဗီတာမင် A နှင့် C တို့ ပါဝင်ပါတယ်။ ရေဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် ကိုယ်အလေးချိန်ကျဖို့ ကူညီပေးနိုင်ပြီး ဗိုက်ပြည့်စေပါတယ်။ ၄ ပတ်ကြာ လေ့လာမှုတစ်ခုအရ ဖရဲသီးဖျော်ရည် တစ်နေ့ကို ၃၀၀ ဂရမ် သောက်သုံးသူများက ခန္ဓာကိုယ်အလေးချိန်၊ ဗိုက်အဆီ၊ ဆာလောင်မှုတို့ သိသိသာသာ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

သံပယို-ဂျင်း အစိမ်းရောင် ဖျော်ရည်

Juice ကူညီ

Photo : Yellowchilis

ဒီဖျော်ရည်ကလည်း ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်အလေးချိန်ကျစေတဲ့ အရသာရှိတဲ့ ဖျော်ရည်ဖြစ်ပါတယ်။ လေ့လာမှုအချို့က ဂျင်းက ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးနိုင်ပြီး အစာစားချင်စိတ်ကို လျှော့ချပေးကာ ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ ထို့နောက် ဟင်းနုနွယ်ရွက် သို့မဟုတ် ကိုက်လန်ကဲ့သို့သော အစိမ်းရောင်အရွက်များကို ဖျော်ရည်တွင် ‌ရောစပ်လိုက်တဲ့အခါမှာ အမျှင်ဓာတ်ပါဝင်မှုများကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေကာ ဆာလောင်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ဖျော်စပ်ပုံကတော့ အခွံခွာထားသော ဂျင်းအတုံးသေးသေးလေးတစ်တုံး၊ လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် အနည်းငယ်နှင့် ဟင်းနုနယ်ရွက်အစိမ်း ၁ ခွက် (၃၀ ဂရမ်) ကို ဖျော်စက်ထဲတွင် ရောမွှေပြီး သောက်သုံးလို့ ရပါပြီ။ ဒီ Juice ကလည်း ကွီးတို့ကို One Pack ပြုတ်ဖို့ ကူညီ ပေးနိုင်ပါတယ်နော်။

မုန်လာဥနီဖျော်ရည်

Weight loss drink

Photo : Healthline

မုန်လာဥနီဖျော်ရည်ကလည်း အာဟာရ ပြည့်ဝသော ဖျော်ရည်ဖြစ်ပြီး ဗီတာမင် A နှင့် အခြားသော ကျန်းမာရေးနှင့်ညီညွတ်တဲ့ ကာရိုတီးနွိုက်များစွာ ပါဝင်တယ်။ ထို့အပြင်၊ မုန်လာဥနီတွင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များစွာတွင် တွေ့ရသော အပင်အရောင်ခြယ် ပစ္စည်းတစ်မျိုး ပါဝင်တယ်လို့ ဆိုပါတယ်။ အဝလွန်တဲ့ အမျိုးသား ၂၈ ဦး အပါအဝင် ၈ ပတ်ကြာ လေ့လာမှုတစ်ခုအရ မုန်လာဥနီ ဖျော်ရည်ကဲ့သို့သော ကာရိုတီးနွိုက် ကြွယ်ဝတဲ့ ဖျော်ရည်များကို နေ့စဉ်သောက်သုံးသူတွေဟာ ဗိုက်အဆီ သိသိသာသာ လျော့ကျသွားကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ Juice တွေက ကကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ကိုယ်အလေးချိန်ကို လျှော့ချနိုင်ဖို့ အတွက်လည်း ကူညီ ပေးနိုင်ပါတယ်။ ဒါကြောင့် ဖျော်ရတာလည်း လွယ်ကူတဲ့ အတွက် One Pack ဖြုတ်ဖို့ အခုပဲ ဖျော်သောက်လိုက်ရအောင်။

Source : Healthline

Featured Photo : Insider