ဝမ်းပိုက်ကြွက်သားကို အပေါ်ပိုင်းကြွက်သားနှင့် အောက်ပိုင်းကြွက်သားဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။ ဝမ်းဗိုက်အပေါ်ပိုင်းကြွက်သားရော အောက်ပိုင်းကြွက်သား နှစ်ခုစလုံး ကျစ်လျစ်နေမှာ သင် လိုချင်တဲ့ Six-Pack ထွက်မှာဖြစ်ပါတယ်။

ဒီလို Six-Pack ထွက်ဖို့အတွက် တစ်ဆင့်ချင်းစီ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဝမ်းဗိုက်ရဲ့အောက်ပိုင်းကြွက်သားများ ကြီးထွားဖို့အတွက် အရင်လုပ်ဆောင်လိုက်ပါ။ ပြီးမှ ဝမ်းဗိုက်အပေါ်ပိုင်းကြွက်သားအတွက် တစ်ဆင့်တိုးကာ လေ့ကျင့်ခန်းပြုလုပ်ရပါမယ်။

ဝမ်းဗိုက် အောက်ပိုင်းကြွက်သားများ ကြီးထွားဖို့ရန်အတွက် ဘယ်လိုလေ့ကျင့်ခန်းများ ပြုလုပ်ရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

လေ့ကျင့်ခန်း (၁)

lower abs exercise for men

ကြမ်းပြင်ပေါ်တွင် လှဲလျောင်းပြီးနောက် လက်နှစ်ဖက်က ခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်တွင် ကားထားပါ။ ထို့နောက် ခြေထောက်နှစ်ချောင်းကို စုထားကာ အပေါ်ထောင်ထားပါ။ ပြီးရင်တော့ အင်္ဂလိပ်ဂဏန်း “8” ဆိုတာကို ခြေထောက်ဖြင့် လေထဲတွင် ဆွဲပေးရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ ခန့် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

 

lower abs exercise for men

ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ် ကြွထားပါ။ လက်နှစ်ဖက်က ကြမ်းပြင်ပေါ်တွင် ထောက်ထားပါ။ ဒူးကို အနည်းငယ်ကွေးညွှတ်ထားပါ။ ထို့နောက် ဒူးနှစ်ဖက်ကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ဒီလေ့ကျင့်ခန်းကို တစ်မိနစ်ခန့် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

lower abs exercise for men

လက်နှစ်ဖက်ကို ပုခုံးအောက်တွင် ထောက်ထားပါ။ ထို့နောက် ဘယ်ဒူးကို ညာတံတောင်ဖြင့် ထိကပ်ပေးလိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ ညာဒူးကို ဘယ်တံတောင်ဖြင့် ထိကပ်ပေးလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ဘယ် ညာ တစ်လှည့်စီကို တစ်မိနစ် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

lower abs exercise for men

ကြမ်းပြင်ပေါ်တွင် လှဲလျောင်းပြီးနောက် လက်နှစ်ဖက်က ခန္ဓာကိုယ် တစ်ဖက်တစ်ချက်စီတွင် ထားထားပါ။ ထို့နောက် ဒူးခေါင်းကို ၉၀ ဒီဂရီကွေးညွှတ်လိုက်ပါ။ ပြီးရင်တော့ ခြေထောက်နှစ်ဖက်က နာရီလက်တံပုံစံအတိုင်း စက်ဝိုင်းပုံ ပတ်ပေးလိုက်ပါ။ တစ်မိနစ်ခန့် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

lower abs exercise for men

ဒီလေ့ကျင့်ခန်းကတော့ စောစောက လေ့ကျင့်ခန်းနဲ့ အတူတူပါပဲ။ မတူတဲ့အချက်ကတော့ နာရီလက်တံပြောင်းပြန် ပတ်ပေးရမှာပါ။

လေ့ကျင့်ခန်း (၆)

lower abs exercise for men

ခန္ဓာကိုယ်ကို ဗွီပုံသဏ္ဍာန် အနည်းငယ် စောင်းထားပါ။ လက်နှစ်ဖက်က ထောက်ထားပါ။ ထို့နောက် ညာခြေကို ဘယ်ခြေအပေါ်လွှဲ၊ ဘယ်ခြေကို ညာခြေအပေါ်လွှဲပါ။ ဘယ် ညာ တစ်လှည့်စီကို တစ်မိနစ် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၇)

lower abs exercise for men

လက်နှစ်ဖက်က ဦးခေါင်းနောက်တွင် ထားထားပြီးနောက် ဒူးနှစ်ဖက်ကွေးကာ လှဲလျောင်းနေပါ။ ထို့နောက် ဘယ်ခြေထောက်ကို ညာဒူးပေါ်တွင် တင်ထားပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွပြီးနောက် ညာတံတောင်နှင့် ဘယ်ဒူးကို ထိကပ်ပေးလိုက်ပါ။ စက္ကန့် (၃၀) ပြုလုပ်ပြီးနောက်မှာတော့ ဘယ် ညာ ဘက်ပြောင်းပေးရပါမယ်။ နောက်ထပ် စက္ကန့် (၃၀) ထပ်မံပြုလုပ်ပေးလိုက်ပါ။

Source: Thetrendspotter.net