Jungle Bird ကော့လ်တေး ရဲ့ ဇာတ်လမ်းအစက မလေးရှားနိုင်ငံ ၊ Hilton Kuala Lumpur မှာရှိတဲ့ Aviary Bar မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အချိန်အားဖြင့်တော့ ၁၉၇၈ ခုနှစ်ဝန်းကျင်လောက်ကပါ။

Photo : A Couple Cooks

Jungle Bird ကော့လ်တေးဟာ Rum ၊ Pineapple Juice ၊ Campari တို့နဲ့ ဖျော်စပ်ထားတဲ့ ချိုမြိန်ပြင်းရှ ဟန်ချက်ညီတဲ့အရသာ နွေရာသီ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ အရမ်းမပြင်း ၊ အရမ်းမပျော့ပဲ လန်းဆန်းသွားစေမယ့် ခံစားမှုမျိုး ပေးစွမ်းပါတယ်။ Jungle Bird ဆိုတဲ့အတိုင်း တောတွင်းငှက်ကျေးတစ်ကောင်ရဲ့ အတောင်ပံပုံစံ နာနတ်သီးရွက်နဲ့ အလှဆင်ထားပါတယ်။ ပြင်ဆင်ဖျော်စပ်ရလည်း အရမ်းလွယ်ကူပြီး အိမ်မှာကိုယ်တိုင် ဖျော်စပ်သောက်လို့ ရပါတယ်။

Jungle Bird ကော့လ်တေးမှာ အဓိကအားဖြင့် Dark Rum နဲ့ ဖျော်စပ်ရတာဖြစ်ပြီး Pineapple Juice ၊ Campari ၊ Lime Juice နဲ့ Simple Syrup တို့ ပါဝင်ပါတယ်။ ကဲဒါဆို Jungle Bird ကော့လ်တေး ဖျော်စပ်အနည်းအဆင့်ဆင့်ကို အောက်မှာ ဆက်ကြည့်ရအောင်ပါ။

Photo : A Couple Cooks

Dark Rum ၁ အောင်စခွဲ ၊ Pineapple Juice ၁ အောင်စခွဲ ၊ ချိုမြမြအရသာအတွက် Campari ၁ အောင်စခန့် ၊ Lime Juice အောင်စဝက် ၊ Simple Syrup အောင်စဝက် နဲ့ ရေခဲ တို့ကို ကော့လ်တေး Shaker ထဲရောထည့်ပြီး အေးစက်လာတဲ့အထိ ခပ်ပြင်းပြင်း ရှိတ်ပေးပါ။ ပြီးရင်တော့ ဖန်ခွက်ထဲကို ရှိတ်ထားတဲ့ Jungle Bird ကော့လ်တေးဖျော်ရည်လောင်းထည့်ပြီး နာနတ်သီးတစ်စိပ် ၊ နာနာတ်သီးရွက်နဲ့ ပူစီနံတို့ကို အလှဆင်ပြီး ချိုမြိန်ပြင်းရှတဲ့ Jungle Bird ကော့လ်တေးရဲ့ အရသာကို ခံစားနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Punch Drink