ဘတ်ဂျက်ချွေတာပြီး Luxury ဆန်တဲ့ ခရီး တစ်ခု ဖန်တီးချင်ပေမယ့် ဘယ်လိုဖန်တီးရမလဲဆိုတာ စဉ်းစားရကြပ်နေပါသလား။

ယနေ့ခေတ်မှာ ခရီးသွားဘလော်ဂါတွေကလည်း အများအပြား Review လုပ်ပေးတဲ့အပြင် ဘတ်ဂျက်နည်းနည်းနဲ့ ခရီးထွက်နိုင်မယ့် နည်းလမ်းကောင်းတွေကလည်း အများအပြားရှိပါတယ်။

အခုဖော်ပြပေးမယ့် နည်းလမ်းများကို တဆင့်ချင်းစီ လိုက်လုပ်ပြီး Luxury ဆန်တဲ့ ခရီးတစ်ခုဖန်တီးနိုင်ပါတယ်။

သုတေသန သေချာပြုလုပ်ပါ

Luxury ခရီး

ကိုယ် သွားမယ့်နေရာအကြောင်း သေချာစူးစမ်းလေ့လာထားဖို့လိုအပ်ပါမယ်။ ထိုနေရာတွေမှာ သွားလည်ရမယ့် နေရာတွေက ဘယ်နေရာဖြစ်မလဲ။ ဟိုတယ်တွေထဲမှာ ဘယ်ဟိုတယ်က ဈေးနှုန်းချိုချိုသာသာဖြင့် သက်သောင့်သက်သာ နေထိုင်လို့ရမလဲ စတဲ့အချက်များကို သေသေ ချာချာသုတေသန လုပ်ရမှာဖြစ်ပါတယ်။

သေသေချာချာအစီအစဉ် ချထားဖို့ကတော့ အဓိကသော့ချက်ပါပဲ

Luxury ခရီး

အချို့ကလည်း စီစဉ်ထားတဲ့ ခရီးတွေသည် ပျက်တတ်တာများတဲ့အတွက်ကြောင့် အစီအစဉ်မရှိဘဲ သွားချင်စိတ်ပေါ်လာမှ ဝုန်းဒိုင်းဖြင့် ခရီးဆောင်အိတ် ဆွဲကာ သွားလေ့ရှိပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ Luxury ဆန်တဲ့ ခရီးတစ်ခု သွားချင်တာဆိုရင်တော့ အစီအစဉ် သေချာရေးဆွဲထားဖို့လိုအပ်ပါလိမ့်မယ်။

နေရာရွေးချယ်တဲ့အခါ

Luxury ခရီး

လူသိများတဲ့ နေရာဖြစ်လေ ဈေးပိုကြီးလေပါပဲ။ သင့်အနေနဲ့ ဈေးသက်သက်သာသာနဲ့ Luxury ဆန်တဲ့ ခရီး မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ လှပပြီး လူသွားနည်းတဲ့နေရာမျိုးသို့ သွားရောက်လည်ပတ်နိုင်ပါတယ်။

သုံးစွဲမယ့် ငွေကြေးကို သေသေချာချာ ခွဲခြားထားပါ

Luxury ခရီး

သွားရောက်လည်ပတ်မယ့်ခရီး စရိတ်ကို မသွားခင်ကတည်းက သေသေချာချာ စီစစ်သွားပါ။ စားစရိတ်အတွက် ဘယ်လောက်သုံးမလဲ။ တည်းခိုစရိတ်အတွက် ဘယ်လောက်အသုံးပြုမလဲ၊ သွားရောက်လည်ပတ်စရိတ်အတွက် ဘယ်လောက်အသုံးပြုမလဲ စတာတွေကို သေသေချာချာစီမံခန့်ခွဲ ထားရပါမယ်။

ဈေးနှုန်းများကို သေချာနှိုင်းယှဉ်ပါ

Luxury ခရီး

ဒီဟိုတယ်ကတော့ ဒီလောက်ရှိတယ်။ ဟို ဟိုတယ်ကတော့ဖြင့် ဈေးနှုန်း ဘယ်လောက်ရှိသလဲ စတာတွေကို အသေးစိတ် သေချာ လေ့လာကာ ဈေးနှုန်းများကို နှိုင်းယှဉ်ပါ။ အချိန်ကုန်တာမှန်ပေမယ့် သင့်အတွက် အပိုဝင်ငွေတွေ မကုန်အောင် ကူညီပေးမှာဖြစ်ပါတယ်။

လျော့ဈေးချချိန်မှာ သွားပါ

travel tips for kwee

ခရီးသွားရာသီများ၊ ပိတ်ရက်များမှာ ဈေးချလေ့ ရှိကြပါတယ်။ ထိုရာသီမျိုးမှာ လူအများ ကြိတ်ကြိတ်တိုး ခရီးသွားကြပေမယ့် ဈေးကတော့ လျော့ဈေးအချိန်ဖြစ်တဲ့အတွက်ကြောင့် ဈေးပိုသက်သာပါလိမ့်မယ်။

ကြိုတင်ကာ ဘိုကင်ချိတ်ထားပါ

travel tips for kwee

ရထားလက်မှတ်၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်များ၊ တည်းခိုမယ့်အခန်းများ စတာတွေကို ရက်အနည်းငယ် ကြိုတင်ကာ ဘိုကင်ချိတ်ထားသင့်ပါတယ်။ တစ်ရက်၊ နှစ်ရက်လောက် နီးမှ ဝယ်ယူမယ်ဆိုရင် လက်မှတ်မရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ခရီးသွား ဘလော်ဂါများရဲ့ အကြံဉာဏ်များ ရယူပါ

travel tips for kwee

Photo: The Asia Collective

ခရီးသွား ဘလောဂါများသည် ဘယ်နေရာကိုတော့ဖြင့် သွားသင့်တယ်၊ ထိုနေရာကို ရောက်ရင် ဘယ်နေရာတွေကိုတော့ဖြင့် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တယ် စတာတွေကို ရီဗျူးပေးလေ့ရှိပါတယ်။ ထိုရီဗျူးများကို သေသေချာချာ ဖတ်ရှုကာ ဘလော်ဂါများရဲ့ အကြံဉာဏ်ကို သေသေချာချာအသုံးချသင့်ပါတယ်။

ဒါဆိုရင်တော့ ကွီးတို့အတွက် Luxury ဆန်ပြီး ပျော်ရွှင်ရတဲ့ ခရီး တစ်ခုကို ဖန်တီးပေးနိုင်မှာ အသေအချာပါပဲ။

Source: Traveltriangle

Featured Image: Lightfieldstudios