လူသားတိုင်းသည် အဆင့်အတန်းမြင့်မြင့်နဲ့ နေထိုင်ရတဲ့ လူနေမှုဘဝကို နှစ်သက်ကြပြီး သူတို့ရဲ့ အိမ်ကြီးများကိုလည်း ဈေးအကြီးဆုံးဆိုတဲ့ Luxury အိမ်သုံးပစ္စည်း များနှင့် အလှဆင်ချင်ကြတာဖြစ်ပါတယ်။

ကွီးတို့လည်း ကိုယ့်ရဲ့ အိမ်ကို ဈေးအကြီးဆုံးသော Luxury အိမ်သုံးပစ္စည်း များနှင့် အလှဆင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပစ္စည်းများကို ဝယ်ယူနိုင်ပါတယ်။

နောက်ဆုံးပေါ် ရေချိုးကန်

expensive things to decorate your house

ဒီရေချိုးကန်ကတော့ စကျင်ကျောက်ဖြင့် ပြုလုပ်ထားတာဖြစ်ပြီး Classic ဆန်တဲ့ အငွေပအသက်ကို ခံစားရမှာဖြစ်ပါတယ်။ ရေချိုးကန်ရဲ့ ဘေးနားမှာ ရှန်ပိန်ထည့်ထားကာ အအေးခံထားလို့ရတဲ့နေရာလေး ထည့်သွင်းကာ ဒီဇိုင်းဖော်ထားတာဖြစ်လို့ ရေစိမ်နေရင်းနဲ့ ရှန်ပိန်ဖြစ်ဖြစ် ဝိုင်ဖြစ်ဖြစ် သောက်သုံးကာ ဇိမ်ခံနိုင်ပါတယ်။

ပန်းကန်ဆေးဘေစင်

expensive things to decorate your house

ပန်းကန်ဆေးဘေစင်ပဲ ဘာကြီးကြီးကျယ်ကျယ်တွေ လုပ်နေတော့မှာလဲဆိုပြီး တွေးနေပါလိမ့်မယ်။ ဒါပေမဲ့ဒီဘေစင်လေးကို မြင်ပြီးတဲ့နောက်မှာတော့ သင့်အတွေးတွေ လုံးဝ ပြောင်းလဲသွားပါလိမ့်မယ်။ ဒီဘေစင်တစ်ခုတည်းကိုပဲ ပန်းကန်ဆေးမယ်။ ဟင်းသီးဟင်းရွက်တွေ လှီးဖြတ်မယ်၊ သားငါးတွေ ဆေးကြောမယ် စသည်ဖြင့် တစ်ကန့်စီ ခွဲပေးထားတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့လည်း ညီညွှတ်ကာ အဆင့်အတန်းမြင့်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်အောင် ကူညီပေးပါတယ်။

မီးလင်းဖို

Luxury အိမ်သုံးပစ္စည်း

LED TV နဲ့ ဝမ်းဆက်တွဲထားတဲ့ ဒီမီးလင်းဖိုကတော့ ဒေါ်လာ ၁၁၉၉၉ တန်ပါတယ်။ ဒီပစ္စည်းကတော့ ချမ်းအေးတဲ့နေရာဒေသများအတွက် အသင့်တော်ဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။

အိမ်တွင်း ဥယျာဉ်ငယ်

Luxury အိမ်သုံးပစ္စည်း

ဟင်းချက်တဲ့အတွက် အသုံးတည့်မယ့် ဆေးဖက်ဝင်အရွက်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးချင်ပေမယ့် မြေနေရာမရှိလို့ စိတ်ညစ်နေပါသလား။ သင့်ရဲ့မီးဖိုချောင်ကို အခုလိုလေး ပြောင်းလဲကာ စိုက်ပျိုးနိုင်ပါတယ်။ သဘာဝအစားထိုး နေရောင်ခြည် ထည့်သွင်းထားတဲ့အတွက်ကြောင့် သင့်ရဲ့ အိမ်တွင်းအပင်များ နေရောင်ခြည်မရမှာ ပူစရာမလိုတော့ပါဘူး။

ကမ္ဘာ့အလှဆုံး မီးဆိုင်း

Luxury အိမ်သုံးပစ္စည်း

ဒီမီးဆိုင်းကတော့ ဖန် သီးသန့်ဖြင့် ပြုလုပ်ထားတဲ့ ကြည်လင်နေတဲ့ မီးဆိုင်းလေးပဖြစ်ပါတယ်။ ဒီ ဒီဇိုင်းကို ရေးဆွဲဖို့ရန်အတွက် အချိန် သုံးလ ယူခဲ့ရတယ်လို့လည်း ဒီဇိုင်းပညာရှင်က ပြောကြားခဲ့ပါတယ်။ သင့်ရဲ့ အိမ်ကို ခမ်းနား ကြီးကျယ်လှပချင်တယ်ဆိုရင်တော့ ဒီလိုမျိုး လှပတဲ့ မီးဆိုင်းများ အသုံးပြုကာ အလှဆင်နိုင်ပါတယ်။

သင်ရော သင့်ရဲ့ အိမ်ကို ခမ်းနားကြီးကျယ်လှပအောင်လို့ ဘယ်လိုမျိုး Luxury အိမ်သုံးပစ္စည်း များနှင့် အလှဆင်ထားပါသလဲ။

Source: Houseandhome

Featured Image: Pinterest