ကိုယ်ခန္ဓာကျန်းမာဖို့ရန်အတွက် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ခေတ်မှီအားကစားကိရိယာပစ္စည်းများ မရှိလည်း လေ့ကျင့်ခန်းအများအပြားပြုလုပ်နိုင်ပါတယ်။ ကြိုးတစ်ချောင်းရှိရုံနဲ့တင် လေ့ကျင့်ခန်း အမျိုးအစား (၅) ခုခန့် ပြုလုပ်နိုင်ပါတယ်။

အားကစား လိုက်စားတဲ့ ယောကျာ်းများအတွက် ကြိုးတစ်ချောင်းတည်းဖြင့် ဘယ်လိုလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်မလဲဆိုတာကို ဝေမျှပေးလိုက်ရပါတယ်။

လေ့ကျင့်ခန်း (၁)

Jump Rope workout for men

Source: Fitnesslifeadvisor.com

ဒီလေ့ကျင့်ခန်းကတော့ အခြေခံအကျဆုံးကြိုးခုန်နည်းပဲဖြစ်ပါတယ်။ ကြိုးကို အရှေ့သို့ဦးတည်လွှဲပြီး ပုံမှန်အတိုင်း ခုန်ပေးရမှာဖြစ်ပါတယ်။ ကြာချိန်ကတော့ တစ်မိနစ်ပါ။

လေ့ကျင့်ခန်း (၂)

Source: Muscleandstrength.com

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် ကြိုးကို ခြေသလုံးအနောက်မှာ ထားထားပါ။ အရင်ဦးဆုံး အရှိန်ရအောင် ခုန်လိုက်ပါ။ အရှိန်ရလာပြီဆိုရင်တော့ ခြေထောက်ကို ဘယ်ရွေ့လိုက် ညာရွေ့လိုက်ဖြင့် တစ်လှည့်စီခုန်ပေးရပါမယ်။ တစ်မိနစ်ခန့် (သို့) မိမိ ပြုလုပ်နိုင်တဲ့ အကြိမ်အရေအတွက်ဖြင့် ခုန်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

Jump Rope workout for men

Source: Powerplanetonline.com

ဒီလေ့ကျင့်ခန်းကတော့ လေ့ကျင့်ခန်း (၁) နဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ ခြေထောက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ကြိုးကို အနောက်သို့ ဦးတည်ကာ ခုန်ပေးရမှာဖြစ်ပါတယ်။ သူ့ကိုလည်း တစ်မိနစ်ခန့် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

Jump Rope workout for men

ဒီလေ့ကျင့်ခန်းကတော့ ခြေထောက်တစ်ဖက်တည်းနဲ့ ခုန်ရမှာဖြစ်ပါတယ်။ ဘယ်ခြေကြွပြီး ခြေထောက်တစ်ဖက်တည်းနဲ့ ခုန်ပါ။ မိမိ သတ်မှတ်ချိန်ပြည့်ပါက အခြားခြေထောက်တစ်ဖက်ပြောင်းကာ သတ်မှတ်ချိန်အတိုင်း ဆက်ခုန်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

Jump Rope workout for men

Source: Buyjumpropes.net

ခြေထောက်အနေအထားကို ပုခုံးအကျယ်ထက် ခပ်ကျယ်ကျယ်လေး ချဲ့ထားလိုက်ပါ။ ထို့နောက် ကြိုးကို ခြေသလုံးအနောက်မှာထားပြီး ခုန်လိုက်ပါ။ ခြေထောက်ပြန်ချတဲ့အခါ ခြေထောက်နှစ်ဖက်ကို ဒုတိယပုံအတိုင်း လိမ်လိုက်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ပြန်ကားပါ။ ဒီလိုမျိုး တစ်လှည့်စီခုန်ပေးရမှာဖြစ်ပါတယ်။ ကြာချိန်ကတော့ တစ်မိနစ် (သို့) မိမိ ခုန်နိုင်သလောက် ခုန်ပေးရမှာဖြစ်ပါတယ်။

Source: Mensjournal.com

Featured Image Source: Men’s Health