နေ့ရက်တိုင်းမှာ စတိုင်လ်အသစ်တွေ ဖက်ရှင်ရေစီးကြောင်း အသစ်တွေသည် အသစ် အသစ် အမြဲလိုလိုပေါ်ပေါက်နေတာဖြစ်ပါတယ်။ တက်တူးဒီဇိုင်းတွေသည်လည်း ထိုနည်းအတိုင်းပါပဲ။ တစ်လပြီး တစ်လ၊ တစ်နှစ်ပြီးတစ်နှစ် အသစ်အသစ်တွေ ထွက်ပေါ်နေတာပါ။
သင့်အနေနဲ့ ဖက်ရှင်ရေစီးကြောင်းဒီဇိုင်းကို စိတ်ဝင်စားတယ်၊ တက်တူးထိုးရတာလည်း ဝါသနာပါတယ်ဆိုရင်တော့ တက်တူးလောကကိုလည်း တစေ့တစောင်းလေ့လာထားဖို့ လိုအပ်ပါလိမ့်မယ်။
၂၀၂၁ တုန်းကလည်း အမျိုးသားတွေ အထိုးအများဆုံး တက်တူးဒီဇိုင်းတွေလည်းရှိသလို ၂၀၂၂ ကို ရောက်လာတဲ့အခါမှာလည်း တက်တူးဒီဇိုင်းအသစ်တွေ ထပ်မံပေါ်ထွက်လာပါတယ်။ ဒီနှစ်ထဲမှာ ဘယ်လိုတက်တူးဒီဇိုင်းတွေ ခေတ်စားလာမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။
စူးရှတဲ့ ကျားရဲတစ်ကောင်ရဲ့အကြည့်ကို 3D တုံးများအကြား ညှပ်ထားတဲ့အခါ
တကယ့်အသံကြားနေရသည့်အလား အသက်ဝင်နေတဲ့ ကျားရဲတစ်ကောင်ရဲ့ဟိန်းဟောက်သံ
နောက်ဆုံးပေါ် တက်တူးဒီဇိုင်း
ဒီတက်တူးလေးကိုရော သင် ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်ပါသလဲ
ရင်အုပ်ပေါ်မှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်း
နှင်းဆီပန်းပွင့်ကို နမ်းရှိုက်နေတဲ့ မိန်းမပျိုလေး
တောင်ပံပုံတက်တူးဒီဇိုင်း
ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ ဝံပုလွေတစ်ကောင်
နံရိုးတစ်လျှောက် ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်း
လက်မောင်းတစ်လျှောက်ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်း
ခြေသလုံးပေါ်မှာ ထိုးပါက တကယ့်အသက်ဝင်တဲ့တက်တူးဒီဇိုင်း
ညိုသကြီးတစ်လျှောက်မှာ ဒီဒီဇိုင်းလေးတွေကို ရေးထိုးနိုင်ပါတယ်
အသက်ဝင်လွန်းလှတဲ့ တက်တူဒီဇိုင်း
ခြင်္သေ့တက်တူးဒီဇိုင်း
အခုဖော်ပြသွားတဲ့ တက်တူးဒီဇိုင်းတွေထဲက သင် အကြိုက်ဆုံးတက်တူးဒီဇိုင်းက ဘယ်ဒီဇိုင်းဖြစ်မလဲ။
Source: Blog.newoldman.com.br
Featured Image: ManOfMany