သင်သည် Luxury ပစ္စည်းတွေ အများအပြားရှိတဲ့အနက်မှ ကမ္ဘာ့ ဈေးအကြီးဆုံး Sneakers ဖိနပ်များကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို သင် နှစ်သက်ပါလိမ့်မယ်။

အရည်အသွေး အကောင်းဆုံးနှင့် Luxury ဆန်ပြီး ဈေးအကြီးဆုံး ဖြစ်တဲ့ Sneakers ဖိနပ်တံဆိပ်တွေက ဘာတွေဖြစ်မလဲ။ ဈေးနှုန်းက ဘယ်လောက်တောင် ရှိသလဲဆိုတာကို အခုပဲ ဖော်ပြပေးလိုက်ရပါတယ်။

Air Jordan III OG

most expensive sneakers in the world

ဒီဖိနပ်ကတော့ ဒေါ်လာ ၄၅၀၀ ပေးဝယ်ရပါလိမ့်မယ်။ ဘာ့ကြောင့် ဒီလောက်တောင် ဈေးကြီးရသလဲဆိုရင် Michael Jordan သည် Dominque Wilkins ကို အကောင်းစားရိုက်ချက်ဖြင့် အနိုင်ယူလိုက်တုန်းက စီးခဲ့တဲ့ ဖိနပ်တစ်ရံဖြစ်လို့ပါပဲ။ ထိုအချိန်ကစပြီး ထိုဖိနပ်အမျိုးအစားကို ပြန်လည်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Nike Foamposite One “Sole Collector”

most expensive sneakers in the world

ဖိနပ်အရောင်ကလည်း မိမိုက်နေပြီး စီးတဲ့အခါ သက်သောင့်သက်သာနဲ့ ပေါ့ပါးတဲ့အတွက်ကြောင့် လူကြိုက်များတဲ့ ဖိနပ်တစ်ရံဖြစ်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၆၀၀၀ ဖြစ်ပါတယ်။ ဒီဖိနပ်ကိုတော့ ၁၉၉၇ ခုနှစ်မှာ စတင်ဒီဇိုင်းထွင်ကာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Nike Dunk Low Pro SB Pigeon

most expensive sneakers in the world

ဒီဖိနပ်အမျိုးအစားကတော့ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၆၂၅၀ ကုန်ကျမှာဖြစ်ပါတယ်။ ဒီတစ်ဖက်သည် ၂၀၀၅ ခုနှစ်တုန်းက အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ထိုကဲ့သို့ အရေအတွက် ကန့်သတ်ထားတဲ့အတွက်ကြောင့် ဝယ်ယူသူများ အချင်းများခဲ့ရတဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ပါတယ်။

Nike Yeezy 2 Red October

most expensive sneakers in the world

သင့်အနေနဲ့ သင့်ရဲ့ Luxury ဆန်တဲ့ ဈေးအကြီးဆုံး Sneakers ဖိနပ်ကို အရောင်တောက်တောက်လေး ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီအနီရောင်ဖိနပ်လေးကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၇၅၀၀ ကုန်ကျမှာဖြစ်ပါတယ်။

Vlone x Nike Air Force 1 High

most expensive sneakers in the world

သင့်ရဲ့ဖိနပ်ကို ခြေမျက်စိ ဖုံးသွားသည်အထိ ဖိနပ်လည်ပင်းရှည်ရှည်လေးဖြင့် စီးချင်တယ်ဆိုရင်တော့ Vlone x Nike Air Force 1 High လေးကို ရွေးချယ်နိုင်ပါတယ်။ ဒီဖိနပ်လေးသည် ကမ္ဘာပေါ်မှာ အရံ ၂၀ ပဲ ထုတ်လုပ်ထားတာဖြစ်ပြီး ပါရီမြို့ရှိ လေလံပွဲမှာ အကုန်ရောင်းချပစ်လိုက်ပြီဖြစ်ပါတယ်။ တစ်ရံကို ဒေါ်လာ ၈၀၀၀ တန်ကြေးရှိပါတယ်။

Adidas NMS_R1 Friends and Family

most expensive sneakers in the world

ဒီဖိနပ်ကိုတော့ ဒေါ်လာ ၁၀၀၀၀ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ Adidas အမာခံပရိသတ်များ အကြိုက်တွေ့စေမယ့် ဖိနပ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ စီးရတာလည်း သက်သောင့်သက်သာရှိပြိး ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်မျိုးကို ပေးစွမ်းမှာဖြစ်ပါတယ်။

Nike Air Mag Back To The Future

most expensive sneakers in the world

ဒီဇိုင်းအားဖြင့် Luxury ဆန်ပြီး ကမ္ဘာ့ဈေးအကြီးဆုံး Sneakers စာရင်းထဲမှာတော့ Nike က အများဆုံး ပါဝင်ထားတာဖြစ်ပါတယ်။ ဒီဖိနပ်အမျိုးအစားကိုရော ဈေးနှုန်း ဘယ်လောက်လောက် ကုန်ကျမယ်လို့ ထင်ပါသလဲ။

ဒေါ်လာ ၁၄၅၀၀ ကုန်ကျမယ့် ဈေးအကြီးဆုံးဖိနပ်တစ်ရံပဲဖြစ်ပါတယ်။ ဒီဖိနပ်သည်လည်း ရှားပါးတဲ့ဖိနပ်တစ်ရံဖြစ်ပြီး နောက်ဆုံးတစ်ရံကိုတော့ လေလံပွဲမှာပဲ ဒေါ်လာ ၁၄၅၀၀ ဖြင့် ရောင်းချခဲ့တာဖြစ်ပါတယ်။

Air Jordan 4 Undefeated

Luxury ဈေးအကြီးဆုံး Sneakers

ဒီဖိနပ်ပိုင်ရှင်ကတော့ သူ့ရဲ့ဖိနပ်ကို eBay မှာ ဒေါ်လာ ၁၅၀၀၀ ဖြင့် ရောင်းချထားတာဖြစ်ပါတယ်။ Air Jordan ဖိနပ် စုဆောင်းသူများကတော့ ဒီဖိနပ်ကို အသည်းအသန် ဝယ်ယူကြမှာဖြစ်ပါတယ်။

Air Jordan 10 OVO

Luxury ဈေးအကြီးဆုံး Sneakers

အားကစားဖိနပ်လောကထဲမှာဆိုရင် Jordan ဖိနပ်တွေသည် ပေါ်ပြူလာအဖြစ်ဆုံးတံဆိပ်တစ်ခုဖြစ်ပါတယ်။ ဒီဖိနပ်လေးကတော့ ဒေါ်လာ ၂၀၀၀၀ ဖြင့် ဝယ်ူနိုင်တဲ့ ဖိနပ်တစ်ရံဖြစ်ပါတယ်။

Macklemore x Air Jordan 6

Luxury ဈေးအကြီးဆုံး Sneakers

ဖိနပ်အရောင်က ခပ်ဆန်းဆန်းလေးဖြင့် ဒီဇိုင်းမိမိုက်နေပြီး နာမည်ကြီးတံဆိပ်လို့ ဖော်ပြစရာမလိုလောက်အောင်ကို ကြည့်လိုက်ရုံနဲ့ သိသာနေတာဖြစ်ပါတယ်။ ဒီဖိနပ်ကိုတော့ ဒေါ်လာ ၂၅၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။

DJ Khaled x Air Jordan 3 ‘Greatful’

Luxury ဈေးအကြီးဆုံး Sneakers

ဒီဖိနပ်ကိုလည်း ဒေါ်လာ ၂၅၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။ DJ Khaled နဲ့ Air Jordan တို့ အတူတူ ပူးပေါင်းကာ ထုတ်လုပ်ထားတဲ့ဖိနပ်အမျိုးအစားဖြစ်ပါတယ်။

Eminem x Carhartt Air Jordan 4

Luxury ဈေးအကြီးဆုံး Sneakers

Eminem နဲ့ Air Jordan တို့ အတူတူ ပူးပေါင်းကာ ထုတ်လုပ်ထားတာဖြစ်ပြီး စုစုပေါင်း ၁၀ ရံသာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တစ်ရံရဲ့ဈေးနှုန်းဟာဆိုရင် ဒေါ်လာ ၃၀၀၀၀ တန်ကြေးရှိတာဖြစ်ပါတယ်။

Solid Gold OVO x Air Jordans

Luxury ဈေးအကြီးဆုံး Sneakers

ဒီဖိနပ်ကတော့ ရွှေဖြင့် ပြုလုပ်ထားတဲ့ Luxury ဖိနပ်တစ်မျိုးဖြစ်ပြီး ကမ္ဘာ့ ဈေးအကြီးဆုံး Sneakers ဖိနပ်တစ်ရံဆိုလည်း မမှားပါဘူး။ သူ့ရဲ့ဈေးနှုန်းကတော့ ၂ မီလီယံ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

သင်ရော အခုဖော်ပြသွားတဲ့ ဖိနပ်တွေထဲက ဘယ်ဖိနပ်ကို အကြိုက်နှစ်သက်ဆုံးဖြစ်မလဲ။

Source: Wealthygorilla

Featured Image: Thetrendspotter