အားကစား လုပ်သူတွေအတွက် ရေစိုခံ / ချွေးစိုခံတဲ့ နားကြပ် ကောင်းကောင်း တစ်ခုတော့ လိုအပ်ပါတယ်။ မိုးဖွဲဖွဲရွာတဲ့ နေ့တွေမှာ အပြေးလေ့ကျင့်ခန်းလုပ်ခြင်း ၊ ရေကူးခြင်းစတဲ့ အားကစားနည်းတွေအတွက် အသုံးပြုမယ်ဆိုပါက ကွီးတို့ရဲ့ နားကြပ်တွေဟာ အကြမ်းခံပြီး ရေစိုခံတဲ့ နားကြပ်တွေ ဖြစ်ဖို့ လိုပါတယ်။ ရေစိုခံနားကြပ်တွေ ဝယ်မယ်ဆိုရင် Ingress Protection(IP) အဆင့်သတ်မှတ်ချက်ကို သိထားရပါမယ်။ IPX အဆင့်သတ်မှတ်ချက်က စက်ပစ္စည်းဟာ ရေကို ဘယ်လောက်အတိုင်းအတာအထိ ကာကွယ်နိုင်ကြောင်း ဆုံးဖြတ်ပေးပါတယ်။ အသံကွာလတီလည်း ကောင်းရမယ် ၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ နားကြပ်က ချွေးစို/ရေစို နေတယ်ဆိုရင်တောင် နားကြပ်ကို ဖြုတ်လိုက်ဖို့ မလိုအပ်တဲ့ အကောင်းဆုံး Waterproof Headphones မျိုးရှာနေတယ်ဆိုရင်တော့ အခုပြောပြမယ့် ရေစိုခံ နားကြပ် တွေထဲက ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

(၁) EDYELL C5M Wireless Headphone


Photo : Siachen Studios

EDYELL C5M ကြိုးမဲ့ နားကြပ်က Touch Controls တွေပါရှိတဲ့ IPX7 ရေစိုခံနားကြပ် အမျိုးအစား ဖြစ်ပါတယ်။ Bluetooth 5.0 ပါရှိတာကြောင့် လျင်မြန်တဲ့ ချိတ်ဆက်မှုနဲ့ ပိုပြီး Stable ဖြစ်ပါတယ်။ USB-C Fast Charging အားသွင်းစနစ်ကို အသုံးပြုထားပြီး နာရီ ၈၀ ကြာအသုံး ပြုနိုင်တာကြောင့် အားကစားသမားတွေ အကြိုက်တွေ့စေမယ့် ရေစိုခံ နားကြပ်ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်ကတော့ ဒေါ်လာ ၃၀ ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။

(၂) H2O Audio Surge+


Photo : Siachen Studios

H2O Audio Surge+ နားကြပ်က IPX8 အဆင့်သတ်မှတ်ထားတဲ့ ချွေးစိုခံ/ ရေစိုခံ နားကြပ်တစ်ခု ဖြစ်ပါတယ်။ အရွယ်အစား ဆိုဒ်အနေအထားအရ နားအတွင်းမှာ အံဝင်ခွင်ကျဖြစ်စေပြီး သေသပ်လှပတဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာတဲ့ နားကြပ် ဖြစ်ပါတယ်။ ပရီမီယံ Bass အသံကို ပေးစွမ်းနိုင်တဲ့ Dynamic စပီကာများပါရှိပြီး ရေမျက်နှာပြင်အောက် ၁၂ ပေ အထိ ရေစိမ် ခံနိုင်ပါတယ်။ H2O Audio Surge+ နားကြပ်က ကမ်းခြေသွားသူတွေ ၊ ရေကူးအားကစားသမားတွေအတွက် အကောင်းဆုံး ရေစိုခံ နားကြပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ Warranty ၁ နှစ်ပါရှိပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၃) Sony NW-WS413LM

Photo : Siachen Studios

ဒီနှစ်ထဲမှာ ရွေးချယ်ဝယ်သင့်တဲ့ အကောင်းဆုံး ရေစိုခံ နားကြပ်တွေထဲမှာ Sony ကထုတ်တဲ့ Sony NW-WS413LM နားကြပ်လည်း တစ်ခုအပါအဝင်ပါပဲ။ Digital Devices တော်တော်များများကို ပျက်စီးစေတဲ့ ဆားငံရေ ( ပင်လယ်ရေ) အောက်မှာပင် ၂ မီတာအထိ နာရီဝက်ကြာအောင် ရေစိမ်ခံနိုင်ပါတယ်။ IP65/IP68 အဆင့် သတ်မှတ်ချက်ပါရှိပြီး စိတ်ဝင်စားစရာ အကောင်းဆုံး Feature တစ်ခုကတော့ အပူချိန် -5 ဒီဂရီစင်တီဂရိတ် ကနေ အမြင့်ဆုံးအပူချိန် 45 ဒီဂရီစင်တီဂရိတ်အထိ အထူးပြုလုပ်ပေးထားတာကြောင့် ရေကူးချိန်မှာ အသုံးပြုလို့ အကောင်းဆုံး ရေစိုခံ နားကြပ်တစ်ခု ဖြစ်ပါတယ်။ Battery Life ၁၂ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၅၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၄) Finis Duo


Photo : Siachen Studios

Finis Duo က IPX8 အဆင့်သတ်မှတ်ချက်ပါရှိတဲ့ ရေစိုခံ နားကြပ် အမျိုးအစား ဖြစ်ပါတယ်။ MP3 နဲ့ WMA အသံဖိုင်တွေ ပံ့ပိုးပေးပြီး iTunes နဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။ ရေထဲ နစ်မြုပ်နေချိန်မှာပင် ကြည်လင်ပြတ်သားတဲ့ အသံကို ထုတ်လွှတ်ပေးနိုင်တဲ့ အလန်းစား နားကြပ်တစ်ခု ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်း သေသပ်လှပပြီး နားကြပ်ပေါ်ကနေပဲ တစ်ခါတည်း အသုံးပြုလို့ရမယ့် Play / Pause Button တွေလည်း ပါရှိပါတယ်။ Battery Life အနေနဲ့က ၇ နာရီကြာအသုံးပြုနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ၁၁၆ ဒေါ်လာ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၅) APEKX Bluetooth Waterproof Headphone


Photo : Siachen Studios

APEKX က IPX7 အဆင့်သတ်မှတ်ချက်ပါရှိတဲ့ အကောင်းဆုံး ရေစိုခံ/ချွေးစိုခံ Bluetooth နားကြပ်တစ်ခု ဖြစ်ပါတယ်။ 5.1 EDR နည်းပညာကိုအသုံးပြုထားပြီး Devices တွေနဲ့ ပိုမိုမြန်ဆန်တဲ့ ချိတ်ဆက်မှုတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Battery Life က တစ်ခါ အားသွင်းပြီးရင် ၄ နာရီဝန်းကျင်အသုံးပြုနိုင်မှာ ဖြစ်ပြီး သီချင်းဖွင့်တာ ၊ ဖုန်းခေါ်ဆိုတာတွေကို လွယ်ကူစွာအသုံးပြုနိုင်မယ့် Touch Control Feature တွေပါရှိပါတယ်။ Warranty ၁ နှစ်ပါရှိပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃၀ ကျော်ဝန်းကျင်သာ ကျသင့်မှာဖြစ်ပါတယ်။

Featured Photo : Siachen Studios