Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ဘက်ပေါင်းစုံကနေ သေချာ စဥ်းစားပြီး မော်ဒယ် မျိုးစုံကို လေ့လာပြီးတော့မှ ရွေး ချယ် ဝယ်ယူသင့်ပါတယ်။ အဓိက ထည့်သွင်း စဥ်းစားသင့်တဲ့ အကြောင်းအရာများကတော့ ကိုယ် သုံးမယ့် ငွေကြေး ပမာဏ၊ Operating Stystem က Apple လား၊ Windows လား Chrome OS လား စတာတွေကိုလည်း စဥ်းစားသင့်ပါတယ်။ ဒါ့အပြင် ကိုယ့် ဝယ်မယ့် လက်ပ်တော့က ဘယ်ဆိုဒ် ရှိသလဲ၊ ဒီအချက်တွေ အားလုံးကို စဥ်းစားပြီးတော့မှသာလျှင် Laptop အသစ် တစ်လုံးကို ရွေး ချယ် ဝယ်ယူသင့်ပါတယ်။
လက်ပ်တော့ မော်ဒယ်များ အများအပြားရှိတဲ့အနက် ဒီနှစ်ထဲမှာ လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံး မော်ဒယ် (၅) မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) Apple 13-inch MacBook Air M3
ပေါ့ပေါ့ပါးပါးနဲ့ ကျစ်ကျစ်လစ်လစ်လေးရှိတဲ့ Laptop တစ်လုံးကို ရွေး ချယ် ချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ သူ့ရဲ့ အလေးချိန်က ၂.၇ ပေါင်ပဲ လေးပါတယ်။ Display ကတော့ ၁၃.၆ လက်မ Liquid Retina အမျိုးအစားဖြစ်ပြီး CPU ကိုတော့ 8-core M3 ကို အသုံးပြုထားပါတယ်။ M3 က M2 ထက် ၂၀ ရာခိုင်နှုန်း ပိုမြန်ပြီး ပိုမို ပေါ့ပါးပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၉၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။
(၂) Dell XPS 13 Plus
သူ့ရဲ့ ဒီဇိုင်းကတော့ အမိုက်စားပဲဖြစ်ပါတယ်။ ပါးလျပြီး ကျစ်လစ်နေတဲ့ ဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။ Display က ၁၃.၄ လက်မ InfinityEdge ဖြစ်ပါတယ်။ CPU ကတော့ 13th-gen Intel Core ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၁၃၄၉ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။
(၃) ASUS ROG Zephyrus G14
သူ့ရဲ့ စခရင်မ် ဆိုဒ်ကတော့ ၁၄ လက်မ ရှိပါတယ်။ CPU ကတော့ AMD Ryzen 9 ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ဘက္ထရီကတော့ တစ်ခါ အားသွင်းပြီးရင် ၈ နာရီကြာ အသုံးခံပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၄၉၉ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။
(၄) Lenovo – 2022 – IdeaPad Flex 5i – 2-in-1 Chromebook Laptop
2-in-1 Chromebook Laptop လေးဖြစ်တဲ့အတွက်ကြောင့် FHD Touchscreen အသုံးပြုနိုင်ပါတယ်။ ဒီဇိုင်းကတော့ သိပ်မမိုက်ပေမယ့် စွမ်းဆောင်ရည်ကတော့ သြချရလောက်ပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၄၃၀ ဝန်းကျင်သာ ကုန်ကျမှာ ဖြစ်တာကြောင့် ဘတ်ဂျက် နည်းနည်းပဲ သုံးချင်တဲ့ ကွီးတို့အတွက် သင့်တော်ပါတယ်။
(၅) HP Pavilion Aero
သူ့ရဲ့ Display ကတော့ ၁၃.၃ လက်မ Micro-edge လေးပဲ ဖြစ်ပါတယ်။ CPU ကတော့ AMD Ryzen 5000 Series လေးဖြစ်ပြီး RAM က 16 GB ရှိပြီး အလေးချိန်ကတော့ ၂.၂ ပေါင်လောက်သာ လေးပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၈၀၀ ဝန်းကျင် ပေးဝယ်ရမှာ ဖြစ်ပါတယ်။
ကွီးတို့ရော ဘယ်လက်ပ်တော့ အမျိုးအစားကို ရွေးချယ် အသုံးပြုချင်ပါသလဲ။
Source: Engadget.com
Featured Image: Stuff