Legion Y70 ဖုန်း ဟာ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားတဲ့ Lenovo ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Lenovo Legion Y70 ဟာ Legion Gaming Family ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့် ထိပ်တန်းစွမ်းဆောင်ရည်ပိုင်းကို လျော့ချမထားပဲ ပိုမိုရိုးရှင်းတဲ့ အလှတရားနဲ့ လာပါတယ်။

Photo : Head Topics

Legion Y70 ဖုန်းမှာ ၆.၆၇ လက်မ OLED ရဲ့ မျက်နှာပြင်ကို တပ်ဆင်ထားပြီး 144 Hz Refresh Rate နဲ့ 1500 Hz Touch Sampling Rate အထိ ထောက်ပံ့ပေးထားပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ အလယ်ဗဟိုမှာ ဆယ်လ်ဖီကင်မရာထည့်သွင်းမြုပ်နှံထားတဲ့ Punch Hole တစ်ခုပါရှိပြီး Lenovo ကုမ္ပဏီဘက်က Fingerprint Scanner တပ်ဆင်ထားတဲ့ နေရာနဲ့ ပတ်သတ်ပြီး ဘာမှမပြောထားပေမယ့် ပါဝါခလုတ်မှာ ထည့်သွင်းထားနိုင်တယ်လို့ ယူဆရပါတယ်။

Lenovo အနေနဲ့ Y70 ဖုန်းကို ပါးလွှာတဲ့ ဒီဇိုင်းဖန်တီးနိုင်ဖို့ မျက်နှာပြင်အောက်မှာရှိတဲ့ Fingerprint Sensor ကို ဖယ်ရှားထားပြီး ဖုန်းရဲ့အထူက ၇.၉၉ မီလီမီတာသာ ရှိပါတယ်။ ကုမ္ပဏီက ၀.၅၅ မီလီမီတာသာထူတဲ့ စျေးကွက်ထဲက အကြီးဆုံး VC နဲ့ Graphite Sheets တွေများစွာပါဝင်တဲ့ Cooling Solutions ၁၀ လွှာအထိ ထည့်သွင်းပေးထားပါတယ်။

The Snapdragon 8+ Gen 1 Chipset ဟာ Legion Y90 Gaming ဖုန်းရဲ့ Plus ဗားရှင်းမဟုတ်တဲ့ ပုံမှန်တိုးတက်မှုတစ်ခု ဖြစ်ပြီး UFS 3.1 Storage နဲ့ LPDDR5 RAM တွေပါရှိကာ Legion Y70 ဖုန်းအတွက် 8/128 GB ၊ 12/256 GB နဲ့ 16/512 GB ဆိုပြီး ရွေးချယ်စရာ ၃ မျိုး ပေးထားပါတယ်။

Photo : GSMArena.com

ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 50 MP နဲ့ 1/1.55” Sensor တွဲဖက်ထားတဲ့ Main ကင်မရာ ၁ လုံး ၊ Secondary အနေနဲ့ 120-Degree FoV နဲ့ 13 MP Ultra-Wide-Angle ကင်မရာကို တပ်ဆင်ပေးထားပြီး 2 MP Depth Sensor ကင်မရာလည်း ပါရှိပါတယ်။ ရှေ့ဘက်မှာတော့ 16 MP ဆယ်လ်ဖီကင်မရာ ၁ လုံး တပ်ဆင်ပေးထားပါတယ်။

Legion Y70 ဖုန်းရဲ့ ဘက်ထရီကတော့ 5,100 mAh ဖြစ်ပြီး 68W Fast Charging စနစ်ထောက်ပံ့ ပေးထားပါတယ်။ Lenovo ဟာ ဘက်ထရီကို အချိန်ကြာကြာ ကာကွယ်ပေးနိုင်တဲ့ အားသွင်းမှုပုံစံတွေနဲ့ ဘက်ထရီ Cell တွေရဲ့သက်တမ်းကို စစ်ဆေးနိုင်မယ့် လုပ်ဆောင်ချက်အသစ်တချို့ကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။ Legion Y70 ဖုန်းဟာ Android 12 အခြေခံပြု ZUI 14  ကိုအသုံးပြုထားတယ်လို့ ယူဆရပေမယ့် Lenovo ကုမ္ပဏီဘက်ကတော့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

Legion Y70 ဖုန်းဟာ Gaming Family ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက် အမိုက်စားဆက်စပ်ပစ္စည်းတွေလည်း တပ်ဆင်အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Lenovo ကတော့ လေအေးပေးစက်နဲ့ ခလုတ်တွေပါတဲ့ Asus ရဲ့ AeroActive ထုတ်ကုန်နဲ့ဆင်တူတဲ့ Cooling စနစ်ပါ ဖုန်းဗာကာကို မိတ်ဆက်သွားခဲ့ပါတယ်။

Photo : Aroged

Lenovo Legion Y70 ဖုန်း ကို တရုတ်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ အနက်ရောင် ၊ အဖြူရောင်နဲ့ အနီရောင်ဆိုပြီး အရောင် ၃ မျိုးနဲ့ ကြိုတင်အော်ဒါမှာယူမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဈေးအကြီးဆုံး ဗားရှင်းကိုသာ ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ Legion Y70 ဖုန်း ရဲ့ ဈေးနှုန်းကတော့ ယွမ် ၃,၂၉၉ ( ဒေါ်လာ ၄၈၅ / မြန်မာငွေ ၁၀ သိန်းဝန်းကျင်ခန့်) ကျသင့်မှာ ဖြစ်ပါတယ်။

Featured Photo : GSMArena.com