အမေရိကန် ရက်ပ်ပါ၊ တေးရေးဆရာ၊ ထုတ်လုပ်သူနှင့် ဖက်ရှင်ဒီဇိုင်နာ တစ်ဦးဖြစ်တဲ့ Kanye West ကို ကွီးတို့တော်တော်များများ သိကြမှာပါ။ Kanye West ကို ၁၉၇၇ ခုနှစ်၊ ဇွန် ၈ ရက်၊ အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ နာမည် အပြည့်အစုံကတော့ Kanye Omari West ပဲ ဖြစ်ပါတယ်။ Kanye West ဟာ ၂၀၀၀ ခုနှစ်အစောပိုင်းတွင် Roc-A-Fella Records အတွက် ထုတ်လုပ်သူအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး အနုပညာရှင်များစွာအတွက် Singles သီချင်းများကို ထုတ်လုပ်ခဲ့ပါတယ်။ Kanye West က ရက်ပ်ပါတစ်ဦးအဖြစ် တစ်ကိုယ်တော် အသက်မွေးဝမ်းကြောင်းပြုရန် ရည်ရွယ်ချက်ဖြင့် ၎င်းရဲ့ ပွဲဦးထွက်စတူဒီယို အယ်လ်ဘမ်ဖြစ်သော The College Dropout ကို ၂၀၀၄ ခုနှစ်တွင် ထုတ်‌ဝေခဲ့ပြီး အောင်မြင်မှု ရရှိခဲပါတယ်။ နောက်ပိုင်းတွင်လည်း Kanye West က အယ်လ်ဘမ်နဲ့ သီချင်းများ ကိုထုတ်ဝေကာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။

Kanye West သီချင်းများ

Photo :GQ

Kanye West ဟာ ကမ္ဘာ့အရောင်းရဆုံး တေးဂီတအနုပညာရှင်များထဲမှ တစ်ဦးဖြစ်ပြီး Records ပေါင်း သန်း ၁၆၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ Kanye West က ဂရမ်မီဆု ၂၂ ဆုနဲ့ ဆန်ကာတင် ၇၅ ဆု ဝင်ခဲ့ပါတယ်။ ဒါ့အပြင် အခြားဆုများအနေနဲ့ Billboard Artist Achievement Award၊ Best International Male Solo Artist အတွက် ပူးတွဲစံချိန်သုံးဆုနဲ့ Michael Jackson Video Vanguard ဆုတို့လည်း ရရှိခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ကွီးတို့ နားဆင်ခံစားနိုင်အောင် Kanye West ရဲ့ အကောင်းဆုံးသော သီချင်းများ ကိုဖော်ပြပေးချင်ပါတယ်။

(၁) Runaway

Source : Kanye West

ဒီသီချင်းလေးက ၂၀၁၀ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သီချင်းပါ။ Featuring ကို Pusha T က သီဆိုထားပြီး Hip Hip နဲ့ Rap အမျိုးအစားသီချင်းပဲ ဖြစ်ပါတယ်။

(၂) Flashing Lights

Source : Kanye West

နောက်ထပ် Kanye West ရဲ့ အမိုက်စား သီချင်းတစ်ပုဒ်ကတော့ Dwele က Featuring သီဆိုပေးထားတဲ့ Flashing Lights ပဲ ဖြစ်ပါတယ်။

(၃) Gold Digger

Source : Kanye West

ဒီသီချင်းကလည်း Kanye West ရဲ့ အကောင်းဆုံးသော သီချင်းများ ထဲက တစ်ပုဒ်ပါ။ ဒီသီချင်းမှာ Featuring ကို Jamie Foxx က သီဆိုပေးထားပါတယ်။

(၄) Power

Source : Kanye West

ဒီ Power ဆိုတဲ့ သီချင်းကောင်းလေးကိုတော့ ကွီးတို့တော်တော်များများ အကြိုက်တွေ့မှာပါ။ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့ပေမဲ့ အခုထိ မရိုးတဲ့ သီချင်းတစ်ပုဒ်ပါပဲ။

(၅) All of The Lights

Source : Kanye West

Rihanna နဲ့ Kid Cudi တို့ ပါဝင်ပြီး Featuring သီဆိုပေးထားတဲ့ ဒီသီချင်းကလည်း Kanye West ရဲ့ သီချင်းကောင်းထဲက တစ်ပုဒ်အပါအဝင်ပါပဲ။

(၆) Homecoming

Source : Kanye West

Kanye West ရဲ့ ဒီ Homecoming ဆိုတဲ့ သီချင်းကောင်းလေးကိုလည်း နားဆင် ခံစားကြည့်လိုက်ရအောင်။

(၇) Can’t Tell Me Nothing

Source : Kanye West

Can’t Tell Me Nothing က ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သီချင်းကောင်းလေး ဖြစ်ပါတယ်။ ထွက်ရှိခဲ့တာ ဆယ်စုနှစ် ကြာပြီဖြစ်ပေမဲ့ နားထောင်လို့ ကောင်းဆဲဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။

ကွီးတို့ရဲ့ အခုဖော်ပြပေးလိုက်တာကတော့ Kanye West ရဲ့ အကောင်းဆုံးသော သီချင်းများထဲက အချို့ပဲ ဖြစ်ပါတယ်။ Kanye West ရဲ့ အခြားသီချင်းကောင်းတွေ အများကြီးရှိပါသေးတယ်။ ကွီးတို့ရော ဘယ်သီချင်းကို အနှစ်သက်ဆုံးပါလဲ။

Featured Photo : Billboard